၁၉၉၃ ခုနှစ်၊ မေလ (၁၉) ရက်နေ့မှစတင်ကာ မြန်မာပြည်သူပြည်သားများအတွက် ယုံကြည်စိတ်ချရဆုံးသော ထိပ်တန်းဘဏ်တစ်ခုအဖြစ် ရပ်တည်ခဲ့သည့် ရိုးမဘဏ်သည် ယနေ့တွင် (၃၃) နှစ်တာ ခရီးလမ်းသို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။
(၃၃) နှစ်တာကာလတစ်လျှောက်လုံး ရိုးမဘဏ်အပေါ် ယုံကြည်စွာဖြင့် လက်တွဲအားပေးခဲ့ကြသော မိဘပြည်သူ Customer များနှင့် မိတ်ဖက်ပါတနာများအားလုံးကို ရိုးမဘဏ်မှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။ ထို့အတူ Customer များနှင့်မိတ်ဖက်ပါတနာများ၏ ရည်မှန်းချက်ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်ပေးနိုင်ရန် အကောင်းမွန်ဆုံးသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများဖြင့် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ရိုးမဘဏ်မိသားစုဝင် ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးတင်ဂုဏ်ပြုအပ်ပါသည်။
ယနေ့ မေလ (၁၉) ရက်နေ့တွင် ကျရောက်သော ရိုးမဘဏ်၏ (၃၃) နှစ်ပြည့် အထိမ်းအမှတ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အားလုံးနှင့်အတူ လက်တွဲကာ တိုးတက်အောင်မြင်မှုဆီသို့ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။
#TogetherWithYomaBank #YomaBankAnniversary #19May #Since1993 #GrowingTogether33YearsAndBeyond



BizSpace Portal
Payroll Portal
Supply Chain Financing





