MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ
ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့သည် မြန်မာစီးပွားစီမံအမှုဆောင်များအသင်း (Myanmar Business Executives Association – MBE) နှင့် ပူးပေါင်း၍ “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၉) ရက်နေ့တွင် PARKROYAL Yangon ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ MSME လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန် ရည်ရွယ်ကျင်းပသည့် အဆိုပါဆွေးနွေးပွဲသို့ MBE အသင်း၏ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြားစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် MBE အသင်းနာယက ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က လုပ်ငန်းတိုးတက်အောင်မြင်ရေးအတွက် အခြေခံကျသည့် စွန့်ဦးတီထွင်မှု၊ ခေါင်းဆောင်မှုနှင့် အနာဂတ်အတွက် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို မျှဝေပေးခဲ့ပါသည်။
ထို့အပြင် စီးပွားရေးလုပ်ငန်းများအတွက် ငွေကြေးစီမံခန့်ခွဲမှု၊ ချေးငွေဝန်ဆောင်မှုများနှင့် အာမခံအကာအကွယ်တို့၏ အရေးပါမှုကို ဆွေးနွေးရာတွင် U Alex Nyi Nyi Aung (CCAO – Unilever Myanmar, Treasurer – MBE Association) က Moderator အဖြစ် ဆောင်ရွက်ခဲ့ပြီး Daw Aye Aye Mu (Director – Taw Win Myint Mo Co., Ltd., Advisory Board Member – MBE Association)၊ ရိုးမဘဏ်မှ Daw Htet Aeindray Linn (Senior Vice President – SME Banking) နှင့် ပရူဒန်ရှယ်အာမခံမှ Dr. Yan Naing (Business Lead – Partnership Distribution) တို့က ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ပူးပေါင်းပါဝင်ပေးခဲ့သည့် MBE အသင်းနှင့် Supporting Partner များအားလုံးကို ရိုးမဘဏ်နှင့် ပရူဒန်ရှယ်အာမခံတို့မှ ကျေးဇူးတင်ရှိပါသည်။ ရိုးမဘဏ်အနေဖြင့် လုပ်ငန်းရှင်များအတွက် ချေးငွေဝန်ဆောင်မှုများကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် အဆင့်မြှင့်တင်ပေးလျက်ရှိသကဲ့သို့ စီးပွားရေးအသိပညာမျှဝေသည့် အစီအစဉ်များမှတစ်ဆင့်လည်း MSME လုပ်ငန်းများ ရေရှည်တိုးတက်အောင်မြင်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။
Explore our gallery
Other Related News

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တွေ့ဆုံဆွေးနွေးပွဲတွင် ရိုးမဘဏ်မှ Main Sponsor အနေဖြင့် ပါဝင်ခဲ့

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

BizSpace Portal
Payroll Portal
Supply Chain Financing







