ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း Shan State Young Entrepreneurs Association (SSYEA)" နှင့် ရိုးမဘဏ်တို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး

News & Activities > Press news

16 September 2023သတင်းများ

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင် “ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း Shan State Young Entrepreneurs Association (SSYEA)” နှင့် ရိုးမဘဏ် တို့မှ Memorandum of Understanding (MOU) ကို တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။

ရှမ်းပြည်နယ်ရှိ အသေးစား အလတ်စား လုပ်ငန်းများ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့သည့် လုပ်ငန်းများ ဖြစ်လာစေရန်အတွက် လိုအပ်သော ငွေကြေး အထောက်အပံ့များ၊ ဘဏ်ဝန်ဆောင်မှုများ၊ ငွေကြေးဆိုင်ရာ အသိပညာများ၊ ဘဏ်လုပ်ငန်း ဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် ဟောပြောပွဲ အစီအစဉ်များ ပြုလုပ်ရန်နှင့် အခြားပံ့ပိုးမှုများအတွက် ပူးပေါင်းဆောင်ရွက်သွားရန် ရည်ရွယ်ပြီး “ရှမ်းပြည်နယ် လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း – Shan State Young Entrepreneurs Association (SSYEA)” ၏ ဥက္ကဌ ဦးစိုင်းမြင့်‌‌ဌေး၊ ဒုဥက္ကဌ ဦးတင်ဦးနှင့် ရိုးမဘဏ်၏ Head of SME Banking ‌‌ဒေါ်မေစန္ဒီသိန်းဇော်၊ Executive Manager – Strategic Alliances ‌ဒေါ်ကြည်ဖြူဇော်တို့ မှ (MOU) ရေးထိုးခဲ့ကြပါသည်။ အဆိုပါပွဲတွင် ဆရာဦးတင်ဇံကျော်မှလည်း ‘Owning your Own Business’ ခေါင်းစဥ်ဖြင့် Keynote Talk အားပြောကြားခဲ့ပါသည်။

Share this news on