menu
ယွမ် - ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှု
ယွမ် - ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှု
ယွမ် - ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှု
ယွမ် - ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှု

ယွမ် - ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှု

မြန်မာ - တရုတ် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်း ပြုလုပ်နေကြသည့် လုပ်ငန်းရှင်များ ပိုမိုအဆင်ပြေ လွယ်ကူစေရန် ရိုးမဘဏ်၏ ယွမ် - ကျပ် ငွေပေးချေခြင်း ၀န်ဆောင်မှုကို ရိုးမဘဏ် ပင်မဘဏ်ခွဲနှင့် မူဆယ်ဘဏ်ခွဲတွင် ရယူနိုင်ပါပြီ။ 

ရရှိမည့် လုပ်ငန်းအမျိုးအစားများမှာ
  • နိုင်ငံခြားငွေ (တရုတ်ယွမ်) ဘဏ်စာရင်း ဖွင့်လှစ်နိုင်ခြင်း 
  • ချက်လက်မှတ်စာအုပ်ရယူနိုင်ခြင်း
  • Telegraphic Transfer (TT) ဖြင့် တရုတ်နိုင်ငံရှိ မည်သည့်ဘဏ်နှင့်မဆို မိမိ၏ ရိုးမဘဏ် ယွမ်ငွေဘဏ်စာရင်းမှ ငွေလွှဲ၊ ငွေပို့ပြုလုပ်နိုင်ခြင်း 
  • Letter of Credit (LC), Document of Acceptance (DA), Document against Payment (DP) စသည့် နယ်စပ်ကုန်သွယ်ရေးဆိုင်ရာ ၀န်ဆောင်မှုများ ရယူနိုင်ခြင်း 
  • ရိုးမဘဏ် ယွမ်ငွေဘဏ်စာရင်း အချင်းချင်း တိုက်ရိုက် လွှဲပြောင်းနိုင်ခြင်း 
  • နေ့စဉ် ငွေလွှဲနှုန်းပေါ် မူတည်၍ မြန်မာ‌ကျပ်ငွေ ထုတ်ယူနိုင်ခြင်း တို့ဖြစ်ပါသည်။ 


အကျိုးခံစားခွင့်များ 

  • စာရင်းမှ မြန်မာငွေကျပ် ထုတ်ယူရန်အတွက် လုပ်ဆောင်ခ ပေးစရာမလိုပါ။
  • ရိုးမဘဏ် ချက်လက်မှတ်စာအုပ် - ငွေသားကိုင်ဆောင်ရန် မလိုဘဲ အလွယ်တကူငွေထုတ်ယူနိုင်ပြီး ငွေပေးချေမှုများကိုလည်း တိုက်ရိုက်ပြုလုပ်နိုင်ပါသည်။ 
  • လစဉ် ဘဏ်စာရင်းရှင်းတမ်း - နေ့စဉ် အသုံးစရိတ်နှင့် အပ်ငွေစာရင်းတို့အတွက် စာရင်းရှင်းတမ်းအသေးစိတ်ကို ရယူနိုင်ပါသည်။ 
  • ရိုးမဘဏ် ယွမ်ငွေဘဏ်စာရင်း အချင်းချင်းတိုက်ရိုက်လွှဲပြောင်းလိုပါက လုပ်ဆောင်ချက်တစ်ကြောင်းလျှင် ၃၀ ယွမ် ကောက်ခံပါမည်။ (လွှဲပြောင်းနိုင်သည့် ငွေပမာဏ သတ်မှတ်ထားခြင်းမရှိပါ) 


လျှောက်ထားရန် လိုအပ်ချက်များ 

Business Customer  
  • ကုမ္ပဏီရှိ လုပ်ပိုင်ခွင့်အပ်နှင်းခံထားရသော ပုဂ္ဂိုလ်၏ မှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ် 
  • နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူဖြစ်ပါက သက်တမ်းရှိသေးသော စီးပွားရေးဗီဇာ စာမျက်နှာ 
  • ကုမ္ပဏီ၏ ဥက္ကဋ္ဌ သို့မဟုတ် အမှုဆောင်ဒါရိုက်တာ၏ လက်မှတ်နှင့်တံဆိပ်တုံးပါရှိသော ကုမ္ပဏီခေါင်းစီးနှင့် လျှောက်လွှာ 
  • သွင်းကုန်/ပို့ကုန် လိုင်စင် (သွင်းကုန်/ပို့ကုန် ကုမ္ပဏီဖြစ်ပါက) 
  • ဘုတ်အဖွဲ့ဒါရိုက်တာများ၏ အစည်းအဝေးမှတ်တမ်းနှင့် အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ၏ စာရင်းတွင်ပါရှိသော ၇၅%ထက်ပိုသည့် လူပုဂ္ဂိုလ်များ၏ လက်မှတ်များနှင့် ကုမ္ပဏီခေါင်းစီးပါရှိရမည်။) 
  • ကုမ္ပဏီမှတ်ပုံတင်လက်မှတ် 
  • သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းများ
  • မြန်မာကုန်သည်ကြီးများအသင်း၀င်မှတ်တမ်း (လိုအပ်ပါက) 
  • တရား၀င်ကိုယ်စားလှယ်လွှဲစာ၊ ပြေစာနှင့် အရောင်းအ၀ယ်စာချုပ် (ကိုယ်စားလှယ်ပါ၀င်ပါက) 
  • ဘဏ်စာရင်းဖွင့်လှစ်မှု - ကျပ် ၁၀,၀၀၀ 
  • ကနဦးအပ်နှံငွေ (လက်ရှိတွင် ကင်းလွတ်ခွင့်ပေးထားပါသည်)

မှတ်ချက် ယွမ် - ကျပ် နယ်စပ်ကုန်သွယ်ရေး ငွေပေးချေခြင်း ၀န်ဆောင်မှုကို တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် Business Customer များသာ ရယူနိုင်ပါသည်။