စာရင်းသေအပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
စာရင်းသေအပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
စာရင်းသေအပ်ငွေစာရင်း အကြောင်း
Fixed Deposit (စာရင်းသေအပ်ငွေစာရင်း)သည် ၈.၅% အထိအတိုးနှုန်းပေးအပ်ထားသောကြောင့် မိမိစုဆောင်းငွေကို လုံခြုံစွာသိမ်းဆည်းရင်း တိုးပွားစေမည့် စာရင်းအမျိုးအစားဖြစ်ပါသည်။
 မိသားစုများ၊ ကျောင်းသား/သူများနှင့် အငြိမ်းစားယူထားသူများအတွက် သင့်တော်ပါသည်။
စာရင်းသေအပ်ငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


မြင့်မားသော အတိုးနှုန်း
အများဆုံး ၈.၅% အထိ နှစ်စဉ်အတိုးနှုန်း ပေးအပ်ထားပါသည်။

အချိန်မရွေး ငွေအပ်နှံနိုင်ခြင်း
မိမိစိတ်တိုင်းကျ အချိန်မရွေး ငွေအပ်နှံပြီး မြင့်မားသောအတိုးနှုန်းကို ရရှိခံစားနိုင်ပါသည်။

အတိုးကြိုတင်ထုတ်ပေးခြင်း
အပ်ငွေစာရင်းဖွင့်သည့်အချိန်တွင် အတိုးကြိုတင်ထုတ်ယူနိုင်ပါသည်။

အွန်လိုင်းမှ အကောင့်ဖွင့်နိုင်ခြင်း
ဘဏ်ခွဲသို့သွားစရာမလိုပဲ Yoma Bank Next Mobile Application မှတစ်ဆင့် လွယ်ကူစွာ အကောင့်ဖွင့်လှစ်နိုင်ပါသည်။

ကိုယ်ပိုင်ငွေစုစီမံကိန်း သတ်မှတ်နိုင်ခြင်း
မိမိရည်မှန်းထားသလောက် သက်တမ်းတစ်လမှ တစ်နှစ်အထိရွေးချယ်၍ ကိုယ်ပိုင်ငွေစုစီမံကိန်း သတ်မှတ်နိုင်ပါသည်။
လစဉ်အတိုး တွက်ချက်နည်း
အတိုးနှုန်းကို အပ်ငွေပမာဏနှင့် အပ်နှံသည့် ကာလတို့အပေါ် မူတည်၍ တွက်ချက်ပါသည်။
အကောင့်ဖွင့်ရန်
- ကနဦးအပ်နှံငွေကို ၅၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
 - အနည်းဆုံး လက်ကျန်ငွေပမာဏ သတ်မှတ်မထားပါ။
 - အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမည်။
 - နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
 
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်
 - သက်ငယ်အကောင့် (အသက် ၁၈ နှစ် မပြည့်သေးသူများအတွက် မိဘအုပ်ထိန်းသူမှ ဖွင့်ပေးနိုင်ပါသည်။)
 - ပူးတွဲအကောင့်
 

Interest Calculator
%
စာရင်းသေအပ်ငွေစာရင်း အတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

| အပ်နှံသည့်ကာလ | နှစ်စဉ်အတိုးနှုန်း | 
| ၃၀ ရက် | ၇.၅၀ % | 
| ၆၀ ရက် | ၇.၅၀ % | 
| ၉၀ ရက် | ၈.၂၅ % | 
| ၁၈၀ ရက် | ၈.၃၅ % | 
| ၂၇၀ ရက် | ၈.၄၅ % | 
| ၃၆၅ ရက် | ၈.၅၀ % | 
စာရင်းသေအပ်ငွေစာရင်း အကြောင်း
မေးလေ့ရှိသော မေးခွန်းများ

စာရင်းသေအပ်ငွေစာရင်းမှ သက်တမ်းမပြည့်မီ ငွေထုတ်ယူလိုပါက တောင်းဆိုနိုင်ပါသည်။ သို့သော် စုဆောင်းထားသောအတိုးနှုန်းကို ရယူခွင့်မရှိဘဲ အပ်ငွေမူလပမာဏသာ ရရှိနိုင်ပါမည်။ စာရင်းဖွင့်စဉ် အတိုးငွေကြိုတင်ထုတ်ယူခြင်း (Upfront Interest Payout) ကိုရွေးချယ်ထားပါက စာရင်းသေအပ်ငွေစာရင်း ကို ပယ်ဖျက်ရန်မဖြစ်နိုင်ပါ။
သက်တမ်းပြည့်သည့်အခါ လူကြီးမင်းရွေးချယ်ထားသည့် ငွေထုတ် (Payout) အကောင့်တွင် အပ်ငွေမူလပမာဏနှင့် စုဆောင်းထားသည့် အတိုးနှုန်းများရရှိပါမည်။ အလိုအလျောက်သက်တမ်းတိုးခြင်း (Automatic Renewal) လုပ်ဆောင်မှုကိုပါရွေးချယ်ထားပါက လူကြီးမင်း၏အပ်ငွေမူလပမာဏနှင့် အတိုးနှုန်းများ သတ်မှတ်ထားသည့်ရွေးချယ်မှုများအတိုင်း အလိုအလျောက်သက်တမ်းတိုးသွားမည်ဖြစ်ပါသည်။
ရှိပြီးသား စာရင်းသေအပ်ငွေစာရင်း ထဲသို့ ငွေထပ်မံထည့်သွင်းရန် မဖြစ်နိုင်ပါ။ ထပ်မံရင်းနှီးမြှုပ်နှံလိုပါက အကောင့်အသစ်ဖွင့်ရန် လိုအပ်ပါသည်။
အပြစ်ဒဏ်များ မရှိပါ။ သို့သော် စုဆောင်းထားသော အတိုးနှုန်းကို ရယူခွင့်မရှိဘဲ အပ်ငွေမူလပမာဏသာ ရရှိနိုင်ပါမည်။ စာရင်းဖွင့်စဉ် အတိုးငွေကြိုတင်ထုတ်ယူခြင်း (Upfront Interest Payout) ကိုရွေးချယ်ထားပါက Fixed Deposit အကောင့်ကို သက်တမ်းမပြည့်ခင် ဖျက်လိုက်ရန် မဖြစ်နိုင်ပါ။
စာရင်းသေအပ်ငွေစာရင်း အကောင့်ဖွင့်စဉ် အတိုးငွေကြိုတင်ထုတ်ယူခြင်း (Upfront Interest Payout) ကိုရွေးချယ်ထားသူများသည် သက်တမ်းမပြည့်ခင် ဖျက်လိုက်ရန်အခွင့်မရှိပါ။
သင်နှင့်ကိုက်ညီသော စာရင်းအမျိုးအစားကို ရွေးချယ်ပါ။
အခြားစာရင်းအမျိုးအစားများနှင့် နှိုင်းယှဉ်ကြည့်ရှုပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Flexi ခေါ်ယူအပ်ငွေစာရင်း

 


 BizSpace Portal
 SMART Credit Business Portal
 Payroll Portal
 Supply Chain Financing
 HP Dealer Portal