Yoma Bank CSR
1 min
CSR အစီအစဉ်များမှတစ်ဆင့် လူမှုအသိုင်းအဝန်းများအား ကူညီပံ့ပိုးခြင်း
ရိုးမဘဏ်၏ ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သည် လှုမှုအသိုင်းအဝန်း ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဂေဟစနစ်အတွက် ကူညီပံ့ပိုးလုပ်ဆောင် ပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော အများပြည်သူအပေါ်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရရှိစေရန် ရည်ရွယ် လုပ်ဆောင်သည့် အဓိကကျသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။ ရိုးမဘဏ်အနေဖြင့် လာမည့်နှစ်များအတွင်း CSR မဟာဗျူဟာ၏ ချမှတ်ထားသည့် CSR မဏ္ဍိုင် (၃) ရပ်ကို ဦးတည်ပြီး စီးပွားရေး၊ လူမှုရေး၊ ဝန်ထမ်းရေးရာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍများအတွက် အကျိုးသက်ရောက်မှုများရှိစေရန် ရည်ရွယ်ပြီး တာဝန်ယူလုပ်ဆောင်နေပါသည်။ တစ်ပြိုင်နက်တည်းမှာပင် ရိုးမဘဏ်၏ “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိတို့ဝန်ဆောင်မှုပေးလျက်ရှိသည့် နေရာများရှိအများပြည်သူတို့အတွက် အထူးအလေးထား လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိတဝတ်ပြုထားခြင်းဖြစ်ပါသည်။
ရိုးမဘဏ်၏ CSR အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မည့် နေရာဒေသများတွင် ကောင်းမွန်သော သက်ရောက်မှုများ ပိုမိုရရှိစေရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေစဉ် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ရန် သို့မဟုတ် ပြန်လည်ပြင်ဆင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။ ရိုးမဘဏ် အနေဖြင့် CSR အစီအစဉ်များ ပြုလုပ်ရာတွင် လူမှုဘဝဆိုင်ရာများ၊ သဘာဝပတ်၀န်းကျင်ဆိုင်ရာများ နှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များ အစရှိသော ဧရိယာများကို ဦးစားပေး နယ်ပယ်များအဖြစ် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားပြီး ဖြစ်ပါသည်။
ရိုးမဘဏ်သည် ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်ဆိုသည့် ရည်ရွယ်ချက်အတိုင်း အများပြည်သူများသို့ ကောင်းမွန်သော သက်ရောက်မှုရရှိစေရန် နှစ်စဉ် ၎င်း၏ CSR အစီအစဉ်အမျိုးမျိုးကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ပေးလျက်ရှိပါသည်။
CSR မဏ္ဍိုင်များ
ကျွန်ုပ်တို့အနေဖြင့် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်တည်ဆောက်ရန်” လုပ်ဆောင်ရာတွင် မဏ္ဍိုင် (၃) ရပ် ချမှတ်ထားပြီး CSR မဟာဗျူဟာအခြေခံအဖြစ် ရှိနေမည် ဖြစ်သည်။
- လူမှုဘဝဆိုင်ရာမဏ္ဍိုင် – လူနေမှုဘဝ အခြေအနေအား မြှင့်တင်ခြင်း နှင့် လူမှုအသိုင်းအဝိုင်းမှာ ပါဝင်မှုတိုးမြှင့်ပေးခြင်း
- သဘာဝပတ်ဝန်းကျင်ဆိုင်ရာမဏ္ဍိုင် – နောက်လာမည့် မျိုးဆက်သစ်များအတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်း
- ဝန်ထမ်းရေးရာမဏ္ဍိုင် – ပိုမိုကောင်းမွန်သော နေ့ရက်များတည်ဆောက်နိုင်ရန် ဝန်ထမ်းများကို ပံ့ပိုးပေးခြင်း
မဏ္ဍိုင်များ၏ ရည်ရွယ်ချက်သည် CSR အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ချိန်တွင် ရိုးမဘဏ်၏ ကော်ပိုရိတ် မဟာဗျူဟာနှင့် ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန် ဖြစ်ပါသည်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal

