မေးမယ် ဖြေမယ် မျှဝေမယ်

22 August 2026

မေးမယ်…

ဘဏ်စာရင်းဖွင့်တုန်းက ဖြည့်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြင်လို့ရလား။

ဖြေမယ်…

ကိုယ်ရေးအချက်အလက်တွေကို ပြန်လည်ပြင်ဆင်လို့ရပါတယ်။

မျှဝေမယ်…

ဘဏ်စာရင်းဖွင့်စဉ်က ဖြည့်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြောင်းလဲပြင်ဆင်လိုပါက ဘဏ်စာရင်းပိုင်ရှင်ကိုယ်တိုင် မှတ်ပုံတင်မူရင်း ယူဆောင်လာပြီး နီးစပ်ရာ ရိုးမဘဏ် ဘဏ်ခွဲ သို့မဟုတ် ဘဏ်စာရင်းဖွင့်လှစ်ထားတဲ့ ဘဏ်ခွဲသို့ သွားရောက်ပြင်ဆင်နိုင်ပါတယ်။

ရိုးမဘဏ်က Customer တွေ အမေးများတဲ့ မေးခွန်းတွေကို အပတ်စဉ် စနေနေ့တိုင်း ပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်။ သင့်မှာ မေးချင်တဲ့ မေးခွန်းတွေရှိရင်လဲ ဒီပိုစ့်အောက်မှာ ကောမန့်ရေးခဲ့ပေးပါဦးနော်။

သင့်ရဲ့ မေးခွန်းတိုင်းကို နားထောင်ပေးဖို့၊ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးဖို့နဲ့ အခက်အခဲတိုင်းကို အတူဖြေရှင်းပေးဖို့ ရိုးမဘဏ်က အမြဲအတူရှိနေပါတယ်။

#YomaBank #မေးမယ်ဖြေမယ်မျှဝေမယ် #TogetherWithYomaBank