လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များ မချမှတ်မီ သေချာစွာ စုံစမ်းစစ်ဆေးပါ။

11 August 2026

လုပ်ငန်းအသစ်များ ချဲ့ထွင်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ပြုလုပ်ခြင်းနဲ့ Supplier အသစ်တွေနဲ့ လက်တွဲဆောင်ရွက်တဲ့အခါ စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတဲ့ ငွေကြေးလိမ်လည်လှည့်ဖြားမှုများ ဖြစ်ပေါ်လာနိုင်တာကြောင့် အထူးသတိပြုဖို့ လိုအပ်ပါတယ်။

လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေတွေ ဆုံးရှုံးနစ်နာမှု မဖြစ်စေဖို့ ငွေမလွှဲပြောင်းမီ ဒါမှမဟုတ် စာချုပ်မချုပ်ဆိုမီ သေချာစွာ စုံစမ်းစစ်ဆေးပါ။

✅ လက်တွဲမဲ့ ပါတနာအသစ်တွေ၊ Supplier အသစ်တွေရဲ့ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ အတည်ပြုပါ။

✅ စာချုပ်ချုပ်ဆိုခြင်းနဲ့ ပစ္စည်းမှာယူခြင်းတွေကို သေချာစုံစမ်းစစ်ဆေးအတည်ပြုပြီးမှ ဆောင်ရွက်ပါ။

✅ ပေးပို့လာတဲ့ ဘဏ်အကောင့်အချက်အလက်တွေ၊ ကုမ္ပဏီနာမည်နဲ့ ဆက်သွယ်ဖို့ အချက်အလက်မှန်သမျှကို ငွေမလွှဲပြောင်းမီ/ငွေမပေးချေမီ ထပ်မံအတည်ပြုပါ။

အလျင်စလို ဆုံးဖြတ်တာထက် သေချာစွာ စုံစမ်းစစ်ဆေးလိုက်တဲ့ အချိန်ခဏတာက သင့်လုပ်ငန်းရဲ့ ငွေကြေးလုံခြုံမှုကို ကာကွယ်ပေးနိုင်ပါတယ်။

သံသယဖြစ်ဖွယ်အခြေအနေများနဲ့ ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်အကြောင်းကြားပေးပါ။

Scam Awareness နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို ဒီလင့်ခ် https://ymbank.co/fb_scamawareness မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

#YomaBank #StopScam #ScamAwareness #MSME #BusinessScam #TogetherWithYomaBank