Prudential Myanmar နှင့် ရိုးမဘဏ် တို့မှ မြန်မာနိုင်ငံသားများအတွက် အသက်အာမခံ ဝန်ဆောင်မှုအမျိုးမျိုး ပေးအပ်နိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး

New & Activities > သတင်းများ

Prudential Myanmar နှင့် ရိုးမဘဏ် တို့မှ မြန်မာနိုင်ငံသားများအတွက် အသက်အာမခံ ဝန်ဆောင်မှုအမျိုးမျိုး ပေးအပ်နိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး

New & Activities > သတင်းများ

Prudential Myanmar နှင့် ရိုးမဘဏ် တို့မှ မြန်မာနိုင်ငံသားများအတွက် အသက်အာမခံ ဝန်ဆောင်မှုအမျိုးမျိုး ပေးအပ်နိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာတွင် လက်မှတ်ရေးထိုး

5 March 2020သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ မတ်လ၊ ၅ ရက်နေ့ – အာရှထိပ်တန်း အသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ အပိုင်လုပ်ငန်းခွဲဖြစ်သော Prudential Myanmar Life Insurance Limited နှင့် မြန်မာနိုင်ငံရှိ အကြီးဆုံးပုဂ္ဂလိကဘဏ်များအနက်မှ တစ်ခုဖြစ်သည့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံသားများအတွက် ယုံကြည်စိတ်ချရပြီး ရှေရှည်ကာကွယ်စောင့်ရှောက်မှု ပေးနိုင်သည့် အသက်အာမခံ ဝန်ဆောင်မှုများလိုအပ်နေမှုကို ဖြည့်ဆည်းပေးနိုင်ရန် သီးသန့်မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ရိုးမဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှာ နေရာဒေသ အနှံ့အပြားရှိ ကြီးမားကျယ်ပြန့်သော ဘဏ်ခွဲကွန်ရက်များမှ တစ်ဆင့် Prudential Myanmar ၏ ရေရှည်အာမခံ စုဆောင်းငွေနှင့် အာမခံအကာအကွယ်များကို ချိတ်ဆက်ရယူနိုင်မည် ဖြစ်ပါသည်။ ယခု ပူးပေါင်းဆောင်ရွက်မှု သည် Prudential Myanmar ၏ အထူးဦးစားပေး ရင်းနှီးမြုပ်နှံထားသည့် နောက်ဆုံးပေါ် ခေတ်မီ နည်းပညာများအား ရိုးမဘဏ်၏ တစ်နိုင်ငံလုံး အတိုင်းအတာအထိ ပျံ့နှံ့ရောက်ရှိနိုင်သည့် ဈေးကွက်ကျွမ်းကျင်မှု တို့ဖြင့်ပေါင်းစပ်ပြီး Prudential Myanmar မှ ဖြန့်ချိသွားမည့် အာမခံဝန်ဆောင်မှုများမှတစ်ဆင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် အားလုံးပါဝင်အသုံးပြုနိုင်မည့် ငွေကြေးဆိုင်ရာ ဂေဟစနစ်တစ်ခုကို အမှန်တကယ် ပုံဖော် ဖန်တီးနိုင်မည် ဖြစ်ပါသည်။

ရိုးမဘဏ်ကို ၁၉၉၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ မြို့ကြီး (၄၃) မြို့တွင် ဘဏ်ခွဲပေါင်း (၈၀) ကျော် ဖွင့်လှစ်ဝန်ဆောင်မှုပေးနေသော နိုင်ငံတွင်း အကြီးဆုံး ထိပ်တန်းပုဂ္ဂလိကဘဏ် ငါးခုအနက် တစ်ခု အပါအဝင် ဖြစ်ပါသည်။ ထို့အပြင် ရိုးမဘဏ်သည် မိုဘိုင်းနှင့် ဒစ်ဂျစ်တယ် နည်းပညာသုံး ဘဏ်ဝန်ဆောင်မှုများကို အစောဆုံးပေးအပ်ခဲ့ပြီး နည်းပညာပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများစွာ အဆက်မပြတ် ပြုလုပ်ခဲ့သော ဘဏ်များအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ်တွင် ကမ္ဘာ့ဘဏ်အုပ်စု (World Bank Group ) အဖွဲ့ဝင် ဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (International Finance Corporation) သည် ရိုးမဘဏ်တွင် ရင်းနှီးမြုပ်နှံမှုတစ်ခု ထည့်ဝင်ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံခြား အစုရှယ်ယာရှင်ရှိသော စီးပွားရေးလုပ်ငန်း ချေးငွေဝန်ဆောင်မှုပေးသည့်ဘဏ် ဖြစ်လာခဲ့သည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် Prudential Myanmar သည် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြားသား ရာနှုန်းပြည့်ပိုင်ဆိုင်သည့် အသက်အာမခံလုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်း လိုင်စင်တစ်ခုကို လက်ခံရရှိခဲ့ပါသည်။ Prudential Myanmar အနေဖြင့် လွယ်ကူရိုးရှင်းသည့် အာမခံ အကာအကွယ်နှင့် ယုံကြည်စိတ်ချရသော ရှေရှည် အာမခံ စုဆောင်းငွေ အမျိုးအစားများကို ပေးအပ်မည်ဖြစ်ပြီး အာမခံဝယ်ယူထားသူများ၏ ငွေကြေးဆိုင်ရာ ရည်မှန်းချက်များ ပြည့်မြောက်စေရန် ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။

