ရိုးမဘဏ် Branch Internship Program ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် လူငယ်များအတွက် Graduation Ceremony ကျင်းပပြုလုပ်

18 September 2026လှုပ်ရှားမှုများ

၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ရိုးမဘဏ် Branch Internship Program ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့် လူငယ် (၂၈) ဦးအတွက် Internship Graduation Ceremony ကို ရိုးမဘဏ်ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ်၊ ဇွန်လမှ ဩဂုတ်လအထိ (၃) လကြာ ပြုလုပ်ခဲ့သည့် Internship Program သည် လူငယ်များအနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ လက်တွေ့အသိပညာနှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိစေရန်အပြင် လုပ်ငန်းခွင်တွင် လိုအပ်သည့် Professional Skills များ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

Internship Program ကာလအတွင်း လူငယ်များအနေဖြင့် အောက်ပါအခွင့်အလမ်းများကို ရရှိခဲ့ပါသည်။

  • သတ်မှတ်ထားသည့် ရိုးမဘဏ်ဘဏ်ခွဲများရှိ Customer Service၊ Business Development နှင့် Cash ဌာနများတွင် တစ်လစီ လှည့်လည်တာဝန်ထမ်းဆောင်ရင်း လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိခြင်း
  • Internship ကာလတစ်လျှောက် သတ်မှတ်ထားသည့် Mentor များ၏ အနီးကပ်လမ်းညွှန်မှုနှင့် ပံ့ပိုးမှုများ ရရှိခြင်း
  • လစဉ် Catch-up Sessions နှင့် Soft Skills Training များတွင် ပါဝင်ရင်း လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် ပေါင်းသင်းဆက်ဆံရေးစွမ်းရည်များ မြှင့်တင်နိုင်ခြင်း
  • Program အဆုံးသတ်တွင် Final Presentations များမှတစ်ဆင့် မိမိတို့၏ သင်ယူခဲ့မှုများ၊ အတွေ့အကြုံများနှင့် တိုးတက်မှုများကို ပြန်လည်မျှဝေနိုင်ခြင်း

Graduation Ceremony အတွင်း ရိုးမဘဏ်မှ တာဝန်ရှိသူများ၏ အမှာစကားပြောကြားခြင်း၊ လူငယ်များနှင့် Mentor များအား Certificate များ ပေးအပ်ခြင်း၊ Performance အစီအစဉ်များနှင့် ဆုလက်ဆောင်များ ပေးအပ်ခြင်းတို့ ပါဝင်ခဲ့ပါသည်။ Internship Program ကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးနောက် လူငယ်အများစုသည် သက်ဆိုင်ရာ ရိုးမဘဏ် ဘဏ်ခွဲများတွင် အချိန်ပြည့်ဝန်ထမ်းများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။

Share this news on

Other Related News

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့ ပူးပေါင်း၍ “စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့တွင် မန္တလေးမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့သည် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (Myanmar Business Executives Association - MBE) နှင့် ပူးပေါင်း၍ “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် PARKROYAL Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။