ရိုးမဘဏ် SMART အကောင့် နှင့် WavePay အကောင့် အကြား အွန်လိုင်းမှတစ်ဆင့် အဆင်ပြေချောမွေ့ကာ လုံခြုံစိတ်ချရပြီး အချိန်ကုန်သက်သာစွာ ငွေ လွှဲပြောင်းနိုင်ရန် Wave Money နှင့် ရိုးမဘဏ် လက်တွဲဆောင်ရွက်

New & Activities > သတင်းများ

ရိုးမဘဏ် SMART အကောင့် နှင့် WavePay အကောင့် အကြား အွန်လိုင်းမှတစ်ဆင့် အဆင်ပြေချောမွေ့ကာ လုံခြုံစိတ်ချရပြီး အချိန်ကုန်သက်သာစွာ ငွေ လွှဲပြောင်းနိုင်ရန် Wave Money နှင့် ရိုးမဘဏ် လက်တွဲဆောင်ရွက်

New & Activities > သတင်းများ

ရိုးမဘဏ် SMART အကောင့် နှင့် WavePay အကောင့် အကြား အွန်လိုင်းမှတစ်ဆင့် အဆင်ပြေချောမွေ့ကာ လုံခြုံစိတ်ချရပြီး အချိန်ကုန်သက်သာစွာ ငွေ လွှဲပြောင်းနိုင်ရန် Wave Money နှင့် ရိုးမဘဏ် လက်တွဲဆောင်ရွက်

14 July 2020သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ – ၁၄ ရက်၊ ဇူလိုင်လ၊ ၂၀၂၀ ခုနှစ်။ ။ မြန်မာနိုင်ငံတွင် ရှေ့တန်းမှဦးဆောင်နေသော မိုဘိုင်းငွေကြေးဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့် Wave Money သည် ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဘဏ်များအနက် တစ်ခုဖြစ်သည့် ရိုးမဘဏ်နှင့် ပူးပေါင်းကာ နိုင်ငံတစ်ဝန်းရှိ ရိုးမ ဘဏ် SMART အကောင့်ရှိသူများအတွက် အွန်လိုင်းမှတစ်ဆင့် WavePay အကောင့်သို့ ဝန်ဆောင်ခပေးဆောင်ရန်မလိုဘဲ အပြန်အလှန်ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုကို စတင်လိုက်ပြီဖြစ်သည်။ 

WavePay နှင့် ရိုးမ ဘဏ် SMART အကောင့် ချိတ်ဆက်လုပ်ဆောင်မှုကို ယနေ့ ဇူလိုင်လ ၁၄  ရက်နေ့တွင် စတင်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ရိုးမ ဘဏ် SMART အကောင့်နှင့် ချိတ်ဆက်ထားသော မိုဘိုင်းဖုန်းသို့ ပေးပို့လာမည့် တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို အသုံးပြုပြီး ဒီဂျစ်တယ်နည်းဖြင့် အကောင့်နှစ်ခုချိတ်ဆက်မှုကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ ချိတ်ဆက်ထားပြီးဖြစ်သော အကောင့်နှစ်ခုအကြား ငွေသွင်း၊ငွေထုတ် စသည့် ငွေလွှဲလုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ခမှာ အခမဲ့ဖြစ်သည်။ ရိုးမ ဘဏ် SMART အကောင့်ရှိသူများသည် ဒီဂျစ်တယ်နည်းဖြင့် ချိတ်ဆက်လုပ်ဆောင်မှု ပြီးစီးပါက မြန်မာနိုင်ငံတစ်ဝန်းရှိ ၅၈,၀၀၀ ကျော်သော Wave ဆိုင်ကွန်ရက် အပါအဝင် WavePay အက်ပလီကေးရှင်းမှ ဝန်ဆောင်မှုအားလုံးကိုပါ အသုံးပြုနိုင်မည်ဖြစ်သည်။

