ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင်သို့ ရိုးမဘဏ်နှင့်အတူ
ကမ္ဘာမြေကြီးကို ပိုမိုစိမ်းလန်းစိုပြည်ပြီး ရေရှည်တည်တံ့သော အနာဂတ်တစ်ခုအဖြစ် ဖော်ဆောင်နိုင်ရန်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၏ တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်မှုက အလွန်အရေးပါလှပါသည်။
ထိုကြောင့် ရိုးမဘဏ်အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော သဘာဝပတ်ဝန်းကျင်တစ်ခု ဖော်ဆောင်ရန် ရည်ရွယ်ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ “ပန်းပျိုးလက် ဘုန်းတော်ကြီးသင်ပညာရေး ပရဟိတကျောင်း” ၌ Yoma Group က ကျင်းပပြုလုပ်သော သစ်ပင် (၁,၀၀၀) စိုက်ပျိုးရေးအစီအစဉ် တွင် သစ်ပင်ပေါင်း (၃၀၀) ကို ပါဝင်အားဖြည့်လှူဒါန်းခဲ့ပါသည်။
ထို့အပြင် ရိုးမဘဏ်ဝန်ထမ်းများက သစ်ပင်စိုက်ပျိုးရေးအစီအစဉ်တွင် စေတနာ့ဝန်ထမ်းများအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး မိမိတို့၏ လုပ်အားနှင့် စေတနာများဖြင့် ကမ္ဘာမြေကြီးကို ပိုမိုစိမ်းလန်းစိုပြည်လာစေရန် အတူတကွ အားဖြည့်ဆောင်ရွက်ခဲ့ကြပါသည်။ အားလုံး၏ စုပေါင်းပါဝင်မှုဖြင့် စိုက်ပျိုးခဲ့သော သစ်ပင်များသည် အနာဂတ်တွင် လေထုသန့်ရှင်းရေး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးတို့အတွက် တစ်ဖက်တစ်လမ်းမှ အကျိုးပြုလာမည်ဖြစ်ပါသည်။
ရိုးမဘဏ်အနေဖြင့် နောင်အနာဂတ်မျိုးဆက်များအတွက် ပိုမိုစိမ်းလန်းပြီး ရေရှည်တည်တံ့သော လူမှုအသိုင်းအဝိုင်းတစ်ခုကို ပုံဖော်ဖန်တီးနိုင်ရန် ရည်ရွယ်ကာ လူမှုအကျိုးပြု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် ပါဝင်အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကာ သဘာဝပတ်ဝန်းကျင်၊ လူမှုအသိုင်းအဝိုင်းနှင့် စီမံအုပ်ချုပ်မှု (ESG) ဆိုင်ရာ အခန်းကဏ္ဍကို မြှင့်တင်နိုင်ရန် အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
Explore our gallery
Other Related News

BizSpace Portal
Payroll Portal
Supply Chain Financing
















