လိမ်လည်သူတွေက Remote Access Software တွေကို အသုံးပြုပြီး သင့်ရဲ့ ဖုန်း၊ ကွန်ပျူတာ၊ ဒါမှမဟုတ် အကောင့်များကို ထိန်းချုပ်ခွင့်ရယူပြီး အချက်အလက်များကို ခိုးယူတဲ့ နည်းလမ်းတွေကို အသုံးပြုလာကြပါတယ်။
၁. အတည်ပြုမထားသော Website များ၊ Apps များ ဒေါင်းလုဒ်မလုပ်ပါနဲ့။ တရားဝင် Google Play Store, App Store, App Gallery များမှသာ ဒေါင်းလုဒ် ပြုလုပ်ပါ။
၂. “Customer Service,” “Tech Support” ဟု အကူအညီပေးမည်ဆိုကာ အယောင်ဆောင်လိမ်လည်သူတွေဟာ သင့်ဖုန်းကို တိုက်ရိုက်ထိန်းချုပ်ဖို့ Screen Sharing ပြုလုပ်ပေးဖို့တောင်းလာနိုင်ပါတယ်။ ဘယ်သောအခါမှ မျှဝေခြင်းမပြုပါနဲ့။
၃. အယောင်ဆောင်လိမ်လည်သူတွေဟာ ဘဏ်အကောင့်လုံခြုံရေးအတွက် (သို့) ဝန်ဆောင်မှုအဆင့်မြှင့်တင်ရန်အတွက် အစရှိတဲ့ ခေါင်းစဉ်အမျိုးမျိုးတွေနဲ့ အယောင်ဆောင်ကာ ဖုန်းခေါ်ဆိုတတ်ပါတယ်။ ဖုန်းခေါ်ဆိုသူကို အတည်ပြုဖို့အတွက် တရားဝင်နံပါတ်တွေ ဟုတ် မဟုတ်ကို စစ်ဆေးအတည်ပြုပါ။
ဒီအချက်တွေကို သတိထားလိုက်နာဆောင်ရွက်မယ်ဆိုရင် ငွေကြေးဆုံးရှုံးနိုင်ခြေ ကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





