ရိုးမဘဏ်က ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အိမ်ခြေပေါင်း ၆,၅၀၀ ခန့်အတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား ပြုလုပ်ခဲ့

New & Activities > သတင်းများ

ရိုးမဘဏ်က ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အိမ်ခြေပေါင်း ၆,၅၀၀ ခန့်အတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား ပြုလုပ်ခဲ့

New & Activities > သတင်းများ

ရိုးမဘဏ်က ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အိမ်ခြေပေါင်း ၆,၅၀၀ ခန့်အတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနား ပြုလုပ်ခဲ့

19 October 2020သတင်းများ

1 Min Read

  • ရှမ်းပြည်နယ် မြောက်ပိုင်း၊ မြို့နယ် ၇ မြို့နယ်တွင်းရှိ ကျေးရွာ ၅၃ ရွာမှ ရွာသူရွာသား ၂၇,၀၀၀ ကျော်ခန့် အကျိုးကျေးဇူး ရရှိခဲ့ပါသည်။
  • ယခု လှူဒါန်းမှုတွင် ဆေးဝါးအထောက်အကူပြုပစ္စည်း အရေအတွက် ၂၀,၀၀၀ ကျော်ခန့်အပြင် အများပြည်သူအတွက် ကျန်းမာရေးဆိုင်ရာ ပညာပေး အစီအစဉ်များလည်း ပါဝင်ပါသည်။

ရန်ကုန်၊ မြန်မာ – အောက်တိုဘာ ၁၉, ၂၀၂၀ – ရိုးမဘဏ် ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့သည်။ အဆိုပါ လှူဒါန်းမှု အခမ်းအနားကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၇ ရက်တွင် လားရှိုးမြို့ရှိ သာသနာ့ ၂,၅၀၀ ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ကျန်းမာရေး လုပ်သား ၇၀ ကျော်မှတစ်ဆင့် အများပြည်သူသို့ လှူဒါန်းပစ္စည်းများ ဖြန့်ဝေမှု ပြုလုပ်ပေးခဲ့သည်။ ၎င်းလှူဒါန်းပစ္စည်းများကို လားရှိုး၊ မိုင်းရယ်၊ တန့်ရမ်း၊ နမ့်တူ၊ ကျောက်မဲ၊ ကွတ်ခိုင် နှင့် နမ့်ခမ်းမြို့နယ်အစရှိသော မြို့နယ် ၇ မြို့တွင်းရှိ ကျေးရွာ ၅၃ ရွာမှ ဒေသခံ ၂၇,၀၀၀ ကျော် အကျိုးသက်ရောက်မှု ရှိမည် ဖြစ်သည်။ ယခု လှူဒါန်းမှုတွင် တစ်ကိုယ်ရေ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းများ၊ သာမိုမီတာများ၊ ဆေးဝါး ကိရိယာများ နှင့် ဆေးဝါးများ ပါဝင်သည်။

အခမ်းအနားသို့ လားရှိုးဘဏ်ခွဲမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ၊ ကျန်းမာရေး လုပ်သားများ နှင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များက အချင်းချင်း ခပ်ခွာခွာနေထိုင်ခြင်း (social distancing) အလေ့အကျင့်ကို လိုက်နာကျင့်သုံးပြီး ဒေသတွင်းထုတ်ပြန်ထားသော COVID-19 စည်းကမ်းချက်များကို လိုက်နာကာ တက်ရောက်ခဲ့ကြသည်။ ရိုးမဘဏ်၏ CSR အစီအစဉ်သစ်သည် အများပြည်သူ လူမှုဘဝသာယာရေး နှင့် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ရရှိမှု မြှင့်တင်ရေးကို ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုနိုင်ရန်  ကတိကဝတ်ပြု ဆောင်ရွက်လျက်ရှိပါသည်။

အစိုးရက အချင်းချင်း ခပ်ခွာခွာနေထိုင်ခြင်း (Social Distancing) ကြေညာထားချိန်တွင် ယခုလှူဒါန်းမှုသည် ထိခိုက်လွယ်သော လူမှု အသိုက်အဝန်းအတွက် အဓိကကျသော ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိနိုင်ရန် လှူဒါန်းပေးခြင်းဖြင့် အများပြည်သူသို့ COVID-19 သက်ရောက်မှုများ လျော့နည်းသက်သာစေရန် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ထပ်မံပြီးလည်း ရိုးမဘဏ်မှ ဝေးလံကာ ဖွံ့ဖြိုးမှုနည်းနေသေးသော နေရာများရှိ ပြည်သူအများကို အခြေခံ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ မြှင့်တင်ပေးရန် ဆောင်ရွက်လျှက်ရှိပါသည်။

ရိုးမဘဏ်က COVID-19 ကာကွယ်ရေးဆိုင်ရာများကို မြှင့်တင်ရန် နှင့် သတိပြုနိုင်စေရန် အသံချဲ့စက်များ အသုံးပြုကာ ဒေသတွင်း ဘာသာစကားများဖြင့် အများပြည်သူ ပညာပေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ယင်းအစီအစဉ်တွင် COVID-19 ရောဂါလက္ခဏာများ၊ ကာကွယ်ရေး နှင့် ကူးစက်မှုများ လျှော့ချရန် နည်းလမ်းများအပြင် အရေးပေါ် ရရှိနိုင်သည့် ဝန်ဆောင်မှုများအစရှိသည့် မှန်ကန်တိကျသော သတင်းအချက်အလက်များကို ပြည်သူလူထုထံ ရောက်ရှိစေရန် ပံ့ပိုးလုပ်ဆောင်ပေးမှုများ ပါဝင်မည်ဖြစ်သည်။ ထို့ပြင် အများပြည်သူသို့ ကပ်ရောဂါနှင့် ပတ်သတ်သော သတင်းအချက်အလက်များ စဉ်ဆက်မပြတ် ရရှိအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။  

ရိုးမဘဏ်၏ CEO Mr. Dean Cleland ကလည်း “ရိုးမဘဏ်ရဲ့ CSR အစီအစဉ်သစ်ကနေတဆင့် ဖွံ့ဖြိုးမှုနည်းနေပြီး အကူအညီလိုအပ်နေတဲ့ ဒေသတွေမှာရှိတဲ့ ပြည်သူတွေကို ကူညီခွင့်ရတဲ့အတွက် ကျွန်တော်တို့ အနေနဲ့ အလွန်ပင် ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ရိုးမဘဏ်အနေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုပေးသောနေရာတွေမှာရှိတဲ့ အများပြည်သူကို ပြန်လည် အလုပ်အကျွေးပြုဖို့ ကတိတဝတ် ပြုထားပြီးဖြစ်တဲ့အတွက် လူမှုဘဝ တိုးတက်ရေး နဲ့ တန်းတူပါဝင်နိုင်ရေးတွေ တိုးတက်ဖြစ်ထွန်းစေဖို့ အဓိကထား လုပ်ဆောင်ပေးသွားမှာပါ။ ဒီအစီအစဉ်ကနေ အများပြည်သူအပေါ် ကပ်ရောဂါဘေး ရင်ဆိုင်ကြုံတွေနေရတာတွေ ကျော်လွှားကာ COIVD-19 ကုသရေး၊ ကာကွယ်ရေးဆိုင်ရာများနဲ့ ပတ်သတ်ပြီး ကောင်းမွန်တဲ့ သက်ရောက်မှုတွေ ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အထောက်အပံ့များ လိုအပ်နေတဲ့ ပြည်သူတွေဆီကို မတူညီတဲ့ စီမံကိန်းများနဲ့အတူ စဉ်ဆက်မပြတ် ထပ်မံ အကူအညီပေးသွားဖို့လည်း လုပ်ဆောင်နေပါတယ်။ အခု လှူဒါန်းမှု အစီအစဉ်ကတစ်ဆင့် ဒီဒေသ တွင်းမှာရှိတဲ့ COIVD-19 ကာကွယ်ရေးနှင့် ပတ်သတ်ပြီး အများပြည်သူများအပေါ် ကောင်းမွန်သော သက်ရောက်မှုများ ရရှိမယ်လို့ မျှော်လင့်မိပါတယ်”ဟု ပြောကြားသည်။

