ရိုးမဘဏ်လုပ်ဖော်ကိုင်ဖက်များနှင့် မိသားစုဝင်များအတွက် "Work, Play & Family Day"
အလုပ်နှင့် ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနိုင်မည့် (Work-Life Balance) လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ပေးအပ်နိုင်ရန်မှာ ရိုးမဘဏ်၏ အစဉ်တစိုက် အလေးထားရသည့် ကတိကဝတ်တစ်ခု ဖြစ်ပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ရိုးမဘဏ်ရုံးချုပ်၌ နှစ်လတစ်ကြိမ် ကျင်းပမြဲဖြစ်သော “Social Hour” အစီအစဉ်နှင့်အတူ အထူးအစီအစဉ်အဖြစ် “Work, Play & Family Day” ကို ပူးတွဲကျင်းပခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် ရိုးမဘဏ်လုပ်ဖော်ကိုင်ဖက်များ၏ ကလေးငယ်များအတွက် ပျော်ရွှင်တက်ကြွဖွယ် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပြီး ကလေးငယ်များ၏ စိတ်ကူးဖန်တီးနိုင်စွမ်းနှင့် ပျော်ရွှင်မှုများကို ပိုမိုတိုးမြှင့်ပေးနိုင်မည့် အစီအစဉ်များစွာကို စနစ်တကျ စီစဉ်ပေးခဲ့ပါသည်။ အစီအစဉ်များအနေဖြင့် –
- မျက်နှာဆေးရောင်ခြယ်ခြင်း
- မုန့်နှင့် အအေးအချိုရည်များ တည်ခင်းဧည့်ခံခြင်း
- ပန်းချီရေးဆွဲခြင်း
- MoMoPlay House မှ အထူးအစီအစဉ်အဖြစ် Bouncy Castle နှင့် Ball Pit ကစားနည်းများ ပါဝင်ပါသည်။
ရယ်မောပျော်ရွှင်သံများ၊ မိသားစုဝင်များ၏ အားပေးမှုများနှင့်အတူ ရိုးမဘဏ်လုပ်ဖော်ကိုင်ဖက်များအတွက် အမှတ်တရကောင်းများစွာကို အတူတကွ ဖန်တီးခွင့်ရရှိခဲ့ပါသည်။ ရိုးမဘဏ်အနေဖြင့် ဝန်ထမ်းများ၏ ပရော်ဖက်ရှင်နယ်ဘဝသာမက မိသားစုဘဝ ပျော်ရွှင်ချမ်းမြေ့မှုကိုပါ အလေးထားပံ့ပိုးပေးလျက်ရှိပြီး ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ပါသည်။
Explore our gallery
Other Related News

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တွေ့ဆုံဆွေးနွေးပွဲတွင် ရိုးမဘဏ်မှ Main Sponsor အနေဖြင့် ပါဝင်ခဲ့

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

BizSpace Portal
Payroll Portal
Supply Chain Financing


















