"Empowering Futures: Collaboration Journey between Yoma Bank x MRYEA x MWEA"

News & Activities > Press news

"Empowering Futures: Collaboration Journey between Yoma Bank x MRYEA x MWEA"

News & Activities > Press news

"Empowering Futures: Collaboration Journey between Yoma Bank x MRYEA x MWEA"

6 July 2023သတင်းများ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၆) ရက်တွင် “Empowering Futures: Collaboration Journey between Yoma Bank x MRYEA x MWEA” အမည်ဖြင့် Mingalar Mandalay Hotel ၌ ကျင်းပခဲ့ပါသည်။

ထိုပွဲတွင် ရိုးမဘဏ်မှ မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် မြန်မာအမျိုးသမီးလုပ်ငန်းရှင်များအတွက် စီးပွားရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် ရိုးမဘဏ်နှင့် မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MRYEA) အကြားနားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်း၊ ရိုးမဘဏ်နှင့် မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း – မန္တလေးတိုင်းဒေသကြီး (MWEA) အကြား နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းများကို ပြုလုပ်ခဲ့ပါသည်။

ထို့အပြင် ရိုးမဘဏ်မှ Trade Finance Executive Manager U Kyaw San Lin မှလည်း ‘Insights & Trends of Trade Finance’ ခေါင်းစဥ်ဖြင့် ဆွေးနွေးတင်ပြခဲ့ပါသည်။ တက်ရောက်လာသော အသင်းသားများမှလည်း မိမိတို့၏လုပ်ငန်းများကိုတိုးချဲ့ရန်နှင့် လုပ်ငန်း စတင်အကောင်အထည်ဖော်ရန်နှင့် ဘဏ်လုပ်ငန်း ငွေကြေးအထောက်အပံ့ ဝန်ဆောင်မှုများရယူရန် မေးမြန်းဆွေးနွေးမှုများပြုလုပ်ခဲ့ပါသည်။

Share this news on