တရားဝင် Application Store များမှလွဲ၍ အခြားလင့်ခ်များမှ App များကို Download မပြုလုပ်ပါနှင့်
မသမာသူတွေဟာ Application တွေ Download လုပ်ဖို့ အတုအယောင်လင့်ခ်တွေဖန်တီးပြီး Customer တွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ငွေကြေးဆိုင်ရာအချက်အလက်တွေကို ရယူကာ ငွေကြေးလိမ်လည်မှုတွေ ပြုလုပ်နေတဲ့အတွက် တရားဝင် Application Store (ဥပမာ- Google Play Store ၊ App Store) ထဲက Mobile Banking Application တွေကိုသာ ယုံကြည်စိတ်ချစွာ Download လုပ်ပြီးအသုံးပြုကြဖို့ အသိပေးတိုက်တွန်းလိုက်ပါတယ်။