E-commerce Payment Gateway (EPG)
E-commerce Payment Gateway (EPG)
E-commerce Payment Gateway (EPG)
E-commerce Payment Gateway (EPG) သည် E-commerce website & application များမှ တစ်ဆင့် ဈေးဝယ်သူ၏ ငွေပေးချေမှုများအတွက် Digital Payment တစ်ခုအနေဖြင့် MPU ကတ် နှင့် WavePay Application ကို အသုံးပြုကာ လွယ်ကူမြန်ဆန်စွာ ငွေပေးချေမှုလက်ခံခြင်းများ ဆောင်ရွက်နိုင်သည့် Payment Solution အမျိုးအစားဖြစ်ပါသည်။
သင့်လုပ်ငန်းအတွက် အကောင်းဆုံး ငွေပေးချေမှု စနစ်ကို ရွေးချယ်လိုက်ပါ
အားသာချက်များ


E-commerce Payment များကို လွယ်ကူစွာ လက်ခံနိုင်ခြင်း
MPU ကတ်များ (သို့မဟုတ်) WavePay App အသုံးပြုငွေပေးချေမှုကို လွယ်ကူစွာ ဆောင်ရွက်နိုင်စေပါသည်။

Transaction များကို လွယ်ကူစွာ စစ်ဆေးနိုင်ခြင်း
Merchant များအနေဖြင့် E-commerce Payment Gateway Merchant Portal မှတစ်ဆင့် Transaction များကို စစ်ဆေး၍ ပိုမို ထိရောက်သော ထိန်းချုပ်မှုရယူနိုင်ပါသည်။
E-commerce Merchant လျှောက်ထားရန် လိုအပ်ချက်များ
- Merchant စာချုပ်နှင့် NDA – (Non-Disclosure Agreement) နှင့် Merchant Contract တို့ကို လက်မှတ်ရေးထိုး စာချုပ် ချုပ်ဆိုရန်။
- စာရင်းရှင်းလင်းမည့် အကောင့် – Yoma Bank Flexi Everyday Account တစ်ခု ဖွင့်လှစ်ရန်။
- အကောင့်ဖွင့်ရန် စာရွက်စာတမ်းများ – မိမိ၏ စီးပွားရေးလုပ်ငန်း အမျိုးအစားအလိုက် (Personal / SME / Corporate) လိုအပ်သော မှတ်ပုံတင် သို့မဟုတ် လုပ်ငန်းအတည်ပြု စာရွက်စာတမ်းများ တင်ပြရန်။
- KYM စိစစ်ခြင်း – Know Your Merchant (KYM) သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ လုပ်ငန်းလိုင်စင်များ တင်ပြရန် (ဥပမာ – ကုမ္ပဏီလိုင်စင်၊ စီးပွားရေးလုပ်ငန်းလိုင်စင် သို့မဟုတ် RCDC လိုင်စင်)။
- Website – စီးပွားရေးလုပ်ငန်းသုံး Website (သို့မဟုတ်) Application ရှိရပါမည်။
- Onboarding ဖောင် – လိုအပ်သော Merchant Onboarding Form များကို ပြည့်စုံစွာ ဖြည့်စွက်ရန်။

Ecommerce Payment Gateway (EPG) အတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

- သက်ဆိုင်ရာ Merchant ၏ Yoma Bank Flexi Everyday Account ထဲသို့ Merchant Settlement ပြုလုပ်ပေးခြင်း။
- Yoma Bank Flexi Everyday Account အတွင်းမှ ငွေသားများကို ကန့်သတ်ချက်မရှိ ထုတ်ယူနိုင်ခြင်း။
- Merchant Support Team မှ လိုအပ်သော ၀န်ဆောင်မှုများပေးခြင်း။
- Transaction များကြည့်ရှုပြီး Report များရယူနိုင်သော E-commerce Payment Gateway Portal ကို အခကြေးငွေပေးစရာမလိုပဲ ရယူနိုင်ခြင်း။
E-commerce Payment Gateway
မေးလေ့ရှိသော မေးခွန်းများ

