ရိုးမဘဏ် အကောင့်သုံးစွဲသူများအတွက် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်ခ ကင်းလွတ်ခွင့် ပေးလိုက်ပြီဖြစ်

New & Activities > သတင်းများ

ရိုးမဘဏ် အကောင့်သုံးစွဲသူများအတွက် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်ခ ကင်းလွတ်ခွင့် ပေးလိုက်ပြီဖြစ်

New & Activities > သတင်းများ

ရိုးမဘဏ် အကောင့်သုံးစွဲသူများအတွက် ဘဏ်အချင်းချင်း ငွေလွှဲဝန်ဆောင်ခ ကင်းလွတ်ခွင့် ပေးလိုက်ပြီဖြစ်

7 May 2020သတင်းများ

1 Min Read

ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ရိုးမဘဏ် Customer များ ငွေလွှဲရာတွင် လွယ်ကူစိတ်ချစွာဆောင်ရွက်နိုင်စေခြင်းအားဖြင့် လက်ရှိ ကြုံတွေ့နေရသော အခြေအနေ၏ ရိုက်ခတ်မှုကို သက်သာ လျော့နည်းစေရန် နှင့် ငွေသားမဲ့စီးပွားရေးဆီသို့ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်စေရန် ရည်ရွယ်သည်။

ရန်ကုန်၊ မြန်မာ – မေလ ၇ ရက်၊ ၂၀၂၀ ခုနှစ် – ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဂယက်ကြောင့် စိန်ခေါ်မှုများ ကြုံတွေ့နေရသည့် စီးပွားရေးလုပ်ငန်းများကို အထောက်အပံ့ပေးရန်နှင့် Customer များအတွက် လွယ်ကူသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ဆက်လက်ပေးစွမ်းမှုကို သေချာစေရန် ရည်ရွယ်ပြီး ရိုးမဘဏ်အကောင့် ပိုင်ရှင်များ ရိုးမဘဏ်ငွေလွှဲကောင်တာမှတစ်ဆင့် ဘဏ်အချင်းချင်းငွေလွှဲရာတွင် ပေးဆောင်ရသည့် ဝန်ဆောင်ခကို ယနေ့ ၂၀၂၀ခုနှစ်၊ မေလ ၇ ရက် ၊ ကြာသပတေးနေ့မှ စတင်ပြီး ကင်းလွတ်ခွင့်ပေးလိုက်ကြောင်း ရိုးမဘဏ်က  ထုတ်ပြန်ကြေညာလိုက်ပါသည်။ ယခုပြောင်းလဲမှုနှင့်အတူ ရိုးမဘဏ်သည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း ၎င်း၏ customer များအတွက် ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်ခ ကောက်ခံခြင်းမရှိသည့် ပထမဆုံးသော ဘဏ်ဖြစ်လာခဲ့ပါသည်။ 

ယခုဆောင်ရွက်ချက်သည် ဘဏ်ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် ငွေသားမဲ့ငွေပေးငွေချေမှုများ ပိုမိုဆောင်ရွက်စေရေး အားပေးဆောင်ရွက်ရန်နှင့် ဘဏ်အချင်းချင်းငွေလွှဲမှုများ ပိုမို ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်သည့်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထောက်ခံအားပေးမှုဖြင့် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ရိုးမဘဏ်အကောင့်ပိုင်ဆိုင်သူ မည်သူမဆို ဘဏ်အချင်းချင်းငွေလွှဲဝန်ဆောင်မှုအတွက် ဝန်ဆောင်ခကင်းလွတ်ခွင့်ရမည်ဖြစ်ပါသည်။ ရိုးမဘဏ်အကောင့်မှ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကွန်ရက်အဖွဲ့ဝင် အခြားဘဏ်တစ်ခု၏အကောင့်ထဲသို့ ရိုးမဘဏ်ငွေလွှဲကောင်တာမှတစ်ဆင့် ငွေလွှဲပါက ရိုးမဘဏ်အတွက် ဝန်ဆောင်ခနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကွန်ရက်အသုံးပြုကြေး (CBM Net Fee) များအပါအဝင် ဝန်ဆောင်ခအားလုံးကို ကင်းလွတ်ခွင့်ပေးမည်ဖြစ်သည်။ အလားတူပင် အခြားဘဏ်အကောင့်မှ ရိုးမဘဏ်အကောင့်သို့ ငွေလွှဲလျှင်လည်း ရိုးမဘဏ်အတွက် ဝန်ဆောင်ကို ပေးဆောင်ရမည်မဟုတ်ပါ။ သို့သော် အခြားဘဏ်မှ ကောက်ခံသော ဝန်ဆောင်ခများမှာမူ အဆိုပါဘဏ်များ၏ CBM Net အသုံးပြုကြေးနှင့် ဘဏ်ဝန်ဆောင်ခအပါအဝင် ငွေလွှဲဝန်ဆောင်ခနှုန်းထားများအတိုင်း ဆက်လက် ပေးဆောင်ရမည်ဖြစ်ပါသည်။ 

“ Customer တွေဟာ ကျွန်တော်တို့ရိုးမဘဏ်ရဲ့ ထာဝရဦးစားပေးဖြစ်ပြီးတော့ ကျွန်တော်တို့ ချမှတ်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာလည်း Customer တွေရဲ့ လိုအပ်ချက်တွေနဲ့ ထင်ဟပ်နေပါတယ်။ ယခုအခြေအနေမှာ လုံခြုံစိတ်ချမှု၊ အဆင်ပြေချောမွေ့မှုနဲ့၊ သက်သာချောင်ချိရေးတို့က အဓိကဖြစ်တယ်ဆိုတာ ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ယခုလို ဝန်ဆောင်ခမကောက်ခံတော့တဲ့အတွက် ငွေပေးငွေချေမှုတွေကို လုံခြုံစိတ်ချစွာနဲ့ သက်သက်သာသာဆောင်ရွက်နိုင်မှာဖြစ်သလို ငွေသားမဲ့ စီးပွားရေး တစ်ခုဆီသို့ ခြေလှမ်းတစ်ခုအနေနဲ့လည်း အထောက်အကူပြုမှာဖြစ်ပါတယ်။ ခက်ခဲသောအချိန်မှာ ကျွန်တော်တို့ ရိုးမဘဏ် Customer တွေကို လိုအပ်သလို ကူညီထောက်ပံ့ပေးနိုင်ဖို့ ဆက်လက်ပြီး ကြိုးပမ်းအကောင်အထည် ဖော်သွားမှာဖြစ်ပါတယ်။ ” ဟု ရိုးမဘဏ် အမှုဆောင်အရာရှိချုပ် Mr.Dean Cleland က ပြောကြားခဲ့ပါသည်။ 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေချိန်အတွင်း ရိုးမဘဏ်သည် ကပ်၏နောက်ဆက်တွဲ သက်ရောက်မှုနှင့် ကြုံတွေ့နေရသော Customer များ၏ စိန်ခေါ်မှုများအား ကူညီဖြေရှင်းပေးနိုင်ရန် ဆောင်ရွက်ချက်များ အကောင်အထည် ဖော်ခဲ့ပြီးဖြစ်ပါတယ်။ ခက်ခဲသော အချိန်တွင် Customer များ၏ ငွေကြေးစီးဆင်းမှု အခက်အခဲကို ကူညီဖြေလျှော့ပေးရန် ၆ လအထိ ချေးငွေအရင်းပြန်ဆပ်မှု ဆိုင်းငံ့ခြင်းအစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပါသည်။

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။