Proximity Finance သည် ရိုးမဘဏ်မှရရှိသောချေးငွေ ၅ ဘီလီယံကျပ်ဖြင့် ကျေးလက်ဘဏ္ဍာရေးပိုမိုအားကောင်းလာစေရန် ဆောင်ရွက်
1 Min Read
မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်နေ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သော အိမ်ထောင်စုပေါင်း ၁၂,၈၀၀ ခန့်သည် ၎င်းတို့၏ လူမှုဘဝအခြေအနေတိုးတက်စေရန်အတွက် အတိုးနှုန်းသက်သာသည့် ချေးငွေကို ရရှိမည်ဖြစ်သည်
မြန်မာ၊ ရန်ကုန်မြို့ – ဇူလိုင်လ ၂၂ ရက်၊ ၂၀၁၉ခုနှစ် – Proximity Finance သည် မြန်မာနိုင်ငံရှိ တစ်နိုင်တစ်ပိုင် စပါးစိုက်တောင်သူများသို့ ချေးငွေထုတ်ချေးသည့် အသေးစားချေးငွေလုပ်ငန်း တိုးချဲ့လုပ်ကိုင်နိုင်ရန် အထောက်အကူဖြစ်စေသည့် ကျပ်ငွေငါးဘီလျံတန်ဖိုးရှိဘဏ္ဍာငွေထောက်ပံ့ရေး သဘောတူညီချက်စာချုပ်ကို back-to-back စနစ်ဖြင့် ရိုးမဘဏ်နှင့် ချုပ်ဆိုခဲ့သည်။ ရိုးမဘဏ်၏ ဘဏ္ဍာငွေထောက်ပံ့မှုသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသော အိမ်ထောင်စု ၁၂,၈၀၀ ခန့်ထံသို့ အတိုးနည်းချေးငွေ အဖြစ် ရောက်ရှိသွားမည်ဖြစ်သည်။ Proximity Finance သည် မြန်မာနိုင်ငံရှိ အကြီးဆုံးသော ”အသေးစားချေးငွေလုပ်ငန်း”များ ထဲမှ တစ်ခုဖြစ်ပြီး အသင်းသားပေါင်း ၁၀၀,၀၀၀ ကျော်ခန့်ကို ဝန်ဆောင်မှုပေးပြီးဖြစ်ကာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့် ရင်းနှီးမြှုပ်နှံမှုရှိသော လုပ်ငန်းတစ်ခုဖြစ်သည်။
ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ အကြီးဆုံးသောဘဏ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်ပြီး နိုင်ငံတစ်ဝန်းတွင် ဘဏ်ခွဲပေါင်း ၈၀ ဖွင့်လှစ်ထားကာ ဝန်ထမ်းပေါင်း ၃,၀၀၀ ကျော်နှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည်။ ရိုးမဘဏ်သည် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် Proximity Finance အား back-to-back ပုံစံဖြင့် ချေးငွေထုတ်ပေးခြင်းကို ပထမဆုံး စတင်ပေးအပ်ခဲ့ပြီး ထိုအချိန်မှစတင်၍ ပြည်တွင်းရှိ အသေးစားချေးငွေလုပ်ငန်းများအား ပြည်တွင်းငွေကြေးဖြင့် ချေးငွေထုတ်ပေးသော ဘဏ်အဖြစ် ဈေးကွက်တွင်း ဦးဆောင်သူတစ်ဦးဖြစ်လာခဲ့သည်။“ရိုးမဘဏ်အနေနဲ့ မြန်မာနိုင်ငံကျေးလက်ဘဏ္ဍာရေးကို အထောက်အကူဖြစ်စေနိုင်မယ့် balance sheet funding စနစ်ကိုသုံးပြီးတော့ Proximity Finance ကို အကူအညီပေးရတဲ့အတွက် အရမ်း ဝမ်းမြောက်မိပါတယ်။ ဒီလိုဘဏ္ဍာငွေထောက်ပံ့ကူညီပေး ခြင်းက ကျွန်တော်တို့အနေနဲ့ လူတိုင်းဘဏ္ဍာရေးဝန်ဆောင်မှုရရှိစေဖို့ဆိုတဲ့ အချက်အပေါ်မှာ ဘယ်လောက်တစိုက်မတ်မတ် ဆောင်ရွက်နေတယ်ဆိုတာကိုမြင်သာစေပြီးတော့ ကျေးလက်နေလူထုအနေနဲ့လည်း သူတို့ရဲ့ လူမှု့ဘဝအခြေအနေတွေ တိုးတက်စေဖို့ အကောင်းဆုံးအသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။” လို့ ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် Mr. Hal Bosher က ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံရခြင်းသည် ငွေကုန်ကြေးကျ များပြားနိုင်ပါသည်။ ခိုင်မာငွေကြေးများကို ချေးငွေအဖြစ်ယူ၍ ၎င်း၏ customer များအား ပြည်တွင်းငွေကြေးဖြင့် ပြန်လည်ချေးငှားသော အသေးစားချေးငွေလုပ်ငန်းတစ်ခုအနေနှင့် ငွေကြေးလဲလှယ်နှုန်း အပြောင်းအလဲဖြစ်မှုကြောင့် ဝင်ငွေ ထိခိုက်မှုမရှိစေရန်အတွက် ငွေကုန်ကြေးကျများပြားလှသော ငွေကြေးအဝင်အထွက် ထိန်းညှိသည့် စနစ်များကို ဆောင်ရွက်ရပါသည်။ ဤ back-to-back ဘဏ္ဍာငွေထောက်ပံ့ရေး သဘောတူညီချက်စာချုပ်တွင် အကျိုးအမြတ်အတွက်မဟုတ်၊ လူမှုအကျိုးပြုရင်းနှီးမြှုပ်နှံသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော MCE Social Capital မှ ပံ့ပိုးသည့် အမေရိကန်ဒေါ်လာဖြင့် တစ်စိတ်တစ်ပိုင်းအာမခံအပ်နှံထားရှိပြီး စာချုပ်သက်တမ်းမှာ သုံးနှစ်ဖြစ်သည်။ Proximity မှ ခိုင်မာသောငွေကြေးကို ငွေကြေးလဲလှယ်မှုဈေးနှုန်း အတက်အကျကြောင့် ဆုံးရှုံးမှုမဖြစ်စေရန် ထိန်းညှိရာတွင် အသုံးပြုမည်ဖြစ်ပြီး၊ ရိုးမဘဏ်မှ ပြည်တွင်းတွင် မြန်မာ ကျပ်ငွေဖြင့် ချေးငွေထုတ်ပေးမည် ဖြစ်သည်။ ဤနည်းဖြင့် ပြည်တွင်း၌ပြဋ္ဌာန်းထားသော ဘဏ္ဍာငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်လည်း ကိုက်ညီမည်ဖြစ်ပြီး ၎င်းတို့၏ customer များအား ချေးငွေထုတ်ပေးရန်အတွက် လိုအပ်သောကြာချိန်ကိုလည်း သိသိသာသာ လျော့ကျစေမည်ဖြစ်သည်။
“ဒီ back-to-back ပုံစံနဲ့ ဘဏ္ဍာငွေထောက်ပံ့တဲ့ စနစ်ကို အသုံးပြုတာကြောင့် မြန်မာနိုင်ငံအတွင်း ခိုင်မာတဲ့ငွေကြေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဝင်ရောက်လာစေနိုင်သလို အသေးစားချေးငွေလုပ်ငန်းတွေအနေနဲ့လည်း ပြည်တွင်းငွေကြေးနဲ့ ပြန်လည်ဆပ်နိုင်အောင် ဆောင်ရွက်ပေးလိုက်သလိုပါပဲ။ အခု ရိုးမဘဏ်နဲ့ ချုပ်ဆိုလိုက်တဲ့ ဒီသဘောတူညီချက်ဟာ အခြားဒေသတွင်းဘဏ်တွေအနေနဲ့လည်း အသေးစားချေးငွေလုပ်ငန်းတွေကို မြန်မာကျပ်ငွေနဲ့ ဘဏ္ဍာငွေထောက်ပံ့ ပေးနိုင်တယ်ဆိုတာကို ပြသတဲ့ဥပမာတစ်ခုအနေနဲ့ တည်ရှိနေမှာပါ။” ဟု Proximity Finance ၏ အမှုဆောင်အရာရှိချုပ် Hedvig Sundberg က ဆိုသည်။
Proximity Finance အကြောင်း
Proximity Finance သည် မြန်မာနိုင်ငံရှိကျေးလက်နေမိသားစုများအတွက် ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ် ဦးတည်ထားသော လူမှုအကျိုးပြုစီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် Proximity Design ၏ အသေးစားချေးငွေ လုပ်ငန်းခွဲတစ်ခုဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် Proximity Finance သည် တစ်နိုင်တစ်ပိုင်စပါးစိုက်တောင်သူများအား ၎င်းတို့လိုအပ်လျက်ရှိသော၊ ပြန်ဆပ်နိုင်ရန်တတ်စွမ်းသော ချေးငွေပမာဏတို့ကို စတင်ချေးငှားခဲ့ပြီး ယနေ့တွင် သီးနှံချေးငွေ၊အသေးစားစီးပွားရေးလုပ်ငန်းချေးငွေ၊ မွေးမြူရေးချေးငွေနှင့် ရွှေ့ပြောင်းချေးငွေတို့ကဲ့သို့သော ကျေးလက်နေအိမ်ထောင်စုများ၏ သီးသန့်လိုအပ်ချက်အလိုက် ချေးငွေအမျိုးအစား အမျိုးမျိုးတို့အား အတိုးနှုန်း နည်းနည်းနှင့်ချေးငှားပေးလျက်ရှိသည်။ အဆိုပါ ဆန်းသစ်သောချေးငွေအမျိုးအစား လေးမျိုးသည် တောင်သူအိမ်ထောင်စုများနှင့် ကျေးလက်နေစွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင် တို့အား ငွေကြေးလည်ပတ်မှု တည်ငြိမ်စေရန် ၊အတိုးနှုန်းမြင့်မားသော ချေးငွေရယူနေရခြင်းတို့မှ ကင်းဝေးစေရန်နှင့် ပိုမိုကောင်းမွန်မြင့်မားသော ငွေကြေးဆိုင်ရာအခြေအနေတစ်ရပ်သို့ တက်လှမ်းနိုင်စေရန်အတွက် အထောက်အကူပြုပါသည်။
Proximity Finance သည် ကျေးလက်ဒေသရှိ ရုံးခွဲများမှတစ်ဆင့် တောင်သူတို့၏ စိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်များနှင့် ချိန်ကိုက်ပြီး ချေးငွေများထုတ်ချေးလျက်ရှိသည်။ လက်ရှိတွင် အိမ်ထောင်စုပေါင်း ၁၀၀,၀၀၀ ကျော် တို့၏ ငွေကြေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိပြီး ထိုအရေအတွက်သည်လည်း နောက်ငါးနှစ်ခန့်အကြာတွင် နှစ်ဆခန့်တိုးလာမည်ဖြစ်ကာ၊ ထိုကာလအတွင်းတွင် ချေးငွေစုစုပေါင်း ၁,၀၀၀,၀၀၀ နီးပါးထိ ချေးငှားနိုင်လာမည်ဖြစ်သည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

