ယခုလို ခရီးသွားရာသီမှာ သွားလာမည့်နေရာများ၊ တည်းခိုမည့်နေရာများနှင့် အသုံးပြုမည့်ဝန်ဆောင်မှုများကို သေချာဂရုစိုက်ရွေးချယ်ခြင်းဖြင့် ငွေကြေးလိမ်လည်မှုများမှ ကင်းဝေးစေနိုင်မှာ ဖြစ်ပါတယ်။
ခရီးသွားဖို့ စတင်ပြင်ဆင်တော့မယ်ဆိုရင် –
၁။ လေယာဉ်၊ ရထား၊ ဘတ်စ်ကား စတဲ့ ခရီးစဉ်လက်မှတ်များကို Official Page သို့မဟုတ် တရားဝင် Website/Application များမှသာ တိုက်ရိုက်ဝယ်ယူပါ။
၂။ ခရီးစဉ်အတွက် သိလိုသည်များ လေ့လာရာတွင်၊ မသိတဲ့ Link များကို လုံးဝ (လုံးဝ) မနှိပ်မိပါစေနဲ့။
၃။ မလိုအပ်ဘဲ မိမိရဲ့ ကိုယ်ရေးအချက်အလက်များ၊ ခရီးသွား အချက်အလက်များကို ဘယ်သူ့ကိုမှ မမျှဝေပါနဲ့။
၄။ ငွေကြေးလဲလှယ်မှုများပြုလုပ်မည်ဆိုရင် လိုင်စင်ရရှိထားသော ဘဏ်များ သို့မဟုတ် တရားဝင် ငွေလဲကောင်တာများတွင်သာ စနစ်တကျ လဲလှယ်ဆောင်ရွက်ပါ။
လုံခြုံစွာ ခရီးသွားနိုင်ဖို့ ဒီအချက်တွေကို သိထားပြီး မိမိရဲ့မိသားစု၊ မိတ်ဆွေများကိုလည်း မျှဝေဖို့ မမေ့ပါနဲ့။ စနစ်တကျနဲ့ ကြိုတင်ပြင်ဆင်ခြင်းက လိမ်လည်မှုများကင်းဝေးပြီး လုံခြုံစိတ်ချပြီး ပျော်ရွှင်ရတဲ့ ခရီးစဉ်လေးတစ်ခု ဖြစ်စေမှာပါ။
Scam Awareness အကြောင်း အသိပညာများကို Yoma Bank Facebook Page တွင် မျှဝေသွားမည်ဖြစ်သဖြင့် စောင့်ကြည့်ပေးပါ။ သံသယဖြစ်ဖွယ်အခြေအနေများနှင့် ကြုံတွေ့ပါက Customer Care Center 24/7 ၉၆၆၂ (သို့မဟုတ်) ၀၉၇၉၆၆၂၉၆၆၂ သို့ ချက်ချင်းဆက်သွယ်ပါ။
👉 အသေးစိတ်ကြည့်ရန် – https://ymbank.co/scam-awareness



BizSpace Portal
Payroll Portal
Supply Chain Financing





