ငွေကြေးကို စနစ်တကျ စီမံဖို့ နည်းလမ်းများစွာရှိတဲ့အထဲက 33/33/33 Budget Rule က လစဉ်ရရှိတဲ့ ဝင်ငွေကို အပိုင်း (၃) ပိုင်းခွဲပြီး အသုံးပြုနိုင်တဲ့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
33% – နေ့စဉ်လိုအပ်ချက်များအတွက်
အိမ်စရိတ်၊ စားသောက်စရိတ်၊ သွားလာစရိတ်နဲ့ မဖြစ်မနေလိုအပ်တဲ့ အသုံးစရိတ်များအတွက် ခွဲထားပါ။
33% – မိမိကိုယ်ကိုယ်အတွက်
ကိုယ်ပိုင်ဝါသနာတွေနဲ့ ပျော်ရွှင်စေတဲ့အရာများအတွက် အသုံးပြုပါ။
33% – အနာဂတ်အတွက်
အရေးပေါ်ရန်ပုံငွေ၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အနာဂတ်ရည်မှန်းချက်များအတွက် စုဆောင်းထားပါ။
သေးငယ်တဲ့ အလေ့အကျင့်ကောင်းတွေကနေ စတင်ပြီး ပိုမိုလုံခြုံတဲ့ ငွေကြေးအနာဂတ်ကို တည်ဆောက်နိုင်ပါတယ်။ သင့်ရဲ့ ငွေကြေးစီမံမှုနည်းလမ်းတွေကိုလဲ ကောမန့်မှာ မျှဝေပေးခဲ့ပါဦးနော်။
Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 097 9662 9662
#YomaBank #FinancialLiteracy #TogetherWithYomaBank



BizSpace Portal
Payroll Portal
Supply Chain Financing





