ရိုးမဘဏ် ဝန်ဆောင်မှုတွေကို ရယူရင်း အထူးအခွင့်အရေးတွေကိုပါ ရရှိနိုင်မဲ့ ရိုးမနဲ့ပဲ ငွေရှင်းမယ် အထူးအစီအစဥ်

9 September 2024

ရိုးမဘဏ် Customer တွေအတွက် ရိုးမဘဏ်ရဲ့ Digital ငွေကြေး‌ဝန်ဆောင်မှုတွေဖြစ်တဲ့ Yoma Bank Next Mobile Application နဲ့ ရိုးမဘဏ်ကတ်တွေ အသုံးပြုပြီး ငွေပေးချေလို့ လက်ငင်းလျှော့စျေး Discount၊ Cashback နဲ့ လက်ဆောင်ပစ္စည်းတွေရယူနိုင်မဲ့ ‘ရိုးမနဲ့ပဲ ငွေရှင်းမယ်’ အထူးအစီအစဥ် ရှိနေပါပြီ။ ရရှိနိုင်တဲ့ အထူးအခွင့်အရေးတွေကတော့ –

(၁) Astons Specialities Yangon၊ I Found Something Yummy၊ Mr. Cow Taiwanese Food & BBQ၊ MSG Hotpot၊ Noodle Bowl Restaurant & Lounge၊ The Spicy House နဲ့ The Sushi Bar Myanmar ဆိုင်တွေမှာ Yoma Bank MPU-Mastercard Debit Card (သို့မဟုတ်) Flexi Everyday Debit Card တွေ အသုံးပြုပြီး ငွေပေးချေလိုက်တာနဲ့ လက်ငင်းလျှော့ဈေး ၂၀%

(၂) သတ်မှတ်ထားတဲ့ G&G ဆိုင်ခွဲတွေမှာ ငွေကျပ် (၁၅,၀၀၀) မှစတင်ဝယ်ယူကာ ရိုးမဘဏ်ရဲ့ MPU-Mastercard Debit Card (သို့မဟုတ်) Flexi Everyday Debit Card နဲ့ ငွေပေးချေလိုက်တာနဲ့ Hand Sanitizer (သို့) Tote Bag လက်ဆောင်

(၃) Jo Jo Hot Pot, Little Boss Dumpling & Noodle နဲ့ MEDiCARE Myanmar ဆိုင်တွေမှာ အနည်းဆုံး ငွေကျပ် ၂၀,၀၀၀ နှင့် အထက် ဝယ်ယူပြီး Yoma Bank Next Mobile Application မှတစ်ဆင့် Wave QR ကို Scan ဖတ်ကာ ငွေပေးချေလိုက်တာနဲ့ ၃,၀၀၀ ကျပ် Cashback

အသေးစိတ်ကို (https://www.yomabank.com/promotion/) မှာ ကြည့်ရှုနိုင်ပါတယ်။

Yoma Bank 24/7 Customer Care Center – ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂

Yoma Bank ATMs & Branches – https://ymbank.co/locations

မှတ်ချက်ပေးရန်

Your email address will not be published. Required fields are marked *