ယနေ့ခေတ်မှာ ဆိုရှယ်မီဒီယာနဲ့ မက်ဆေ့ချ်တွေကနေတစ်ဆင့် နည်းလမ်းမျိုးစုံနဲ့ လိမ်လည်မှုတွေ ပိုမိုများပြားလာတာကြောင့် ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်များကို ကာကွယ်နိုင်ဖို့အတွက် အဖြစ်များသည့် လိမ်လည်လေ့ရှိသော နည်းလမ်းများကို မျှဝေပေးပါရစေ။
📍 အလုပ်အကိုင်အကြောင်းပြ လိမ်လည်ခြင်း
လစာကောင်းကောင်းရမယ်၊ နိုင်ငံခြားမှာ အလုပ်ရမယ်လို့ မက်လုံးပေးကာ ဝန်ဆောင်ခနဲ့ ကြိုတင်ငွေများ တောင်းခံခြင်း
📍 ရင်းနှီးမြှုပ်နှံမှု မက်လုံးပေးခြင်း
အမြတ်အဆမတန်ရမယ်ဆိုကာ ယုံကြည်အောင်လုပ်ပြီး ငွေလွှဲခိုင်းခြင်း
📍 ငွေချေးလုပ်ငန်းအတုများနှင့် အန္တရာယ်ရှိသော လင့်ခ် (Link) များ
လင့်ခ် (Link) နဲ့ Application များကနေတစ်ဆင့် ကိုယ်ရေးအချက်အလက်များ ခိုးယူခြင်း
📍 ချစ်ကြိုက်ဟန်ဆောင် လိမ်လည်ခြင်း
အကောင့်အတုဖြင့် ရင်းနှီးမှုတည်ဆောက်ကာ ယုံကြည်မှုရလာလျှင် ငွေတောင်းခံခြင်း
📍 ကံစမ်းမဲပေါက်သည်ဟု လိမ်လည်ခြင်း
ကုမ္ပဏီအမည်အလွဲသုံးစားပြုကာ ဆုငွေအတွက် ကြိုတင်ငွေ သို့မဟုတ် ကိုယ်ရေးအချက်အလက် တောင်းယူခြင်း
📍 မှတ်ပုံတင်အတုဖြင့် လိမ်လည်ခြင်း
မှတ်ပုံတင်ရှိ ဓာတ်ပုံအား အစားထိုးခြင်း သို့မဟုတ် မှတ်ပုံတင်နံပါတ်များအား ပြင်ဆင်ခြင်းနှင့် မှတ်ပုံတင်ပါ အခြားသောအချက်အလက်များအား ပြင်ဆင်၍ ပိုင်ဆိုင်မှုများကို ရောင်းချခြင်း၊ လိမ်လည်မှုပြုလုပ်ရာတွင် အသုံးပြုခြင်း
ငွေကြေးလိမ်လည်မှုများ ကြုံတွေ့ရပါက –
✅ သက်ဆိုင်ရာ ဘဏ် Customer Care Center ကို ချက်ချင်း ဆက်သွယ်ပါ။
✅ နီးစပ်ရာ ဘဏ်ခွဲကို သွားရောက် အကြောင်းကြားပါ။
✅ သက်ဆိုင်ရာသို့ သတင်းပို့ တိုင်ကြားပါ။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) ၊ ငွေကြေးလိမ်လည်မှုများအား အချိန်မီ တားဆီးရေးနှင့် အရေးယူမှုမြန်ဆန်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (Action Task Force) ၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (MFIU) နှင့် ငွေကြေးဆိုင်ရာမှုခင်းတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (AFC) တို့ပူးပေါင်း၍ ငွေကြေးလိမ်လည်မှုဖြစ်စဉ်များမှာ ပါဝင်တဲ့ ဘဏ်စာရင်း/Mobile Pay Account များကို ယာယီတားဆီးရန် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ညှိနှိုင်းအကြောင်းကြားလျက်ရှိသလို ပြည်ထဲရေးဝန်ကြီးဌာနနဲ့လည်း ညှိနှိုင်းအရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိပါတယ်။
ငွေကြေးနဲ့ ကိုယ်ရေးအချက်အလက်တွေ လုံခြုံစိတ်ချရဖို့အတွက် ဒီအချက်တွေကို သေချာမှတ်သားပြီး သတိပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။
Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။
Scam Awareness နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဒီလင့်ခ် https://ymbank.co/scam-awareness မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။



BizSpace Portal
Payroll Portal
Supply Chain Financing





