သင်္ကြန်အားလပ်ရက်ရှည်ကြီးကို ဖြတ်သန်းပြီးနောက်မှာ စိတ်ရောကိုယ်ပါ အပန်းပြေပြီး အားအင်သစ်တွေ ရရှိနေကြပါလိမ့်မယ်။ အားလပ်ရက်အပြီး ပထမဆုံးအလုပ်ပြန်တက်တဲ့နေ့မှာ စိတ်ရှုပ်ထွေးမှုမရှိဘဲ လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်နိုင်စေမဲ့ အချက်လေးတွေကို မျှဝေပေးပါရစေ။
၁) Email နဲ့ Message များကို စနစ်တကျ စီမံပါ။
ပိတ်ရက်အတွင်း ရောက်ရှိနေတဲ့ အီးမေးလ်တွေနဲ့ အလုပ်ကိစ္စတွေကို တစ်ပြိုင်နက်တည်း အကုန်ဖြေရှင်းဖို့ မကြိုးစားပါနဲ့။ အရေးကြီးဆုံးအလုပ်တွေကို အရင်ရွေးထုတ်ပြီး ကျန်တာတွေကို အချိန်ခွဲခြားကာ စစ်ဆေးခြင်းက အလုပ်များကို သေချာစွာ အာရုံစူးစိုက်နိုင်စေပါတယ်။
၂) နေ့စဉ်လုပ်ငန်းဆောင်တာများကို ညှိယူပါ။
အားလပ်ရက်အတွင်း အိပ်ချိန်၊ စားချိန်နဲ့ နေထိုင်မှုပုံစံတွေ ပြောင်းလဲသွားနိုင်တာကြောင့် အလုပ်ခွင်ထဲမှာ ပုံမှန်အခြေအနေရောက်အောင် ဖြည်းဖြည်းချင်း ညှိယူပါ။ အလုပ်လုပ်နေစဉ်အတွင်း မိနစ်အနည်းငယ်စီ ခဏတာ အနားယူပေးခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို လန်းဆန်းစေပါတယ်။
၃) တက်ကြွစွာ စတင်ပါ။
အားလပ်ရက်အပြီး အလုပ်ခွင်ပြန်လည်ဝင်ရောက်ရတဲ့ ရက်တွေကို တက်ကြွတဲ့ စိတ်ဓာတ်၊ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေနဲ့ စတင်ပါ။ အားလပ်ရက်မှာ ရရှိခဲ့တဲ့ အနားယူမှုနဲ့ ပျော်ရွှင်မှုတွေကို တွန်းအားအဖြစ် ပြောင်းလဲပြီး မိမိရဲ့ ရည်မှန်းချက်ပန်းတိုင်တွေဆီ ရှေ့ဆက်နိုင်ဖို့ ကြိုးစားကြည့်ပါ။
ဒီအလေ့အထလေးတွေက လုပ်ငန်းခွင်ကို ပိုမိုထိရောက်ပြီး စိတ်ဖိစီးမှုကင်းကင်းနဲ့ ပြန်လည်စတင်နိုင်ဖို့ အထောက်အကူပြုပါလိမ့်မယ်။ စိတ်ခွန်အားသစ်တွေ၊ အားအင်သစ်တွေနဲ့အတူ ရည်မှန်းချက်ပန်းတိုင်တွေကို ဆက်လက်အကောင်အထည်ဖော်လိုက်ကြရအောင်။
#BackToWork #ProductivityTips #OurActionsMatter #TogetherWithYomaBank



BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal





