"အတာနှစ်ကူး ရိုးမဘဏ်တန်ခူး" အကြိုသင်္ကြန်ပွဲတော်ကို ကျင်းပခဲ့
၂၀၂၆ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့တွင် ရိုးမဘဏ်ရုံးချုပ်၌ “အတာနှစ်ကူး ရိုးမဘဏ်တန်ခူး” အကြိုသင်္ကြန်ပွဲတော်အား ကျင်းပပြုလုပ်ခဲ့ရာ ရိုးမဘဏ်မိသားစုဝင်များအားလုံး တက်ကြွပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
အတာသင်္ကြန်ပွဲတော်တွင် မပါမဖြစ်သော မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်နှင့် စတုဒိသာကျွေးမွေးမှုများက ပွဲတစ်ခုလုံးကို ပိုမိုစည်ကားစေခဲ့သလို ရိုးမဘဏ် လုပ်ဖော်ကိုင်ဖက်များအကြား ချစ်ခင်ရင်းနှီးမှုကိုလည်း ပိုမိုခိုင်မြဲစေခဲ့ပါသည်။
ရုံးချုပ်၏ နေရာအနှံ့တွင် သင်္ကြန်တေးသံများ၊ သနပ်ခါးရနံ့များနှင့်အတူ ရိုးမဘဏ် လုပ်ဖော်ကိုင်ဖက်များအားလုံး ပျော်ရွှင်စွာ ပါဝင်ခဲ့သည့် “အတာနှစ်ကူး ရိုးမဘဏ်တန်ခူး” ပွဲတော်၏ အမှတ်တရပုံရိပ်များကို မျှဝေရင်း နှစ်သစ်တွင် ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်ဝပါစေကြောင်း ရိုးမဘဏ်မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Explore our gallery
Other Related News

MSME လုပ်ငန်းများအတွက် “သင့်လုပ်ငန်းတိုးတက်ဖို့ ယနေ့ကစပြင်ဆင်စို့” စီးပွားရေးအသိပညာဆွေးနွေးပွဲ

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တွေ့ဆုံဆွေးနွေးပွဲတွင် ရိုးမဘဏ်မှ Main Sponsor အနေဖြင့် ပါဝင်ခဲ့

BizSpace Portal
Payroll Portal
Supply Chain Financing







