COVID-19 ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ - တတိယအကြိမ်မြောက် World Savings Day ဖိုရမ်
1 Min Read

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ GIZ, UNCDF, SBFIC (German Saving Foundation), JICA နှင့် DGRV တို့နှင့်ပူးပေါင်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့မှ ကမကထပြုကာ ငွေကြေးကို ထိရောက်စွာကိုင်တွယ်စီမံနိုင်ရေး နည်းလမ်းကို မျှဝေပေးနိုင်ရန် ရည်ရွယ်ပြီး “COVID-19 ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများ – တတိယအကြိမ်မြောက် World Savings Day” ဖိုရမ် (Financial Challenges in the COVID-19 Era:3rd World Savings Day” forum) ကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ရည်ရွယ်ချက်မှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs)၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသူကျောင်းသားများနှင့် ပြည်သူတစ်ဦးချင်းစီအလိုက် ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း ဘဏ္ဍာရေးစိန်ခေါ်မှုများကို စီမံခန့်ခွဲရာတွင် အောင်မြင်မှုရစေရေးအတွက် ကူညီပေးရန် ဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် အမေရိကန် ဒေါ်လာ ၁,၄၀၀ ပါဝင်ပံ့ပိုးပေးရုံသာမက ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ဘဏ္ဍာရေး စိန်ခေါ်မှုများအကြောင်း အသိပညာမျှဝေပေးရန် သက်ဆိုင်ရာ ကျွမ်းကျင်သူ ၃ ဦးဖြင့် ပါဝင်အားဖြည့်ခဲ့ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

