“စုပွားရယူ Flexi Everyday နှင့်အတူ”

News & Activities > Events & Activities

“စုပွားရယူ Flexi Everyday နှင့်အတူ”

News & Activities > Events & Activities

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအခွင့်အရေးအစီအစဉ်

30 August 2024လှုပ်ရှားမှုများ

“စုပွားရယူ” အထူးအခွင့်အရေးအစီအစဉ်သည် ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူ customer များအတွက် စုငွေတိုးပွားလာစေရန်နှင့် ရိုးမဘဏ်၏ လွယ်ကူလျင်မြန်ပြီးစိတ်ချရသော ဘဏ်ဝန်ဆောင်မှုများကို တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့သော အစီအစဉ်တစ်ခုဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်၊ မေလ၊ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ (၃၁) ရက်နေ့အထိ (၃) လ တိုင်တိုင် ကျင်းပခဲ့သော “စုပွားရယူ Flexi Everyday နှင့်အတူ” အစီအစဉ်သည် ရိုးမဘဏ် Flexi Everyday အကောင့်ရှိသူတိုင်းပါဝင်နိုင်သော အစီအစဉ်ဖြစ်ပါသည်။ Flexi Everyday အကောင့်သည် စာရင်းရှင်စာရင်း အမျိုးအစားဖြစ်ပြီး Yoma Bank Mobile Banking Application နှင့်ချိတ်ဆက်အသုံးပြုနိုင်သလို ကတ်ပါရရှိအသုံးပြုနိုင်ပါသည်။

ပါဝင်သူများသည် ၎င်းတို့၏ Flexi Everyday အကောင့်တွင် ငွေကျပ် (၁) သိန်း အနည်းဆုံးထားရန်လိုအပ်ပြီး ငွေကျပ် (၁) သိန်းနှင့်အထက်ရှိသော နေ့ရက်တိုင်းအတွက် လက်မှတ်တစ်စောင်စီရရှိခဲ့ကြသည်။ ရိုးမဘဏ်သည် ပါဝင်သူများ၏ Flexi Everyday အကောင့်တွင်ရှိသော ပျမ်းမျှပမာဏ၏ (၁) ဆ၊ (၂) ဆ နှင့် (၅) ဆ ငွေသားဆုအသီးသီး ကံထူးနိုင်မည့်အထူးအခွင့်အရေးကို အဆိုပါအစီအစဉ်မှတစ်ဆင့် ယူဆောင်ခဲ့ပြီး ကံထူးရှင်များကိုလည်း တစ်လတစ်ကြိမ် ကြေညာခဲ့ပါသည်။

Yoma Bank Mobile Banking Application ကိုအသုံးပြုပြီး ရိုးမဘဏ် စာရင်းအချင်းချင်း ငွေလွှဲ၍ဖြစ်စေ၊ ရိုးမဘဏ် ဘဏ်ခွဲများတွင် ကိုယ်တိုင် ငွေသားလာရောက်အပ်နှံ၍ ဖြစ်စေ သတ်မှတ်ထားသည့် Flexi Everyday အပ်ငွေစာရင်းသို့ ငွေအပ်နှံ၍ဖြစ်စေ၊ CBM Net အသုံးပြု၍ အခြားမည်သည့် ဘဏ်များမှမဆို ရိုးမဘဏ် Flexi Everyday အပ်ငွေစာရင်း သို့ လွှဲ၍ဖြစ်စေ “စုပွားရယူ” အထူးအစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအစီအစဉ်၏ အကျိုးခံစားခွင့်များ

Flexi Everyday အကောင့်ရှိ ပျမ်းမျှငွေပမာဏ (End of Day Balance) ကို တွက်ချက်ကာ ပမာဏသတ်မှတ်ချက်များအလိုက် စုငွေပမာထက် (၁) ဆ၊ (၂) ဆ နှင့် (၅) ဆ ရှိသော ဆုငွေများပါဝင်သည်။

ပျှမ်းမျှငွေပမာဏ (End of Day Balance)ဆပွားဆုငွေ
ငွေကျပ် (၁၀၀,၀၀၀) မှ (၂၉၉,၉၉၉) ကျပ်အထိ(၁) ဆ
ငွေကျပ် (၃၀၀,၀၀၀) မှ (၄,၉၉၉,၉၉၉) ကျပ်အထိ(၂) ဆ
ငွေကျပ် (၅,၀၀၀,၀၀၀) နှင့်အထက်(၅) ဆ

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအစီအစဉ်တွင် ပါဝင်သူများ

၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ (၃၁) ရက်နေ့အထိ (၃) လ တိုင်တိုင် ကျင်းပခဲ့သော “စုပွားရယူ Flexi Everyday နှင့်အတူ” အစီအစဉ်တွင် သိန်းပေါင်းများစွာသော Flexi Everyday အကောင့်အသုံးပြုသူများ ပါဝင်ခဲ့ကြသည်။ ပမာဏသတ်မှတ်ချက်များအလိုက် အကျုံးဝင်သူများအနက်မှ (၁) ဆ ကံထူးရှင် (၅၀) ဦး၊ (၂) ဆ ကံထူးရှင် (၁၀) ဦးနှင့် (၅) ဆ ကံထူးရှင် (၁) ဦး အသီးသီးကို လစဉ်ရွေးချယ်ပေးခဲ့ရာ ဆုအသီးသီးအတွက် စုစုပေါင်းကံထူးရှင် (၁၈၃) ဦးတို့ကို ရွေးချယ်ကြေညာပေးခဲ့ပါသည်။

ရိုးမဘဏ်က အထူးကျေးဇူးတင်ရှိပါကြောင်း

“စုပွားရယူ Flexi Everyday နှင့်အတူ” အထူးအစီအစဉ်တွင် ပါဝင်ခဲ့ကြသူ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းကို ရိုးမဘဏ်က အထူးကျေးဇူးတင်ရှိပါသည်။ အထူးအစီအစဉ်မှတစ်ဆင့် ရိုးမဘဏ်၏ Flexi Everyday အကောင့်ကို အသုံးပြုကာ ငွေအပ်နှံခြင်းအပါအဝင် အခြားသောငွေကြေးစီမံခန့်ခွဲမှုများကို လုပ်ဆောင် ခဲ့သည့်အတွက် ရိုးမဘဏ်၏သာလွန်ကောင်းမွန်သော ဘဏ်ဝန်ဆောင်မှုများကို တွေ့ကြုံခံစား နိုင်မည်ဖြစ်ကြောင်း ယုံကြည်ပါသည်။

ရှေ့လျှောက်တွင်လည်း ရိုးမဘဏ်၏အထူးအစီအစဉ်များတွင် ပါဝင်နိုင်စေရန် ရိုးမဘဏ်၏ တရားဝင် Facebook စာမျက်နှာနှင့် ရိုးမဘဏ် Website တွင် ဝင်ရောက် ကြည့်ရှုဖို့ တိုက်တွန်းအပ်ပါသည်။

Share this news on

Other Related News

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

စိတ်ချယုံကြည်ရတဲ့ ကာကွယ်မှုနဲ့အတူ ရေရှည်တိုးတက်အောင်မြင်မဲ့ အနာဂတ်ကို အတူတည်ဆောက်လိုက်ကြရအောင်ပါ။
စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။