Myanmar Women Entrepreneurs Network (MYANWEN) နှင့် ရိုးမဘဏ် တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး

News & Activities > Press news

23 May 2023သတင်းများ

၂၀၂၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် “မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN)” နှင့် ရိုးမဘဏ် တို့မှ နားလည်မှု စာချွန်လွှာ Memorandum of Understanding (MOU) ကို လက်မှတ်ရေး ထိုးခဲ့ပါသည်။

မြန်မာနိုင်ငံရှိ ပြည်တွင်း အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့သည့် လုပ်ငန်းများ ဖြစ်လာစေရန်နှင့် လိုအပ်သော ချေးငွေ၊ ငွေကြေး အထောက်အပံ့များ၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများ၊ ငွေကြေးဆိုင်ရာ တတ်မြောက်မှု၊ ဘဏ်လုပ်ငန်း ဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ဟောပြောပွဲ အစီအစဉ်များ ပြုလုပ်ရန်နှင့် အခြားလိုအပ်သော ပံ့ပိုးမှုများအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ပြီး “မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN)” ၏ ဒုတိယဥက္ကဌ ဒေါ်စုစုတင် နှင့် ရိုးမဘဏ်၏ Chief Business Officer – Mr. Loh Ngik Ming @ Gerald တို့ မှ လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပါသည်။ 

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။