Prudential Myanmar နှင့် ရိုးမဘဏ်တို့သည် မြန်မာနိုင်ငံသားများအကြား အသက်အာမခံနှင့် ပတ်သက်၍ ပိုမို သတိပြုနားလည်လာကြစေရန်နှင့် လူတိုင်း အလွယ်တကူ ရယူနိုင်သည့် အာမခံဝန်ဆောင်မှုများ ပေးအပ်ရန် တူညီသည့် ရည်မှန်းချက် ရှိကြပါသည်။ မြန်မာနိုင်ငံသည် လူဦးရေ (၅၃) သန်းနီးပါးရှိ ကြီးမားသော ဈေးကွက် တစ်ခုဖြစ်ပြီး ၂၀၃၀ ခုနှစ်မတိုင်မီ အလယ်အလတ်တန်းစား လူဦးရေ (၁၉) သန်းခန့် လျင်မြန်စွာ တိုးတက်လာမည်ဟု မျှော်မှန်းထားသောကြောင့် လာမည့်နှစ်များအတွင်း မြန်မာနိုင်ငံအတွက် အသက်အာမခံဝန်ဆောင်မှုများ ရယူမှုနှုန်းသည် အဆမတန် ကြီးမားလာမည်ဟု ခန့်မှန်းနိုင်ပါသည်။

ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland က “မြန်မာနိုင်ငံက ပြည်သူတွေအတွက် လိုအပ်တဲ့ ငွေကြေး ဝန်ဆောင်မှုတွေကို အဆက်မပြတ် ဖန်တီးပေးအပ်နိုင်အောင် ကြိုးစားအားထုတ်နေတဲ့ ကျွန်တော်တို့ ရိုးမဘဏ် အတွက် ဒီ ပူးပေါင်းဆောင်ရွက်မှုက ခြေလှမ်းသစ်တစ်ခုပါပဲ။ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ဝန်း ပျံ့နှံ့ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ အားသာချက်နဲ့ ကမ္ဘာ့ထိပ်တန်း အသက်အာမခံကုမ္ပဏီကြီးရဲ့ လုပ်ငန်းကျွမ်းကျင်မှုတွေကို ပေါင်းစပ်အသုံးချပြီး ဘဏ်ကနေတစ်ဆင့် အာမခံ ဝန်ဆောင်မှုပေးတဲ့ (bancassurance) ပူးပေါင်းဆောင်ရွက်မှု တွေမှာ ဝန်ဆောင်မှုရယူသူတွေအတွက် အကောင်းတကာ့အကောင်းဆုံး အာမခံအစီအစဉ်နဲ့ ဝန်ဆောင်မှုတွေ ပေးအပ်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က “Prudential အနေနဲ့ မြန်မာနိုင်ငံမှာ မဟာဗျုဟာမြောက် မိတ်ဖက်အဖြစ် ရိုးမဘဏ်နဲ့ လက်တွဲလုပ်ကိုင်သွားဖို့ အများကြီး မျှော်လင့်ထားပါတယ်။ ရိုးမဘဏ်က ပြည်တွင်းမှာ ဒစ်ဂျစ်တယ်စနစ် အသုံးချပြီး ဘဏ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ဆန်းသစ်တီထွင်မှု အရှိဆုံးဘဏ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုက တိုးတက်လာနေတဲ့ အာမခံဈေးကွက်မှာ ပြည်သူတွေဆီ ပိုပြီးပျံ့နှံ့ရောက်ရှိစေနိုင်တဲ့အတွက် သူတို့ရဲ့ ငွေကြေးဆိုင်ရာ စိတ်ကူးအိပ်မက်တွေ၊ ဘဝရည်မှန်းချက်တွေကို တစ်ကယ်ဖြစ်လာအောင် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ Prudential Myanmar ရဲ့ လူတိုင်း၊ လူတိုင်း ဘယ်နေရာကနေဖြစ်ဖြစ် click တစ်ချက်နှိပ်လိုက်တာနဲ့ အသက်အာမခံ ဝန်ဆောင်မှုရနိုင် ရမယ်ဆိုတဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ ခြေလှမ်းတစ်လှမ်း နီးကပ်လာပါပြီ။ ရိုးမဘဏ်နဲ့အတူ အတွဲညီညီ လုပ်ကိုင်ဆောင်ရွက်ပြီး အောင်မြင်မှုတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။

Prudential Myanmar Life Insurance အကြောင်း

Prudential Myanmar Life Insurance သည် Prudential Corporation Asia လက်အောက်ရှိ အပိုင် အသက် အာမခံလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် ရေရှည် ယုံကြည်စိတ်ချရသည့် ကာကွယ် စောင့်ရှောက်မှုနှင့် လိုအပ်ချိန်တွင် အထောက်အပံ့ဖြစ်စေမည့် စုဆောင်းငွေများ ပိုမို တိုးပွားလာစေမည့် အသက် အာမခံ ပေါ်လစီ ထုတ်ကုန်များနှင့် နည်းပညာဖြေရှင်းမှုစနစ်များကို ပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန (MoPF) မှ ပေးအပ်သည့် အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်ကို လက်ခံရရှိခဲ့ပါသည်။

Prudential Myanmar သည် မြန်မာနိုင်ငံ၏ အသက်အာမခံနယ်ပယ် တိုးတက်ပျံ့နှံ့လာစေရန်နှင့် ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလေးထား ကြိုးစားဆောင်ရွက်မည် ဖြစ်သည်။ Prudential Myanmar ၏ နည်းပညာ ဦးစားပေးချဉ်းကပ်မှုဖြင့် အာမခံ ဝန်ဆောင်မှု များကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မည့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများထံ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်ရန် ကတိကဝတ်ပြုထားသည်။

Share this news on