မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်များ လုံခြုံမှုကို အထူးဂရုပြုကြပါ။

24 April 2026

ကံစမ်းမဲ သို့မဟုတ် အရေးပေါ်အခြေအနေတစ်ခုခုကို အကြောင်းပြပြီး ဖုန်းထဲကိုပေးပို့လာတဲ့ OTP (One-Time Password) ဂဏန်းတွေကို တောင်းဆိုလာရင် လုံးဝ (လုံးဝ) မပြောပြပါနဲ့။

OTP Code နှင့်ပတ်သက်ပြီး အထူးသတိပြုသိသင့်တဲ့ အချက်များကို မျှဝေလိုက်ပါရစေ။
✅ သင့်ရဲ့ OTP Code ကို ဘဏ်က ဘယ်တော့မှ မတောင်းပါ။
✅ OTP ဆိုတာ မိမိတစ်ဦးတည်းသာ သိရမဲ့ လုံခြုံရေးသော့ချက်ဖြစ်လို့ ဘယ်သူ့ကိုမှ မဝေမျှဘဲ လျှို့ဝှက်ထားပါ။
✅ ထူးခြားတဲ့ ဖုန်းခေါ်ဆိုမှု သို့မဟုတ် မက်ဆေ့ချ်များဖြင့် တောင်းဆိုလာပါက Yoma Bank 24/7 Customer Care Centre သို့ ဆက်သွယ်နိုင်ပါတယ်။

မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်နှင့် ဘဏ်အကောင့်ကို စနစ်တကျ ကာကွယ်ခြင်းဖြင့် မလိုလားအပ်သော ငွေကြေးဆုံးရှုံးမှုများကို ထိရောက်စွာ ကာကွယ်တားဆီးပါ။

Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 9662 (သို့မဟုတ်) 097 9662 9662 သို့ ချက်ချင်းဆက်သွယ်ပါ။

👉 အသေးစိတ်ကြည့်ရန် – https://ymbank.co/scam-awareness

#YomaBank #ScamAwareness #StopScam #TogetherWithYomaBank