သင်္ကြန်ကာလမှာလည်း မီတာဘေလ်ပေးဆောင်ဖို့ စိတ်အေးရအောင် ရိုးမဘဏ်ရှိပါတယ်။

12 April 2026

𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 နဲ့ မီတာဘေလ်ပေးဆောင်ခြင်းဖြင့် ရရှိနိုင်တဲ့အားသာချက်များကတော့ –

✅ အချိန်မရွေး၊ နေရာမရွေး ပေးဆောင်နိုင်ခြင်း
ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့အပြင် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) နှင့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ရဲ့ မီတာဘေလ်များကို ပိတ်ရက်တွေမှာလည်း အချိန်နေရာမရွေး လွယ်ကူမြန်ဆန်စွာ ပေးဆောင်နိုင်ပါတယ်။

✅ ဘေးကင်းလုံခြုံခြင်း
ရိုးမဘဏ်ရဲ့ လုံခြုံစိတ်ချရတဲ့ ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကြောင့် သင်္ကြန်ပိတ်ရက်တွေမှာလည်း စိတ်ချယုံကြည်စွာ ဘေလ်ပေးဆောင်နိုင်ပါတယ်။

✅ ရိုးရှင်းလွယ်ကူခြင်း
လစဉ်ပေးဆောင်ရမဲ့ မီတာဘေလ်များအတွက် မီတာစာရွက်ပေါ်က ငွေတောင်းခံလွှာအမှတ်ကို 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 တွင် ရိုက်ထည့်ပြီး အလွယ်တကူပေးဆောင်လိုက်ရုံပါပဲ။

အတာသင်္ကြန်ကာလတစ်လျှောက်လုံးမှာ အရာရာ အဆင်ပြေချောမွေ့နေစေဖို့ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 နဲ့ ဖြတ်သန်းလိုက်ပါ။

ယခုလင့်ခ် https://ymbank.co/how-to-bill-pay မှတစ်ဆင့်လည်း မီတာဘေလ်ပေးဆောင်ပုံ အသေးစိတ်ကို လေ့လာနိုင်ပါတယ်။

Yoma Bank 24/7 Customer Care Center – 9662 (သို့မဟုတ်) 097 9662 9662