Super စာရင်းသေအပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
Super စာရင်းသေအပ်ငွေစာရင်း
Personal Banking > အပ်ငွေစာရင်းများ
Super စာရင်းသေအပ်ငွေစာရင်း အကြောင်း
Super စာရင်းသေအပ်ငွေစာရင်းသည် ၁၂.၀၀% အထိ အတိုးနှုန်းပေးအပ်ထားသောကြောင့် မိမိစုဆောင်းငွေကို လုံခြုံစွာသိမ်းဆည်းရင်း တိုးပွားစေနိုင်မည်ဖြစ်ပါသည်။
မိသားစုများ၊ ကျောင်းသား/သူများနှင့် အငြိမ်းစားယူထားသူများအတွက် သင့်တော်ပါသည်။
Super စာရင်းသေအပ်ငွေစာရင်းကို ဘာကြောင့်အသုံးပြုသင့်သလဲ။
အကျိုးခံစားခွင့်များ


မြင့်မားသော အတိုးနှုန်း
အများဆုံး ၁၂.၀၀% အထိ နှစ်စဉ်အတိုးနှုန်း ပေးအပ်ထားပါသည်။

အချိန်မရွေး ငွေအပ်နှံနိုင်ခြင်း
မိမိစိတ်တိုင်းကျ အချိန်မရွေးငွေအပ်နှံပြီး ဘဏ်တိုးငွေကို ရရှိခံစားနိုင်ပါသည်။

အတိုးကြိုတင်ထုတ်ပေးခြင်း
အပ်ငွေစာရင်းဖွင့်သည့်အချိန်တွင် အတိုးကြိုတင်ထုတ်ယူနိုင်ပါသည်။

အွန်လိုင်းမှ အကောင့်ဖွင့်နိုင်ခြင်း
ဘဏ်ခွဲသို့သွားစရာမလိုပဲ Yoma Bank Next Mobile Application မှတစ်ဆင့် လွယ်ကူစွာ အကောင့်ဖွင့်လှစ်နိုင်ပါသည်။

ကိုယ်ပိုင်ငွေစုစီမံကိန်း သတ်မှတ်နိုင်ခြင်း
မိမိရည်မှန်းထားသလောက် သက်တမ်းတစ်လမှ တစ်နှစ်အထိရွေးချယ်၍ ကိုယ်ပိုင်ငွေစုစီမံကိန်း သတ်မှတ်နိုင်ပါသည်။
လစဉ်အတိုး တွက်ချက်နည်း
အတိုးနှုန်းကို အပ်ငွေပမာဏနှင့် အပ်နှံသည့် ကာလတို့အပေါ် မူတည်၍ တွက်ချက်ပါသည်။
အကောင့်ဖွင့်ရန်
- ကနဦးအပ်နှံငွေကို ၅၀,၀၀၀ ကျပ် သတ်မှတ်ထားပါသည်။
- အနည်းဆုံးလက်ကျန်ငွေပမာဏ သတ်မှတ်မထားပါ။
- အနည်းဆုံးအသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရပါမည်။
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်မူရင်း) တင်ပြရပါမည်။
အသုံးပြုနိုင်သော အကောင့်အမျိုးအစားများ
- တစ်ဦးချင်းအကောင့်များ
- သက်ငယ်စာရင်းအကောင့်များ (အသက် ၁၈ နှစ်မပြည့်သေးသူ)
- ပူးတွဲအကောင့်များ

Interest Calculator
%
Super စာရင်းသေအပ်ငွေစာရင်းအတွက်
အသေးစိတ်အချက်အလက်နှင့် သတ်မှတ်ချက်များ

| စာရင်းသေအပ်ငွေကာလ ( Super Fixed ) | နှစ်စဉ်အတိုးနှုန်း | ||||||
| ရက် ၃၀ |
| ||||||
| ရက် ၉၀ |
| ||||||
| ရက် ၁၈၀ | ၁၁.၈၀% | ||||||
| ရက် ၂၇၀ | ၁၁.၉၀% | ||||||
| ရက် ၃၆၅ | ၁၂.၀၀% |
*Super စာရင်းသေအပ်ငွေစာရင်းများအတွက် အတိုး ကြိုတင်ထုတ်ယူနိုင်ပါသည်။
*သက်တမ်းမပြည့်မီ ထုတ်ယူခြင်းကို ဘဏ်၏ စည်းမျဉ်းစည်းကမ်းများအတိုင်း သတ်မှတ်ဆောင်ရွက်နိုင်ပါသည်။
Super စာရင်းသေအပ်ငွေစာရင်းအကြောင်း
မေးလေ့ရှိသော မေးခွန်းများ

