(CSR) “We Care” အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှိုင်သာယာမြို့နယ်ရှိ ဒေသခံ ပြည်သူလူထု နှင့် Quarantine Center များသို့ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ပံ့ပိုးမှုများပြုလုပ်ခြင်း

New & Activities > CSR

(CSR) “We Care” အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှိုင်သာယာမြို့နယ်ရှိ ဒေသခံ ပြည်သူလူထု နှင့် Quarantine Center များသို့ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ပံ့ပိုးမှုများပြုလုပ်ခြင်း

New & Activities > CSR

(CSR) “We Care” အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှိုင်သာယာမြို့နယ်ရှိ ဒေသခံ ပြည်သူလူထု နှင့် Quarantine Center များသို့ လူမှုအကျိုးပြုလုပ်ငန်းများအတွက် ပံ့ပိုးမှုများပြုလုပ်ခြင်း

14 June 2020CSR

1 Min Read

ရိုးမဘဏ်က ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) “We Care” အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှိုင်သာယာမြို့နယ်ရှိ ဒေသခံ ပြည်သူလူထု နှင့် Quarantine Center များသို့ လူမှု အကျိုးပြု လုပ်ငန်းများအတွက် ပံ့ပိုးမှုများ ပြုလုပ်

မြန်မာ၊ ရန်ကုန် – နိုဝင်ဘာ ၆ ရက်၊ ၂၀၂၀ – ရိုးမဘဏ်က ကော်ပိုရိတ် လူမှုရေးဆိုင်ရာ တာဝန်ယူမှု တာဝန်ခံမှု (CSR) “We Care” အစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လှိုင်သာယာမြို့နယ်ရှိ ဒိုင်းစု နှင့် ညောင်ကျေးရွာများသို့ ဆေးဝါးများ၊ ကျန်းမာရေး နှင့် အစားအသောက်များ ပါဝင်သော အထောက်အပံ့အိတ်များ လှုဒါန်းခဲ့သည်။

Yoma Strategic Holdings နှင့် ရန်ကုန်အခြေစိုက် အကျိုးအမြတ်မယူသော အဖွဲ့အစည်း Step-in Step-up တို့ ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး ယခုလှုဒါန်းခြင်းသည် လိုအပ်သော အထောက်အပံ့များ ပံ့ပိုးပေးခြင်းအားဖြင့် လူမှုစီးပွားရေးဆိုင်ရာ ဧရိယာများတွင် COVID-19 ၏ သက်ရောက်မှု လျော့နည်းစေရန် အဓိကထား လှုဒါန်းခြင်းဖြစ်ပါသည်။ အဆိုပါ လှုဒါန်းခြင်းမှ လူဉီးရေ ၁,၁၀၀၀ ကျော်ကို တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိစေခဲ့ပြီး ယင်းအထဲမှ အများစုမှာ လက်လုပ်လက်စား လုပ်သားများ ဖြစ်ကြသည်။

COVID-19 ကပ်ရောဂါသည် မကြုံစဖူး ပြည်သူ့ကျန်းမာရေး စိန်ခေါ်မှုအဖြစ်သို့ ပြောင်းလဲလာသည်နှင့်အမျှ အကျိုးဆက်အနေဖြင့် မက်ခရို နှင့် မိုက်ခရိုစီးပွားရေးအပေါ် အကြီးအကျယ် ထိခိုက်လာစေသည်။ ယခုအခြေအနေက တစ်ဉီးချင်းစီ နှင့် မိသားစုများကို သိသိသာသာ ငွေရေးကြေးရေး အခက်အခဲများ ဖြစ်ပေါ်လာစေခဲ့သည်။ လှိုင်သာယာမြို့နယ်တွင်းရှိ လုပ်ငန်းလုပ်ကိုင်ကြသူ အများစုသည် စက်ရုံများတွင် နေ့စားလုပ်သားအနေဖြင့် လုပ်ကိုင်ကြပြီး အခြားလုပ်သား လိုအပ်သည့်လုပ်ငန်းများတွင် လုပ်ကိုင်သူများလည်း ရှိကြသည်။ မကြာသေးမီက  စက်ရုံများကို ပိတ်လိုက်ခြင်းကြောင့် ၎င်းတို့၏ ငွေကြေးအင်အားကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

ယင်းကဲ့သို့ လိုအပ်နေသူများကို ပံ့ပိုးပေးနိုင်ရန် ကျွန်ပ်တို့အနေဖြင့် ဆန်၊ တာရှည်ခံအစားအသောက်များ၊ စည်သွပ်ဘူးများ၊ သန့်ရှင်းရေးသုံးပစ္စည်းများ နှင့် ကျန်းမာရေးဆိုင်ရာ အသုံးအဆောင်များ ပါဝင်သော အထောက်အပံ့ထုပ်များကို ဖြန့်ဝေပေးခဲ့သည်။ ဤလှုဒါန်းမှုသည် ထိခိုက်လွယ်သော လုမှုအသိုက်အဝန်းအတွက် နေ့စဉ်လိုအပ်ချက်များဖြင့် ကူညီပေးမည်ဖြစ်ပြီး ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော အများပြည်သူ၏ စားဝတ်နေရေးအပေါ် အပြုသဘောဆောင်သည့် သက်ရောက်မှု ရှိစေမည်ဖြစ်သည်။ COVID-19 သံသယလူနာ နှင့် ပိုးတွေ့လူနာ အရေအတွက်များ တိုးလာသည့်အလျောက် quarantine center အများစုမှာ လူမှုရေးအသိုင်းအဝိုင်းများ နှင့် အခြားသော အဖွဲ့အစည်းများ၏ ပံ့ပိုးမှုများလည်း လိုအပ်လျှက်ရှိပါသည်။ ဘဏ်အနေဖြင့် ဒိုင်းစု နှင့် ညောင်ကျေးရွာများရှိ  quarantine center နှစ်ခုကိုလည်း ကျန်းမာရေးဆိုင်ရာ ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းမျးလည်း လှုဒါန်းခဲ့ကြသည်။