E-commerce Payment Gateway တွင် MPU Card ငွေပေးချေမှုများအတွက် Transaction တစ်ကြောင်းလျှင် အများဆုံး သိန်း (၅၀) အထိ သတ်မှတ်ထားပါသည်။
E-commerce Payment Gateway Merchant ဖြစ်လာစေရန် Merchant တွင် Website (သို့မဟုတ်) Application ရှိရန်လိုအပ်ပါသည်။ Business Team မှ လိုအပ်သော process အဆင့်ဆင့်ကိုရှင်းပြပေးပါမည်။ လိုအပ်သော Integration များလုပ်ဆောင်ရန် Merchant တွင် Software Developer Team ရှိရန်လိုအပ်ပါသည်။
Ecommerce service ရယူရန် Merchant Contract (စာချုပ်) ချုပ်ရန် လိုအပ်ပါသည်။
Merchant မှ ပေးဆောင်ရမည့် MDR% ကို Sale Person မှ ရှင်းပြပေးပါမည်(စာချုပ်တွင်လည်း ဖော်ပြပေးထားပါမည်)။
Merchant Onboarding Form တွင် လိုအပ်သောအချက်အလက်များကို ဖြည့်ရပါမည်။
Yoma Bank Flexi Everyday Account ဖွင့်ရန်လိုအပ်ပါသည်။ Personal (or) Coporate ပေါ်မူတည်ပြီး လိုအပ်သောစာရွက်စာတမ်းများကို တောင်းခံပါလိမ့်မည်။
Merchant Onboarding ပြုလုပ်ပြီး E-commerce Payment Gateway Service အဆင်သင့်ဖြစ်လျှင် Merchant ထံသို့ မည်သို့အသုံးပြုနိုင်မည်ကို Training လာရောက်ပေးပါမည်။
E-commerce Payment Gateway service ကို အသုံးပြုရန် Merchant အနေနှင့် အဆင်သင့်ဖြစ်သည်အထိ Team မှ ဝန်ဆောင်မှုပေးပါမည်။
E-commerce Payment Gateway Merchant Portal တွင် Transaction များကိုလည်း မည်သည့်ကုန်ကျစရိတ်မျှမရှိပဲ ကြည့်ရှုပြီး Report များရယူနိုင်ပါသည်။
Ecommerce Payment Gateway တွင် ရောင်းချမှုများပြုလုပ်အပြီး နောက်တစ်ရက်(T+1)တွင် Merchant ၏ Yoma Bank Flexi Everyday Account အတွင်းသို့ ကျသင့်သော MDR % နှုတ်ပြီး အသားတင်ပမာဏကို ထည့်ပေးပါမည်။
Merchant သည် Yoma Mobile Banking, Yoma Bank Next App ကိုအသုံးပြုပြီး Settlement Amount အား စစ်ဆေးနိုင်ပါသည်။
Merchant များအနေဖြင့် Yoma Bank Flexi Everyday Account အတွင်းရှိ ငွေကို နီးစပ်ရာဘဏ်ခွဲတွင် အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါသည်။
(မှတ်ချက်။ ။ T+1 ပြုလုပ်ပေးသော Settlement များအတွက် Business Working Day (ရုံးဖွင့်ရက်) များတွင်သာ Settlement ပြုလုပ်ပြီး Saturday, Sunday နှင့် Public Holiday များတွင် Settlement ပြုလုပ်မပေးပါ။ ထိုသို့ပိတ်ရက်များအတွက် နောက်တစ်နေ့ရုံးဖွင့်ရက်တွင် ပိတ်ရက်များအတွက်ပါပေါင်းပြီး Settlement ပြုလုပ်ပေးပါမည်။)
Merchant သည် E-commerce Payment Gateway Merchant Portal မှ တစ်ဆင့် Transaction များကို စစ်ဆေးကြည့်ရှုနိုင်ပါသည်။
Merchant အတွက် အခက်အခဲများကြုံတွေ့လာရပါက အကူအညီပေးရန် Merchant Support Team အနေနှင့် ရုံးချိန်အတွင်း ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
24/7 အတွက် Yoma Customer Care Center သို့လည်း ဆက်သွယ်နိုင်ပါသည်။ Yoma Bank Facebook Page Messenger တွင်လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Fees & Charges
အောက်ပါလင့်ခ်တွင် ပါရှိသော အချက်အလက်များသည် ရိုးမဘဏ်လီမိတက်မှ ပေးအပ်သော ဝန်ဆောင်မှု အမျိုးမျိုးအတွက် အခကြေးငွေများနှင့် ပတ်သက်၍ သုံးစွဲသူ၏ ရည်ညွှန်းချက် ဖြစ်သည်

ပို့ကုန်ဝန်ဆောင်မှုများ
ရိုးမဘဏ်၏ အတွေ့အကြုံရင့် နိုင်ငံတကာကုန်သွယ်ရေးချေးငွေဝန်ဆောင်မှုအဖွဲ့မှ ချေးငွေထုတ်ပေးမှု၊ စာရွက်စာတမ်းဝန်ဆောင်မှုနှင့် ဘဏ္ဍာရေးဆိုင်ရာ

သွင်းကုန်ဝန်ဆောင်မှုများ
ရိုးမဘဏ်၏ အတွေ့အကြုံရင့် နိုင်ငံတကာကုန်သွယ်ရေး ချေးငွေဝန်ဆောင်မှုအဖွဲ့မှ ချေးငွေထုတ်ပေးမှု၊ စာရွက်စာတမ်းဝန်ဆောင်မှု နှင့် ဘဏ္ဍာရေးဆိုင်ရာ အတိုင်ပင်ခံ ဝန်ဆောင်မှုများကို လူကြီးမင်း၏ နိုင်ငံတကာသွင်းကုန်


BizSpace Portal
Payroll Portal
Supply Chain Financing