ရိုးမဘဏ်နှင့် Rabo Partnerships တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အောင်မြင်စွာပြီးစီးခြင်း

New & Activities > သတင်းများ

ရိုးမဘဏ်နှင့် Rabo Partnerships တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အောင်မြင်စွာပြီးစီးခြင်း

New & Activities > သတင်းများ

ရိုးမဘဏ်နှင့် Rabo Partnerships တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အောင်မြင်စွာပြီးစီးခြင်း

27 December 2021သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ ။ ။ဒီဇင်ဘာလ  ၂၇ ရက်၊ ၂၀၂၁ ခုနှစ် – ရိုးမဘဏ် နှင့် Rabo Partnerships တို့ လွန်ခဲ့သည့်နှစ်များက မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာဖူလုံရေးနှင့် ငွေရေးကြေးရေး အလုံးစုံပါဝင်မှုများကို ဆောင်ရွက်ရန် မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုကို The Netherlands Ministry of Foreign Trade & Development Cooperation ၏ ပံ့ပိုးမှုဖြင့် အကောင်းအထည် ဖော်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရိုးမဘဏ်၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ငွေကြေးဝန်ဆောင်မှုများ၊ IT နည်းပညာ ဝန်ဆောင်မှုများ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ငွေရေးကြေးရေး ဝန်ဆောင်မှုများအား ကောင်းမွန်စွာ တိုးမြှင့် အကောင်အထည်ဖော်နိုင်ရန် ဦးစားပေး ဆောင်ရွက်ခဲ့သည်။  

ဤပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ဒီဇင်ဘာလ ၃၁ ရက်၊ ၂၀၂၁ခုနှစ်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။ ပူးပေါင်းအကောင်းအထည်ဖော်ဆောင်ရွက်ခဲ့သည့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့်လည်း ယခုကဲ့သို့ အောင်မြင်စွာ လက်တွဲဆောင်ရွက်ခဲ့မှုအတွက် ဂုဏ်ယူကျေးဇူးတင်ကြောင်း ပြောကြားလိုပါသည်။ 

RABO Bank အကြောင်း

Rabo Bank သည် နယ်သာလန်နိုင်ငံ၊ Utrecht မြို့အခြေစိုက် နိုင်ငံတကာ ငွေရေးကြေးရေး ဝန်ဆောင်မှု ကော်ပိုရိတ်ဘဏ်လုပ်ငန်းတစ်ခုဖြစ်သည်။ Rabobank သည် အစားအသောက်နှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် ငွေကြေး ထောက်ပံ့ပေးနေသည့် ကမ္ဘာ့ဦးဆောင်ဘဏ်တစ်ခု ဖြစ်ပါသည်။ Rabo Partnerships ဟုခေါ်သော ဌာနမှတစ်ဆင့် Rabobank သည် ထွန်းသစ်စစီးပွားရေးဈေးကွက်များရှိ မိတ်ဖက်ဘဏ်အဖွဲ့အစည်းများအား အကောင်းဆုံး အလေ့အကျင့်များကို ဝေမျှခြင်းကတစ်ဆင့် လုပ်ထုံးလုပ်နည်းများပံ့ပိုးပေးနေကာ စိုက်ပျိုးရေးငွေကြေးထောက်ပံ့မှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုကို အသားပေးလျက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် အားလုံးပါဝင်သော ငွေရေးကြေးရေးကဏ္ဍကို အားပေးထောက်ပံ့ပေးနေပါသည်။  ပိုမိုသိရှိလိုပါက https://www.rabobank.com/rabopartnerships

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။