Pathein Talk Show Content 

News & Activities > Press news

Pathein Talk Show Content 

News & Activities > Press news

Pathein Talk Show

25 October 2023လှုပ်ရှားမှုများ

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ စတုတ္ထမြောက် ဟောပြောပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် ပုသိမ်မြို့၊ ပတ္တမြားခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစတွင် “𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်၏ Program Director ဖြစ်သူ ဦးစိုးဟိန်းမှ အစီအစဉ်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး အမေးအဖြေအစီအစဉ်များ ပြုလုပ်ခဲ့ပါသည်။ ထို့နောက် ဆရာဦးကောင်းဟိန်းစိုးကလည်း MSMEs နှင့် Startup လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 𝗳𝗼𝗿 𝗠𝗦𝗠𝗘𝘀” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပေးခဲ့ပါသည်။

အဆိုပါ ဆွေးနွေးဟောပြောမှုများအပြီးမှာတော့ ရိုးမဘဏ်၏ SME Banking ဌာနမှ Regional Sales Capabilities Manager ဖြစ်သူ မရွှေယမင်းဦးမှ ရိုးမဘဏ်၏ ဘဏ်ဝန်ဆောင်မှုများအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။
ထို့နောက် Networking အစီအစဉ်များ ပြုလုပ်ပေးခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်ရဲ့ စတုတ္ထမြောက် ဟောပြောပွဲကို ကြွရောက်ဟောပြောပေးပါသော ဆရာဦးကောင်းဟိန်းစိုး၊ ဆရာဦးစိုးဟိန်းနှင့်တကွ ပွဲသို့ တက်ရောက်ပေးပါသော တာဝန်ရှိလူကြီးမင်းများ၊ ရိုးမဘဏ်မှ သက်ဆိုင်ရာတာဝန်ရှိလူကြီးမင်းများနှင့် မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။

“𝗚𝗿𝗼𝘄 𝗧𝗼𝗴𝗲𝘁𝗵𝗲𝗿 𝗕𝗶𝘇𝗣𝗶𝘁𝗰𝗵” အစီအစဉ်တွင် MSMEs လုပ်ငန်းများနှင့် Startup လုပ်ငန်းများ အနေဖြင့် အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အတွင်း ပါဝင်လျှောက်ထားနိုင်မှာဖြစ်ပြီး အစီအစဉ်အသေးစိတ်ကိုတော့ ဖော်ပြပါလင့်ခ် (ymbank.co/bizpitch) မှာလေ့လာနိုင်ပါသည်။

Share this news on

Other Related News

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

𝐆𝐫𝐨𝐰 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐥𝐲. 𝐏𝐫𝐨𝐭𝐞𝐜𝐭 𝐂𝐨𝐧𝐟𝐢𝐝𝐞𝐧𝐭𝐥𝐲.

စိတ်ချယုံကြည်ရတဲ့ ကာကွယ်မှုနဲ့အတူ ရေရှည်တိုးတက်အောင်မြင်မဲ့ အနာဂတ်ကို အတူတည်ဆောက်လိုက်ကြရအောင်ပါ။
စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။