Super စာရင်းသေအပ်ငွေစာရင်းမှ သက်တမ်းမပြည့်မီ ငွေထုတ်ယူလိုပါက တောင်းဆိုနိုင်ပါသည်။ သို့သော် စုဆောင်းထားသောအတိုးနှုန်းကို ရယူခွင့်မရှိဘဲ အပ်ငွေမူလပမာဏသာ ရရှိနိုင်ပါမည်။ စာရင်းဖွင့်စဉ် အတိုးငွေကြိုတင်ထုတ်ယူခြင်း (Upfront Interest Payout) ကိုရွေးချယ်ထားပါက Super စာရင်းသေအပ်ငွေစာရင်းကို ပယ်ဖျက်ရန်မဖြစ်နိုင်ပါ။
သက်တမ်းပြည့်သည့်အခါ လူကြီးမင်းရွေးချယ်ထားသည့် ငွေထုတ် (Payout) အကောင့်တွင် အပ်ငွေမူလပမာဏနှင့် စုဆောင်းထားသည့် အတိုးနှုန်းများရရှိပါမည်။ အလိုအလျောက်သက်တမ်းတိုးခြင်း (Automatic Renewal) လုပ်ဆောင်မှုကိုပါရွေးချယ်ထားပါက လူကြီးမင်း၏အပ်ငွေမူလပမာဏနှင့် အတိုးနှုန်းများ သတ်မှတ်ထားသည့်ရွေးချယ်မှုများအတိုင်း အလိုအလျောက်သက်တမ်းတိုးသွားမည်ဖြစ်သည်။
ရှိပြီးသား Super စာရင်းသေအပ်ငွေစာရင်းအကောင့်ထဲသို့ ထပ်မံငွေထည့်သွင်းရန် မဖြစ်နိုင်ပါ။ ထပ်မံရင်းနှီးမြှုပ်နှံလိုပါက Super စာရင်းသေအပ်ငွေစာရင်း အကောင့်အသစ်ဖွင့်ရန် လိုအပ်ပါသည်။
အပြစ်ဒဏ်များ မရှိပါ။ သို့သော် စုဆောင်းထားသော အတိုးနှုန်းကို ရယူခွင့်မရှိဘဲ အပ်ငွေမူလပမာဏသာ ရရှိနိုင်ပါမည်။ စာရင်းဖွင့်စဉ် Upfront Interest Payout ကိုရွေးချယ်ထားပါက Super Fixed Deposit အကောင့်ကို သက်တမ်းမပြည့်ခင် ဖျက်လိုက်ရန် မဖြစ်နိုင်ပါ။
Super စာရင်းသေအပ်ငွေစာရင်းဖွင့်စဉ် Upfront Interest Payout ကိုရွေးချယ်ထားသော Customer များသည် သက်တမ်းမပြည့်ခင် ဖျက်လိုက်ရန် အခွင့်မရှိပါ။
Super စာရင်းသေအပ်ငွေစာရင်းသည် သာမန်စာရင်းသေအပ်ငွေစာရင်းထက် အဆင့်မြှင့်ထားသော အပ်ငွေစာရင်းဖြစ်ပြီး လက်လီနှင့်လုပ်ငန်းသုံးအတွက် ပိုမိုမြင့်မားသော အတိုးနှုန်းများကို ပေးအပ်ထားပါသည်။
သင်နှင့်ကိုက်ညီသော စာရင်းအမျိုးအစားကို ရွေးချယ်ပါ။
အခြားစာရင်းအမျိုးအစားများနှင့် နှိုင်းယှဉ်ကြည့်ရှုပါ။
အခြား ဘဏ်ဝန်ဆောင်မှု အမျိုးအစားများ

Flexi ငွေစုဘဏ်အပ်ငွေစာရင်း

Flexi ခေါ်ယူအပ်ငွေစာရင်း




BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal