ရိုးမဘဏ်သည် တာဝန်ယူမှုရှိသည့် ချေးငွေဝန်ဆောင်မှုပေးခြင်းကို မြင့်တင်လုပ်ဆောင်ကာ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍကို အသစ်တဖန်ဆန်းသစ်ရန် ရည်ရွယ်၍ Experian ၏ Decisioning-solution များကို အသုံးပြု

New & Activities > သတင်းများ

ရိုးမဘဏ်သည် တာဝန်ယူမှုရှိသည့် ချေးငွေဝန်ဆောင်မှုပေးခြင်းကို မြင့်တင်လုပ်ဆောင်ကာ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍကို အသစ်တဖန်ဆန်းသစ်ရန် ရည်ရွယ်၍ Experian ၏ Decisioning-solution များကို အသုံးပြု

New & Activities > သတင်းများ

ရိုးမဘဏ်သည် တာဝန်ယူမှုရှိသည့် ချေးငွေဝန်ဆောင်မှုပေးခြင်းကို မြင့်တင်လုပ်ဆောင်ကာ မြန်မာနိုင်ငံရှိ ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှု ကဏ္ဍကို အသစ်တဖန်ဆန်းသစ်ရန် ရည်ရွယ်၍ Experian ၏ Decisioning-solution များကို အသုံးပြု

9 August 2019သတင်းများ

1 Min Read

ရိုးမဘဏ်သည် Customers များအား ချေးငွေလျှောက်ထားမှုကို စိတ်ကြိုက် လုပ်ဆောင်နိုင်စေမည့် SMART Credit Solution မှ တစ်ဆင့် အပေါင်ပစ္စည်းမဲ့ချေးငွေ ကို လူအများရယူနိုင်အောင်လုပ်ဆောင်ရန် မျှော်လင့်

ရန်ကုန် ၊ မြန်မာ၊ သြဂုတ်လ (၉) ၊၂၀၁၉ – မြန်မာနိုင်ငံ၏ အကြီးဆုံး ဘဏ်များထဲမှ တစ်ခုဖြစ်သော ရိုးမဘဏ်သည် ကမ္ဘာ့ သတင်းအချက်အလက် ဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်သော Experian နှင့် ပူးပေါင်းကာ SMART Credit Solution အဆင့်မြင့်တင်မှုနှင့်အတူ မြန်မာနိုင်ငံတွင် အပေါင်ပစ္စည်းမဲ့ ချေးငွေကို ဆန်းသစ် ဝန်ဆောင်မှုပေးရန် လုပ်ဆောင်ခဲ့သည်။ SMART Credit သည် မြန်မာနိုင်ငံတွင် ပထမဆုံး အပေါင်ပစ္စည်းမဲ့ ချေးငွေကို လူအများသို့ ဝန်ဆောင်မှုပေးသည့် ရိုးမဘဏ်၏ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး ဘဏ်နှင့် အလှမ်းဝေးသည့် လူအများကို ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုများ ပိုမို ရယူအသုံးပြုနိုင်ရန် ကူညီပေးသည်။

SMART Credit Solution ဖန်တီးမှုနှင့်အတူ ရိုးမဘဏ် နှင့် Experian သည် ချေးငွေပေးခြင်း ၊ ငွေလွှဲပြောင်းခြင်း နှင့် စုငွေထားရှိခြင်း ဘဏ်လုပ်ငန်းဆိုင်ရာများကို ဒီဂျစ်တယ်ဝန်ဆောင်မှုပေးခြင်းတွင် ဦးဆောင်လျက်ရှိသည်။ ရိုးမဘဏ်၏ Mobile Baking App ကို အသုံးပြုခြင်းဖြင့် Customer များသည် Experian ၏ ဒီဂျစ်တယ် Onboarding Platform မှ တစ်ဆင့် အပေါင်ပစ္စည်းမဲ့ တစ်ဦးချင်းချေးငွေကို လျှောက်ထားနိုင်မည် ဖြစ်ပြီး ချေးငွေအတည်ပြုခြင်း ဆုံးဖြတ်ချက်ကို Experian ၏ Decisioning Engine ကိုအသုံးချ လုပ်ဆောင်သည်။ ယင်း Engine သည် အကြွေးမှတ်တမ်း အချက်အလက်အပေါ်မူတည်၍ အချိန်နှင့်တပြေးညီ လုပ်ဆောင်ပေးပြီး အသေးစား ချေးငွေလျှောက်ထားမှုများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်ကို လုပ်ဆောင်ပေးသည်။

SMART Credit ချေးငွေ လျှောက်ထားမှု Platform သည် လျှောက်ထားသူ Customer များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လျှောက်ထားနိုင်အောင် လုပ်ဆောင်ပေးပြီး ချေးငွေအတည်ပြုမှုကို တစ်ဦးချင်းစီ၏ ဘဏ်လုပ်ငန်းအသုံးပြုမှု ၊ စုငွေထားရှိမှု နှင့် ငွေသားလုပ်ဆောင်မှု မှတ်တမ်းပေါ်မူတည်၍ လုပ်ဆောင်သည်။ SMART Credit ပူးပေါင်းလုပ်ဆောင်မှုသည် Experian ၏ အကောင်းဆုံး ဒီဂျစ်တယ် Onboarding Solution ကိုအခြေခံထားပြီး ရိုးမဘဏ်အား မတူကွဲပြားသည့် အချက်အလက်များကို အသုံးချ၍ ပိုမိုကောင်းမွန်သော ချေးငွေ ဆုံးဖြတ်ချက်များကို လုပ်ဆောင်နိုင်စေသည်။

Experian ၏ အရှေ့တောင်အာရှ နှင့် ဖွံ့ဖြိုးစ ဈေးကွက် ဒေသ တာဝန်ခံ မန်နေဂျင်း ဒါရိုက်တာ ဖြစ်သူ Dev Dhiman က “စီးပွားရေးလုပ်ငန်းတွေ ဒါမှမဟုတ် တစ်ဦးချင်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အချက်အလက် အားနည်းတဲ့ မြန်မာနိုင်ငံလိုမျိုး ဈေးကွက်မှာ SMART Credit Solution က ဆန်းသစ်တဲ့ ဖန်တီးမှု တစ်ခုဖြစ်တဲ့အပြင် အဆင်ပြေလွယ်ကူပြီး အလိုအလျောက်အပေါင်မဲ့ ပစ္စည်းချေးငွေကို လူအများကို ဝန်ဆောင်မှုပေးနိုင်အောင် လုပ်ဆောင်နိုင်တဲ့ ပထမဆုံး ဝန်ဆောင်မှု အမျိုးအစား တစ်ခုလည်း ဖြစ်ပါတယ်။” ဟု ပြောသည်။

“တာဝန်ယူမှုရှိစွာ ချေးငွေဝန်ဆောင်ပေးခြင်း ၊ ကျယ်ကျယ်ပြန့်ပြန့် ချေးငွေပေးခြင်းကို သိရှိလာစေခြင်း နှင့် ချေးငွေဝန်ဆောင်မှု ရယူခြင်းဆိုင်ရာ တိုးတက်လာစေခြင်း ဆိုတဲ့ Experian ရဲ့ အဓိကထားတဲ့အရာတွေကို ဒီပူးပေါင်းမှုက တွန်းအားပေး လုပ်ဆောင်စေပါတယ်။ ဒါ့အပြင် နိုင်ငံအတွင်းမှာရှိတဲ့ လူသန်းပေါင်းများစွာကို ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပိုမိုရရှိစေရန် လုပ်ဆောင်ပေးခြင်းဆိုတဲ့ Experian ရဲ့ ကတိကဝတ်ကို ဦးတည်လုပ်ဆောင်တယ်ဆိုတာ ဒီပူးပေါင်းလုပ်ဆောင်မှုက သက်သေပြလျက်ရှိပါတယ်။” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

“SMART Credit solution က ရိုးမဘဏ်ကို ဘဏ်လုပ်ငန်းဝန်ဆောင်မှု လက်လီရယူသူတွေ ပိုမိုရရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒီ Platform က မြန်ဆန်တဲ့အပြင် ချေးငွေ သတ်မှတ်ချက် အပြောင်းအလဲကိုလည်း မြန်မြန်ဆန်ဆန်နဲ့ လုပ်ဆောင်နိုင်စေပါတယ်။ ဒါကို ရှေ့ဆက်လုပ်ဆောင်ခြင်းအားဖြင့် Customer တွေ ဘဏ်ရဲ့ အပ်ပလီကေးရှင်းကို ပိုမို အသုံးပြုလာအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”ဟု ရိုးမဘဏ်၏ Chief Digital Officer ဖြစ်သူ Mark Flaming က ပြောသည်။ “Experian က ကမ္ဘာနဲ့ တစ်ဝန်း Customer Onboarding လုပ်ဆောင်မှုနှင့် Decision Engine မှာ စိတ်ချယုံကြည်ရပြီး အကောင်းဆုံးဆိုတဲ့ မှတ်တမ်းတွေ ရှိထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့ လူနေမှုဘဝကို မြင့်တင်ပေးနိုင်ဖို့ဆိုတဲ့ ကျွန်တော်တို့ ဘဏ်နဲ့ ရည်ရွယ်ချက်တူညီတဲ့ အဖွဲ့အစည်းနဲ့ လက်တွဲ အလုပ်လုပ်ရတဲ့အတွက်လည်း ဝမ်းသာ ဂုဏ်ယူမိပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

SMART Credit Solution သည် ရှုပ်ထွေးသည့် စာရွက်စာတမ်း ကိစ္စရပ်များကို လျော့ချပြီး ချေးငွေလျှောက်ထား မှုများကို မိနစ်ပိုင်းအတွင်း လုပ်ဆောင်နိုင်စေမည် ဖြစ်သည်။ လူများစွာကို ဝန်ဆောင်မှုပေးနိုင်သည့် Platform နှင့်အတူ နယ်မြေဒေသအားဖြင့် ကွဲပြားသော မြန်မာဈေးကွက်၏ လိုအပ်ချက်နှင့် ကိုက်ညီအောင် SMART Credit ကို ဖန်တီးထားပြီး ယင်းသည် Consumer များ ရိုးမဘဏ်၏ ဘဏ္ဍာရေးနှင့် ငွေကြေးဝန်ဆောင်မှုကို အလွယ်တကူ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမည် ဖြစ်သည်။ ယင်း အဆင့်မြင့်တင်ထားသော ဒီဂျစ်တယ် ဝန်ဆောင်မှုများသည် မြန်မာနိုင်ငံရှိ ရိုးမဘဏ်၏ ဘဏ်ခွဲ (၈၀) ကို သာလွန်သော ဝန်ဆောင်မှုပေးအပ်သည့် ဘဏ်များဖြစ်အောင်ပံ့ပိုးပေးမည် ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ အသေးစား စီးပွားရေးလုပ်ငန်းများ (သို့မဟုတ်) သမရိုးကျ ဘဏ်လုပ်ငန်းနှင့် အလှမ်းဝေးသည့် လူတစ်ဦးချင်းကို ငွေကြေးဝန်ဆောင်မှုများ ပိုမို ရယူနိုင်အောင် လုပ်ဆောင်ပေးမည် ဖြစ်သည်။

ရိုးမဘဏ် နှင့် Experian သည် မကြာသေးခင်က ကျင်းပခဲ့သော The Financial Technology Innovation Awards Programme 2019 ပွဲတွင် “Best Data and Analytics Initiative, Application or Programme 2019” ဆုကဏ္ဍတွင် The Asian Banker’s Business Achievement Awards ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

Experian အကြောင်း

Experian သည် ကမ္ဘာ့ သတင်းအချက်အလက် ဝန်ဆောင်မှု ထိပ်တန်းကုမ္ပဏီ ဖြစ်သည်။ Experian သည် ၎င်း၏ Client များ ၎င်းတို့၏ အချက်အလက်များကို အသုံးချ၍ ယုံကြည်မှုရှိစွာ စီမံခန့်ခွဲနိုင်အောင် လုပ်ဆောင်ပေးသည်။ Experian သည် တစ်ဦးချင်းစီကို ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက် ကိုယ်ပိုင်လုပ်ဆောင်နိုင်အောင် ထိန်းချုပ်မှုပေးပြီး စီးပွားရေးလုပ်ငန်းများအတွက်လည်း တိကျမှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေခြင်း ၊ ငွေချေးသူများကို ပိုမို တာဝန်ယူမှုရှိစေခြင်း နှင့် အဖွဲ့အစည်းအတွင်း ငွေအလွှဲသုံးစားလုပ်မှုများ နှင့် ရာဇဝတ်မှုများကို ဟန့်တား ကာကွယ်ပေးခြင်း တို့ကို ကူညီလုပ်ဆောင်ပေးသည်။ Experian သည် နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် ဝန်ထမ်းပေါင်း ၁၆,၅၀၀ ဖြင့် လည်ပတ်လျက်ရှိပြီး အသစ် အသစ်သော နည်းပညာများ ၊ အရည်အချင်းပြည့်ဝသူများ နှင့် Client များ၏ အခွင့်အလမ်းအကျိုးအမြတ်များကို အများဆုံး ရရှိအောင် ဆန်းသစ်ဖန်တီးပေးခြင်း တို့ကို နေ့စဉ်နှင့်အမျှ ရင်းနှီးမြှုပ်နှံသည်။ Experian သည် London Stock Exchange (EXPN) စာရင်းဝင် ကုမ္ပဏီ တစ်ခုဖြစ်ပြီး FISE 100 Index တွင် ပါဝင်သည့် ကုမ္ပဏီ တစ်ခုဖြစ်သည်။ Experian နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက http://www.experian.com.sg/ သို့မဟုတ် အဖွဲ့အစည်းနှင့် ပတ်သက်၍ အချက်အလက် အသေးစိတ် နှင့် နောက်ဆုံးသတင်းများကို သိရှိလိုပါက global news blog သို့ ဝင်ရောက်လေ့လာပါ။

Share this news on