ရိုးမဘဏ်၏ CEO မစ္စတာ Dean Cleland ကလည်း “ကျွန်တော်တို့အနေနဲ့ အထူးသဖြင့် ယခုလို မကြုံစဖူးတဲ့ ကာလအတွင်း ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်းအဝိုင်းကို ကူညီပေးရတဲ့အတွက် ဝမ်းသာမိပါတယ်။ ကပ်ရောဂါကြောင့် သက်ရောက်မှု အများဆုံးခံစားရတဲ့ နေ့စားလုပ်သားတွေအတွက် လိုအပ်တဲ့ နေ့စဉ်သုံး ပစ္စည်းများနဲ့ စားဝတ်နေရေးအတွက် ကူညီ ပံ့ပိုးမှုတွေကို ပြုလုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ “We Care” CSR အကောင်အထည်ဖော်မှုကတဆင့် ရိုးမဘဏ်အနေနဲ့ လူမှုအသိုင်းအဝိုင်းအပေါ်မှာ ကျွန်တော်တို့ စွမ်းဆောင်နိုင်စွမ်းရှိသလောက် အကောင်းဆုံး ပံ့ပိုးပေးသွားဖို့ ကတိကဝတ်ထားရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရိုးမဘဏ် လုပ်ငန်းလည်ပတ်နေတဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ quarantine center နှစ်ခုအတွက် လိုအပ်တဲ့ ကျန်းမာရေးဆိုင်ရာပစ္စည်းတွေ လှုဒါန်းရတဲ့အတွက်လည်း ဝမ်းမြောက်မိပါတယ်”ဟု ပြောခဲ့သည်။

Step-in Step-up တည်ထောင်သူ နှင့် ခေါင်းဆောင်ဖြစ်သူ Jackie Appel ကလည်း “Covid-19 နဲ့ ပတ်သတ်ပြီး ကျမတို့ အများကြီး မသိပါဘူး။ ကျမတို့ သိထားတာက စီးပွားရေးလုပ်ငန်းတွေ ပိတ်သိမ်းမှုကြောင့် ငွေကြေးအပိုအလျှံ မရှိသူတွေ အလုပ်လက်မဲ့ ဖြစ်လာကြလို့ ထိခိုက်မှုတွေရှိနေပြီး ဒီအခြေအနေတွေက  ခန့်မှန်းထားတဲ့အချိန် ထက်ပိုကြာကြာ ဖြစ်နေတယ်ဆိုတာကိုတော့ သိပါတယ်။ ဒီနေ့ဒီချိန်မှာ လိုအပ်နေတဲ့ ပြည်သူတွေကို ပံ့ပိုးဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။ ကျမတို့အနေနဲ့ ရိုးမဘဏ်၊ Yoma Strategic Holdings နဲ့ လှုဒါန်းတဲ့ တစ်ယောက်ချင်းစီတိုင်းကို သူတို့ရဲ့ ပံ့ပိုးမှုအတွက် ကျေးဇူးတင်ပါတယ်။ Step-in Step-up အနေနဲ့ လိုအပ်နေတဲ့ ပြည်သူတွေကို ဆက်လက်ပံ့ပိုးပေးနိုင်ဖိုံ အလှုငွေလက်ခံကာ ရန်ပုံငွေတွေကိုလည်း ဆက်လက်မြှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ရိုးမဘဏ်က ငွေရေးကြေးရေးစနစ် ပုံဖော်ခြင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းများ၊ အများပြည်သူ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း နှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေးခြင်း အစရှိသည့် ကောင်းမွန်သော သက်ရောက်မှုရှိသည့် အစီအစဉ်များကို လုပ်ဆောင်ခြင်းဖြင့် လက်ရှိ လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်လျှက်ရှိပါသည်။

ရိုးမဘဏ်က ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော် တည်ဆောက်ရန်အတွက်  အများပြည်သူသို့ ကောင်းမွန်သော သက်ရောက်မှုရရှိစေရန်  ယခုနှစ်တွင် ၎င်း၏ CSR အစီအစဉ်များကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ပေးလျှက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် ဇူလိုင်ကလည်း COVID-19‌ ရောဂါဖြစ်ပွားနေစဉ်အတွင်း လုံခြုံစိတ်ချစွာ ကျောင်းပြန်တက်နိုင်ရန် လှိုင်သာယာ မြို့နယ်ရှိ ဒိုင်စုကျေးရွာ နှင့် နောင်ကျေးရွာတို့ရှိ ကျောင်းသားကျောင်းသူများအား ကိုယ်တိုင် ဒီဇိုင်းဆင်နိုင်သော နှာခေါင်းစည်း ၆၀၀၀ ကျော်နှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှုဒါန်းခဲ့သည်။

Share this news on

Other Related News

Yoma Bank CSR

Yoma Bank CSR

CSR အစီအစဉ်များမှတစ်ဆင့် လူမှုအသိုင်းအဝန်းများအား ကူညီပံ့ပိုးခြင်း

"Share to Care" Family Care Package

ရိုးမဘဏ်က “Share to Care Family Care Pack” အထောက်အပံ့အိတ်များကို
ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

ဝန်ထမ်းများအတွက် COVID-19 ကာကွယ်ဆေး ထိုးနှံပေးခြင်း

ရိုးမဘဏ်အနေဖြင့် ကျွန်ုပ်တို့၏ လက်ရှိဖော်ဆောင်လျက်ရှိသော “We Care”