မေးမယ် ဖြေမယ် မျှဝေမယ်

15 August 2026

မေးမယ်…

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ဝင်ဖို့ Username သို့မဟုတ် Password မေ့သွားရင် ဘယ်လိုလုပ်ရမလဲ။

ဖြေမယ်…

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ဝင်ရောက်ရန် Username သို့မဟုတ် Password မမှတ်မိပါက နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲသို့လာရောက်ပြီး ဝန်ဆောင်မှုရယူရန် လိုအပ်ပါတယ်။

မျှဝေမယ်…

ဘဏ်စာရင်းကို ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ဖို့အတွက် Username သို့မဟုတ် Password ပြန်လည်ရယူခြင်းဆိုင်ရာ ဝန်ဆောင်မှုများကို ရိုးမဘဏ် ဘဏ်ခွဲများတွင်သာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲလိပ်စာများကို ယခုလင်ခ့်  https://ymbank.co/fb_locations တွင် ကြည့်ရှုနိုင်ပါတယ်။

ရိုးမဘဏ်က Customer တွေ အမေးများတဲ့ မေးခွန်းတွေကို အပတ်စဉ် စနေနေ့တိုင်း ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။

သင့်ရဲ့ မေးခွန်းတိုင်းကို နားထောင်ပေးဖို့၊ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့နဲ့ အခက်အခဲတိုင်းကို အတူဖြေရှင်းပေးဖို့ ရိုးမဘဏ်က အမြဲအတူရှိနေပါတယ်။

#YomaBank #မေးမယ်ဖြေမယ်မျှဝေမယ် #TogetherWithYomaBank