Insurance Asia Awards 2026 တွင် “Strategic Partnership of the Year” ဆု ဆွတ်ခူးရရှိခဲ့သည့် ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံ
ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့၏ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Insurance Asia Awards 2026 တွင် “Strategic Partnership of the Year” ဆုကို ထိုက်တန်စွာ ဆွတ်ခူးရရှိခဲ့ပါသည်။
ဤဆုသည် အဖွဲ့အစည်းနှစ်ခု၏ ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို အသိအမှတ်ပြုခြင်းဖြစ်သည့်အပြင် Customer များအတွက် ယုံကြည်စိတ်ချရသော ငွေကြေးနှင့် အာမခံဝန်ဆောင်မှုများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရန် အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်သော ပြောင်းလဲမှုများကို ဖော်ဆောင်ခဲ့သည့် ရလဒ်တစ်ခုလည်း ဖြစ်ပါသည်။
ဤအောင်မြင်မှု၏ နောက်ကွယ်တွင် Customer များအား အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသော ရိုးမဘဏ် ဘဏ်ခွဲများနှင့် ပရူဒန်ရှယ်အာမခံမှ ဝန်ထမ်းများ၏ အားထုတ်မှုများသည် အရေးပါသော အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့ပြီး ဤအောင်မြင်မှုခရီးလမ်းတွင် ပါဝင်ပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
ရိုးမဘဏ်အနေဖြင့် ရှေ့ဆက်ပြီး ပရူဒန်ရှယ်အာမခံနှင့်အတူ မြန်မာပြည်သူပြည်သားများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ဆက်လက်ဖန်တီးပုံဖော်သွားမည်ဖြစ်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal






