ရိုးမဘဏ်ဝန်ထမ်းများအားလုံးအတွက် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခဲ့
ပိုမိုကျန်းမာပြီး အချင်းချင်း ဂရုစိုက်ပံ့ပိုးနိုင်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်နိုင်ရန် ရိုးမဘဏ်အနေဖြင့် ဝန်ထမ်းများ၏ ကျန်းမာရေးနှင့် စိတ်ချမ်းသာမှုကို အမြဲတန်ဖိုးထားလျက်ရှိပါသည်။ ယင်းတန်ဖိုးထားမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် ရာသီအကူးအပြောင်းကာလတွင် ဝန်ထမ်းများ ကြိုတင်ကာကွယ်မှု ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ မေလ ဒုတိယအပတ်မှ စတင်ကာ ရိုးမဘဏ် ရုံးချုပ်နှင့် ဘဏ်ခွဲများရှိ ဝန်ထမ်းများအားလုံးအတွက် ရာသီတုပ်ကွေး ကာကွယ်ဆေး (Flu Vaccination) ကို အခမဲ့ ထိုးနှံပေးခဲ့ပါသည်။
ကျန်းမာသော ဝန်ထမ်းတစ်ဦးချင်းစီသည် ကျန်းမာသော အဖွဲ့တစ်ဖွဲ့ကို ဖန်တီးပေးနိုင်ပြီး အပြုသဘောဆောင်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှုကိုလည်း ပိုမိုခိုင်မာစေပါသည်။ ထို့ကြောင့် ရိုးမဘဏ်တွင် နေ့စဉ်လုပ်ငန်းတာဝန်များသာမက အပြန်အလှန် ဂရုစိုက်မှု၊ ပံ့ပိုးကူညီမှု၊ စိတ်ချမ်းသာမှုနှင့် ကျန်းမာရေးကောင်းမွန်မှုတို့ကိုလည်း အရေးပါသော Employee Value တစ်ခုအဖြစ် တည်ဆောက်လျက်ရှိပါသည်။
Explore our gallery
Other Related News

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တွေ့ဆုံဆွေးနွေးပွဲတွင် ရိုးမဘဏ်မှ Main Sponsor အနေဖြင့် ပါဝင်ခဲ့

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

BizSpace Portal
Payroll Portal
Supply Chain Financing