ရိုးမဘဏ်က ယင်းဒေသရှိ ကျန်းမာရေး လုပ်သား ၇၀ ဦးကို ၎င်းတို့၏ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန်  လိုအပ်သော ဆေးဝါးဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ၂၀,၀၀၀ ကျော်ကို လှူဒါန်းပေးခဲ့သည်။ အဆိုပါ အစီအစဉ်တွင် အခြေခံ ဆေးဝါးဆိုင်ရာ အသုံးအဆောင် ပစ္စည်းများဖြစ်သော  နှာခေါင်းစည်းများ၊ မျက်နှာအကာများ၊ သာမိုမီတာ၊ ဗီတာမင်၊ ဆေးဝါးများ၊ စာရေးကိရိယာများ၊ ကျောပိုးအိတ်များ၊ မိုးကာအကျ်ီများ၊ ကျန်းမာရေး လုပ်သားများအတွက် ဆေးပစ္စည်းများ နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အသုံးအဆောင်များဖြစ်သည့် ဆပ်ပြာ၊ လက်ဆေးဆပ်ပြာ၊ လက်သည်းညှပ် အစရှိသော ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို လှူဒါန်းပေးခဲ့သည်။

မန်တုံမြို့၊ ဆိုင်လိန် ကျေးရွာမှ ကျန်းမာရေးဝန်ထမ်းဖြစ်သူ မလွေးယေကျော့ က “ရွာသူရွာသားများအနေနဲ့ ရိုးမဘဏ်ကနေ လှူဒါန်းတဲ့ လိုအပ်တဲ့ ဆေးဝါးအထောက်အပံ့တွေ လက်ခံရရှိတဲ့အတွက် ဝမ်းသာနေကြပါတယ်။ COVID-19 ကြောင့် ဒေသတွင်း အသွားအလာကန့်သတ်မှုတွေက ရွာသူရွာသားတွေအတွက် ဆေးဝါးကုသမှုရရှိရေးမှာ အခက်အခဲတွေ ရှိလာစေပါတယ်။ ဘဏ်အနေနဲ့ ဒေသတွင်း ဘာသာစကားအမျိုးမျိုး အသုံးပြုပြီး သတင်းအချက်အလက်တွေ စဉ်ဆက်မပြတ် ပေးသွားမှာဖြစ်တာကြောင့် ဒီပညာပေးအစီစဉ်တွေက ဒေသခံပြည်သူတွေအတွက် အကျိုးရှိစေမှာပါ။ လိုအပ်နေတဲ့အချိန်မှာ အခုလို ပံ့ပိုးပေးတဲ့အတွက် ဒေသတွင်း ကျန်းမာရေးဝန်ထမ်းတွေ အားလုံးကိုယ်စား ကျွန်တော်တို့အနေနဲ့ ရိုးမဘဏ်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်” ဟု‌ ပြောသည်။

ရိုးမဘဏ်သည် ပြည်သူအများကို မျှဝေခြင်း အစီအစဉ်ကို ဖန်တီးပေးခြင်းဖြင့် ပိုမို ကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန် ရည်ရွယ်လုပ်ဆောင်လျှက် ရှိပါသည်။ ရိုးမဘဏ်က ငွေရေးကြေးရေးစနစ် ပုံဖော်ခြင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းများ၊ အများပြည်သူ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်း အစရှိသည့် ကောင်းမွန်သော သက်ရောက်မှုရှိသည့် အစီအစဉ်များကို လုပ်ဆောင်ခြင်းဖြင့် လက်ရှိ လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိပါသည်။ ရိုးမဘဏ်က ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်အတွက်  အများပြည်သူသို့ ကောင်းမွန်သော သက်ရောက်မှုရရှိစေရန်  ယခုနှစ်တွင် ၎င်း၏ မတူညီသော CSR အစီအစဉ်များကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ပေးလျက်ရှိပါသည်။ 

Share this news on