ရိုးမဘဏ်နဲ့ဆိုရင် လျင်မြန်၊ လုံခြုံပြီး အဆင်ပြေတဲ့ ဒီဂျစ်တယ်ငွေပေးချေမှုကို ရယူနိုင်ပါတယ်။

3 May 2026

နေ့စဉ်ဘဝမှာ ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုတွေအတွက် ငွေပေးချေတာပဲဖြစ်ဖြစ် 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ရဲ့ “Scan To Pay” Feature ကို အသုံးပြုပြီး MMQR ကို Scan ဖတ်လိုက်တာနဲ့ လျင်မြန်၊ လုံခြုံပြီး အဆင်ပြေတဲ့ ဒီဂျစ်တယ်ငွေပေးချေမှုအတွေ့အကြုံကို ရရှိနိုင်မှာပါ။

ဘာကြောင့် “Scan To Pay” Feature ကို အသုံးပြုသင့်တာလဲ?

✅ ပွင့်လင်းမြင်သာမှုရှိခြင်း
ဒီဂျစ်တယ်ငွေပေးချေမှုစနစ်ဟာ ငွေကြေးစီးဆင်းမှုမှတ်တမ်းတွေကို ပွင့်လင်းမြင်သာစေသလို မိမိရဲ့ အသုံးစရိတ်မှတ်တမ်းတွေကို စနစ်တကျ ပြန်လည်စီမံခန့်ခွဲရာမှာလည်း များစွာအထောက်အကူဖြစ်စေပါတယ်။

✅ ပိုမိုကျယ်ပြန့်တဲ့ ချိတ်ဆက်မှု
𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 ထဲမှာတင် MMQR ကဲ့သို့သော ငွေပေးချေမှုစနစ်အပြင် WavePay အကောင့်တွေနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် ငွေပေးချေမှုတိုင်းဟာ ပိုမိုမြန်ဆန်ပြီး အဆင်ပြေချောမွေ့စေမှာပါ။

✅ ရိုးရှင်းလွယ်ကူခြင်း
နေ့စဉ်ငွေကြေးလုပ်ငန်းဆောင်တာတွေကို အချိန်ကုန်သက်သာစွာ လုပ်ဆောင်နိုင်ဖို့ 𝗬𝗼𝗺𝗮 𝗕𝗮𝗻𝗸 𝗡𝗲𝘅𝘁 𝗠𝗼𝗯𝗶𝗹𝗲 𝗔𝗽𝗽𝗹𝗶𝗰𝗮𝘁𝗶𝗼𝗻 က အမြဲအသင့်ရှိနေပါတယ်။

ဘယ်နေရာရောက်ရောက်၊ ဘာပဲဝယ်ဝယ် ပိုမိုစမတ်ကျတဲ့ လူနေမှုပုံစံကို ပိုင်ဆိုင်ဖို့ ရိုးမဘဏ်နဲ့အတူ လုပ်ဆောင်လိုက်ပါ။

#YomaBank #YomaBankNextMobileApplication #MMQR #DigitalBanking