အသေးစားနှင့် အလတ်စား ချေးငွေအစီအစဉ် (MSME Loan Program) အတွက် ရိုးမဘဏ်နှင့် Lotte MGS တို့ ပူးပေါင်းဆောင်ရွက်

New & Activities > သတင်းများ

အသေးစားနှင့် အလတ်စား ချေးငွေအစီအစဉ် (MSME Loan Program) အတွက် ရိုးမဘဏ်နှင့် Lotte MGS တို့ ပူးပေါင်းဆောင်ရွက်

New & Activities > သတင်းများ

အသေးစားနှင့် အလတ်စား ချေးငွေအစီအစဉ် (MSME Loan Program) အတွက် ရိုးမဘဏ်နှင့် Lotte MGS တို့ ပူးပေါင်းဆောင်ရွက်

14 October 2019သတင်းများ

1 Min Read

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးရန် ရိုးမဘဏ်နှင့် Lotte MGS တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ ။        ။ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၉ ခုနှစ် – ရိုးမဘဏ်သည် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးရန် ချေးငွေထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ကို Lotte MGS နှင့်အတူ စတင်လိုက်ပြီဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရိုးမဘဏ်သည် Lotte-MGS ၏ အထူး အရောင်းကိုယ်စားလှယ်များနှင့် လက်လီကုန်သည်များကို အပေါင်ပစ္စည်းမလိုသော ချေးငွေများ ပေးအပ်သွားမည်ဖြစ်ပါသည်။ 

Lotte-MGS ၏ Sales Director ဖြစ်သူ Mr Seung Yong Lee က “ဘဏ်ချေးငွေတွေက ပုံမှန်အားဖြင့် အာမခံအပေါင်ပစ္စည်းထားရှိရခြင်း၊ စာရွက်စာတမ်းအများအပြားလိုအပ်ခြင်းတို့အပြင် ချေးငွေလျှောက်ထားမှုအတည်ပြုဖို့ လနဲ့ချီပြီး ကြာတတ်ပါတယ်။ ဒီအခက်အခဲတွေကြောင့် အသေးစားစီးပွားရေးလုပ်ငန်းတွေ ချေးငွေရရှိဖို့ မဖြစ်နိုင်သလို အသေးစားကုန်သည်တွေအတွက်လည်း လုပ်ငန်းရင်းနှီးငွေကို အကျိုးရှိရှိအသုံးချဖို့ရာမှာ အခက်တွေ့စေပါတယ်။ ယခုချေးငွေဝန်ဆောင်မှုက ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ကုန်သည်တွေအတွက် စိတ်လှုပ်ရှားစရာသတင်းဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

ရိုးမဘဏ်၏ Head of Digital Credit ဖြစ်သူ Jason Loughnane က “ဒီပူးပေါင်းဆောင်ရွက်မှုကနေ ကုန်ကျစရိတ်အသက်သာဆုံး လုပ်ငန်းသုံးအရင်းအနှီးချေးငွေတွေကို အသေးစားစီးပွားရေးလုပ်ငန်းတွေထံ  ပေးအပ်သွားမှာဖြစ်ပြီး Lotte-MGS ရဲ့ အရောင်းကိုယ်စားလှယ်တွေနဲ့ ကုန်သည်တွေလက်ထဲ ချေးငွေ အမြန်ဆုံးရောက်ရှိစေမှာဖြစ်ပါတယ်။ မျှော်မှန်းရောင်းအားအပေါ်မူတည်ပြီး ချေးငွေရယူနိုင်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ တိုးတက်စေဖို့ကိုလည်း အထောက်အပံ့ပေးသွားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရိုးမဘဏ်အနေနဲ့   အနာဂတ်မှာ အလားတူကုမ္ပဏီတွေနဲ့ပူးပေါင်းပြီး တခြားငွေရေးကြေးရေးလိုအပ်ချက်ရှိနေတဲ့ စီးပွားရေးကဏ္ဍတွေဆီကို  ရောက်ရှိနိုင်ဖို့  မျှော်လင့်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ယခု ချေးငွေပုံစံမှာ ရိုးမဘဏ်၏ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆောင်ရွက်ထားသည့် ငွေပေးချေမှုပမာဏပါ်မူတည်ပြီး  ရရှိနိုင်မည့်ချေးငွေ ပမာဏကို သတ်မှတ်ပေးမည်ဖြစ်ပါသည်။ ရိုးမဘဏ်၏ အပေါင်ပစ္စည်းမလိုသော ချေးငွေအားလုံးအတွက် အတိုးနှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းများအတိုင်း တစ်နှစ်လျှင် ၁၆% သတ်မှတ်ထားပါသည်။ 

Lotte-MGS အကြောင်း


Lotte-MGS Beverage (Myanmar) ကုမ္ပဏီလီမိတက် သည်  ကိုရီးယား LOTTE Group ၏ အဖွဲ့ဝင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ Lotte-MGS သည် မြန်မာနိုင်ငံရှိ Pepsi ထုတ်ကုန်များ၏ ပုလင်းသွပ်၊ ဖြန့်ချိသူဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် Lotte Chilsung Beverage ကုမ္ပဏီ နှင့် Myanmar Golden Star Beverage ကုမ္ပဏီတို့ ပူးတွဲဖွင့်လှစ်သော ဖက်စပ်ကုမ္ပဏီဖြစ်ပါသည်။ Lotte နှင့် PepsiCo တို့မှာ ကိုရီးယားနိုင်ငံ၌ ၁၉၇၆ ခုနှစ်ကစပြီး ဆယ်စုနှစ် ၃ ခုကျော်ကြာ လက်တွဲဆောင်ရွက်ခဲ့ကြသည်။ ကိုရီးယားနိုင်ငံ၏ ထိပ်တန်း အချိုရည်ထုတ်လုပ်သူ Lotte Chilsung Beverage ကုမ္ပဏီသည် တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံများတွင်လည်း အချိုရည်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Share this news on