အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) အား ဂုဏ်ပြုကြိုဆိုပါတယ်။

12 August 2026

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) မှာ ကိုယ်ပိုင်အိပ်မက်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ အနာဂတ်ကို ပုံဖော်ထုဆစ်နေကြတဲ့ လူငယ်များအားလုံးကို ရိုးမဘဏ်မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်။

ယခုနှစ် International Youth Day ရဲ့ Theme ဖြစ်တဲ့ “Youth Empowerment for a Sustainable Future” အတိုင်း ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်ရာမှာ လူငယ်တွေရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။ လူငယ်တွေရဲ့ အတွေးအမြင်သစ်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ စွမ်းဆောင်ရည်တွေကို ယုံကြည်စွာ ပံ့ပိုးပေးခြင်းက လူ့အဖွဲ့အစည်းနဲ့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ ဦးတည်စေတဲ့ အင်အားတစ်ခု ဖြစ်ပါတယ်။

ရိုးမဘဏ်အနေနဲ့ အနာဂတ်ရဲ့ ခေါင်းဆောင်များဖြစ်လာမဲ့ လူငယ်များ အရည်အချင်းတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့၊ စိန်ခေါ်မှုတွေကို ယုံကြည်မှုအပြည့်နဲ့ ကျော်ဖြတ်နိုင်စေဖို့နဲ့ ငွေကြေးစီမံခန့်ခွဲမှုစွမ်းရည် (Financial Literacy) ပိုမိုမြင့်မားလာစေဖို့ စဉ်ဆက်မပြတ် ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

#YomaBank #InternationalYouthDay #YouthEmpowerment #FinancialLiteracy #TogetherWithYomaBank