ရိုးမဘဏ်၏ "Grow Together BizPitch" အစီအစဉ် မိတ်ဆက်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနား

News & Activities > Press news

ရိုးမဘဏ်၏ "Grow Together BizPitch" အစီအစဉ် မိတ်ဆက်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနား

News & Activities > Press news

ရိုးမဘဏ်၏ "Grow Together BizPitch" အစီအစဉ် မိတ်ဆက်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနား

5 October 2023သတင်းများ

ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) နှင့် Start-up လုပ်ငန်းများကို ကူညီထောက်ပံ့ပေးနိုင်ရန် ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဉ် မိတ်ဆက်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့တွင် Chatrium Hotel Royal Lake Yangon ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရိုးမဘဏ်၏ CEO ဖြစ်သူ ဦးဘမောင်စိန်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး “Grow Together BizPitch” အစီအစဉ်၏ Program Director ဖြစ်သူ ဦးစိုးဟိန်းမှ အစီအစဉ်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Committee Member များဖြစ်ကြသော Myanmar Information Technology Pte Ltd (MIT) ၏ တည်ထောင်သူ ဒေါက်တာထွန်းသူရသက်နှင့် ရိုးမဘဏ်၏ Head of SME ဒေါ်မေစန္ဒီသိန်းဇော်တို့ကလည်း မြန်မာနိုင်ငံတွင်ရှိသည့် MSME လုပ်ငန်းများနှင့် Start-up လုပ်ငန်းများ တိုးတက်ရေးအတွက် “Grow Together BizPitch” အစီအစဉ်၏ အရေးပါမှုအကြောင်းကို ရှင်းလင်းပြောကြားပေးခဲ့ပါသည်။

အဆိုပါ ရှင်းလင်းပြောကြားမှုများအပြီးတွင် သတင်းမီဒီယာများမှ လူကြီးမင်းများနှင့် အမေးအဖြေများ၊ အင်တာဗျူး အစီအစဉ်များ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့ပါသည်။ “Grow Together BizPitch” အစီအစဉ် မိတ်ဆက်ခြင်း စာနယ်ဇင်း ရှင်းလင်းပွဲအခမ်းအနားကိုကြွရောက်ချီးမြှင့်ပေးခဲ့ကြပါသော ရိုးမဘဏ်မှ တာဝန်ရှိ လူကြီးမင်းများ၊ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းမှ လူကြီးမင်းများ၊ တက်ရောက်သတင်းယူပေးပါသော မီဒီယာမှ လူကြီးမင်းများအားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာပြောကြားအပ်ပါသည်။

“Grow Together BizPitch” အစီအစဉ်သည် ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ်အနေဖြင့် MSME နှင့် Start-up လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရိုးမဘဏ်နှင့် စွန့်ဦးတီထွင်ကဏ္ဍများတွင် ထင်ရှားသည့်အကြံပေးပညာရှင်များ၊ အတွေ့အကြုံရင့် လုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြသည့် အစီအစဉ်တစ်ခုဖြစ်ပြီး၊ ပြည်တွင်းရှိ MSME လုပ်ငန်းများနှင့် Start-up လုပ်ငန်းများအနေဖြင့် ရိုးမဘဏ်၏ Official Website တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်နေ့အတွင်း ပါဝင်လျှောက်ထားနိုင်သော အစီအစဉ်ဖြစ်ပါသည်။

“Grow Together BizPitch” အစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကိုလည်း ရိုးမဘဏ်၏ Official Facebook Page နှင့် Website များတွင် ကြေညာပေးသွားမှာဖြစ်သည့်အတွက် ဆက်လက်စောင့်ကြည့်ပေးဖို့လည်း ဖိတ်ခေါ်လိုက်ရပါသည်။

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။