ယခင်က အဆိုပါ အီလက်ထရောနစ်နည်းဖြင့် ချိတ်ဆက်မှုကို ဘဏ်ခွဲများ၌သာ ပြုလုပ်ဆောင်ရွက်နိုင်ပြီး သုံးစွဲသူများအနေဖြင့် နီးစပ်ရာ ဘဏ်ခွဲသို့ ကိုယ်တိုင်သွားရောက်ကာ ချိတ်ဆက်မှုကိုပြုလုပ်ရရုံသာမက ဒီဂျစ်တယ်နည်းဖြင့် ငွေပေးချေမှုများနှင့် ငွေလွှဲမှုများကို အသုံးမပြုနိုင်မီ မိမိတို့၏မိုဘိုင်းဖုန်းနှင့် ဘဏ်အကောင့်များ ချိတ်ဆက်ရန်အတွက် ရက်အနည်းငယ် ကြာစောင့်ဆိုင်းခဲ့ရသည်။

နည်းပညာပေါင်းစပ်မှုများဖြင့် ရိုးမ ဘဏ် မိုဘိုင်းဘဏ်လုပ်ငန်းဝန်ဆောင်မှု  အက်ပလီကေးရှင်း နှင့် WavePay အက်ပလီကေးရှင်းတို့ကို ချိတ်ဆက်ခြင်းသည် COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ဒီဂျစ်တယ်စနစ်အသုံးပြုမှုကို ပိုမိုလိုအပ်လာချိန်တွင် မရှိမဖြစ် လိုအပ်သော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ E-wallet အသုံးပြုခြင်းသည် ငွေပေးချေမှုများနှင့် ငွေလွှဲမှုများကို လုံခြုံစိတ်ချရပြီး အဆင်ပြေချောမွေ့စေကာ အချိန်ကုန်သက်သာစေပါသည်။ အွန်လိုင်းချိတ်ဆက်မှုနှင့်အတူ ရိုးမ SMART အကောင့် ရှိသူများသည် ချိတ်ဆက်မှုကို အလွယ်တကူလုပ်ဆောင်နိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်း ရုပ်ပိုင်းဆိုင်ရာထိတွေ့မှု ရှောင်ရှားရမည့် ယခုကာလတွင် ၎င်းတို့၏ နေ့စဉ်ဘဝများကို WavePay ဖြင့် အလွယ်တကူဖြတ်ကျော်နိုင်မည်ဖြစ်သည်။ 

Wave Money အကြောင်း

Wave Money သည် မြန်မာနိုင်ငံအနှံ့တွင် အေးဂျင့်ဆိုင်ပေါင်း ၅၈,၀၀၀ ကျော်နှင့် လည်ပတ်လုပ်ကိုင်နေသော မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ရှေ့တန်းမှ ဦးဆောင်နေသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည်။ ထို့အပြင် Wave Money သည် Telenor ၊ Ant Financial Services Group ၊ရိုးမဘဏ်၊ စင်ကာပူစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခုဖြစ်သော Yoma Strategic Holdings တို့နှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ၎င်း၏အေးဂျင့်ကွန်ရက်များမှတစ်ဆင့် လွယ်ကူလျင်မြန်၍ အားထားရသော မိုဘိုင်းငွေကြေးဝန်ဆောင်မှုစနစ်ကို ထောက်ပံ့ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။ Wave Money သည် ငွေကြေး လွှဲပြောင်းခြင်းနှင့် ပတ်သက်၍ တမူထူးခြားသည့် နည်းလမ်းတစ်ခုကို မြန်မာပြည်သူများသို့ မိတ်ဆက်ပေးခဲ့ပြီး သန်းချီသော မြန်မာပြည်သူများကို အွန်လိုင်းမှတဆင့် ငွေကြေးလွှဲပြောင်းသော ဝန်ဆောင်မှုကို ရယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ Wave Money ၏ မိုဘိုင်းငွေကြေးဝန်ဆောင်မှုမှတဆင့် နေ့စဉ် မြန်မာပြည်သူ ထောင်နှင့်ချီ၍ မိမိတို့၏ ငွေကြေးများကို အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ လွှဲပြောင်းလာနိုင်ကြသည်။ Wave Money ၏ Call Center များသည် တစ်ပတ် ၇ ရက်၊ တစ်ရက် ၂၄ နာရီ အချိန်ပြည့် လည်ပတ်လျက်ရှိပြီး သုံးစွဲသူများမှ သိရှိလို၍ မေးမြန်းချက်များကို အချိန်ပြည့် ပြန်လည်ဖြေကြားပေးလျက်ရှိသည်။

Share this news on