ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီဖြေရှင်းမှုများ ပေးအပ်နိုင်ရန် RABOBANK နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

New & Activities > သတင်းများ

ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီဖြေရှင်းမှုများ ပေးအပ်နိုင်ရန် RABOBANK နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

New & Activities > သတင်းများ

ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာရေးဆိုင်ရာ ကူညီဖြေရှင်းမှုများ ပေးအပ်နိုင်ရန် RABOBANK နှင့် ပူးပေါင်းဆောင်ရွက်ခြင်း

7 June 2017သတင်းများ

1 Min Read

ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွင်း ဘဏ္ဍာရေး ပါဝင်ထည့်ဝင်မှု တိုးတက်စေရန် နယ်သာလန် နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန် နိုင်ငံ သံရုံး တရားဝင် ကိုယ်စားလှယ် ဖြစ်သည့် RABOBANK နှင့် (၂) နှစ်ကြာ ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်သည်။

ရန်ကုန်၊ မြန်မာ ။ ။ ဇွန် ၇ ရက်၊ ၂၀၁၇ ခုနှစ် – ရိုးမဘဏ်သည် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွင်း ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးမှု တိုးတက်စေရန် နယ်သာလန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံဆိုင် ရာ နယ်သာလန်နိုင်ငံသံရုံးမှ တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် Rabobank နှင့် (၂) နှစ်ကြာ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်မည် ဖြစ်သည်။

ယခုကဲ့သို့ တွဲဖက်ဆောင်ရွက်မှု၏ မျှော်မှန်းရလဒ်များမှာ မြန်မာနိုင်ငံ ကျေးလက်ဒေသတွင် ဘဏ္ဍာရေး ပါဝင်ထည့်ဝင်မှုကို အဓိကအားဖြင့် တိုးတက်မြင့်မားစေရန်၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဓိက ဦးဆောင်လုပ်ကိုင်နေသူများထံ ဘဏ္ဍာရေး ဆိုင်ရာ ကူညီဖြေရှင်းမှုများ ပေးအပ်နိုင်ရန်အတွက် ဖြစ်သည်။ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကူညီထောက်ပံ့မှုကို Rabobank Group ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သော အတိုင်ပင်ခံအဖွဲ့တစ်ခုဖြစ်သည့် Rabo International Advisory Services (RIAS) က ပံ့ပိုးပေးမည်ဖြစ်သည်။ ရိုးမဘဏ်နှင့် LIFT (The Livelihoods and Food Security Trust Fund) တို့ လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုကို အခြေခံထားသော ယခုတွဲဖက်ဆောင်ရွက်မှုသည် မြန်မာနိုင်ငံတွင် အားလုံးပါဝင်နိုင်သော ဘဏ္ဍာရေးဝန် ဆောင်မှုများ ပေးအပ်နိုင်ရေး ဟူသော ရိုးမဘဏ်၏ ရည်မှန်းချက်ကို ပို၍ အားကောင်းလာစေမည်ဖြစ်သည်။

အစီအစဉ်၏ အဓိကအချက်များမှာ

• ကျေးလက်ဒေသပိုင်းတွင် စက်မှုပစ္စည်းများ သုံးစွဲရေးကို အားပေးရန်အတွက် ရိုးမဘဏ်၏ အငှားဝယ်ယူစနစ် ဆောင် ရွက်မှုကို အကျိုးပြုထောက်ပံ့ပေးရန်

• အလားအလာမြင့်မားသော လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တန်ဖိုးကွင်းဆက်များအနက် ရွေးချယ်ထားသောအရေအ တွက်တွင် အာမခံမရှိသော ဘဏ္ဍာရေးထုတ်ကုန်များ အကောင်အထည်ဖော်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်

• ဘဏ္ဍာရေးဝန်ဆောင်မှုများကို လူအများစု ရရှိအသုံးပြုနိုင်မှုအား သိသာထင်ရှားစွာ မြှင့်တင်ပေးနိုင်မည့် ဒီဂျစ်တယ် ဘဏ္ဍာရေးထုတ်ကုန်များ ထွက်ပေါ်လာမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားပေးရန်

• မြန်မာနိုင်ငံ ကျေးလက်ဒေသအတွင်း ဘဏ္ဍာရေးဝန်ဆောင်မှု ချဲ့ထွင်နိုင်ခြင်း၏ ရှေ့ဆုံးတွင် ရောက်ရှိရန်အတွက် ရိုးမ ဘဏ်အတွင်း စွမ်းရည်တည်ဆောက်မှုများ ပြုလုပ်ထားရန် တို့ ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အောင်မြင်နေတဲ့ Agribusiness Finance Program (AFP) ကို ဖြည့်စွက်တဲ့အနေနဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ တခြားချေးငွေထုတ်ကုန်တွေ ချဲ့ထွင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အလွန်ကြီးမားတဲ့ အလားအလာတွေကို ဖော် ထုတ်ဖို့နဲ့ Finance Product တွေကို အခြေခံပြီး ငွေသားစီးဆင်းမှုကို တိုးတက်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ် မှုတွေကို ယခု ပူးပေါင်းဆောင်ရွက်မှုက အရှိန်မြှင့်တင်ပေးမယ် လို့ ယုံကြည်ပါတယ်” ဟု ရိုးမဘဏ်၏ Special Advisor to Chairman and CEO ဖြစ်သူ Mr. Hal Bosher က ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး Mr. Wouter Jurgens က လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် ဘဏ္ဍာငွေ ပံ့ပိုးပေးမည့်အခွင့်အလမ်းများ တိုးတက်လာခြင်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် အကောင်းဆုံး ထောက်ကူမှုများအနက် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

Rabo Development ၏ Managing Director ဖြစ်သူ Mrs. Marianne Schoemaker ကလည်း “ပေါ်ထွက်လာသော စီးပွား ရေးတွင် ခိုင်မာတောင့်တင်းသော ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ တည်ထောင်ပေးရေးနှင့် ရင်းနှီးမြှုပ်နှံရေးတို့ကို Rabo-bank ၏ အခြေခံကတိကဝတ်တစ်ခုအနေဖြင့် ထားရှိထားပြီး အသိပညာ၊ ငွေကြေးနှင့် ကွန်ရက်များ ရယူအသုံးပြုမှုကို ပေး အပ်နိုင်ရန် ရည်ရွယ်၍ ၎င်း၏စားနပ်ရိက္ခာမဟာဗျူဟာဘဏ်လုပ်ငန်းနှင့် တစ်ပြေးညီ လုပ်ဆောင်နေခြင်း ဖြစ်သည်” ဟု ပြော သည်။

“တိုးတက်နေတဲ့ နိုင်ငံတွေထဲမှာ လယ်ယာစိုက်ပျိုးရေးကဏ္ဍရဲ့ အလားအလာဟာ သိသာထင်ရှားလာပြီ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံကလည်း လယ်ယာစိုက်ပျိုးရေးထုတ်ကုန်တွေ တိုးတက်လာဖို့ အလားအလာတွေရှိတဲ့ နိုင်ငံတွေထဲက တစ်ခုဖြစ်ပါတယ်။ စားနပ်ရိက္ခာထုတ်လုပ်ရေးနဲ့ အနာဂတ်မှာ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရေးဟာလည်း အဓိကအခန်းကဏ္ဍ တစ်ခုကနေ ပါဝင် နေပါတယ်။ ဒီအလားအလာတွေကို ဖော်ထုတ်ပေးဖို့ Rabobank ဟာ ဘဏ္ဍာရေးလုပ်ငန်းအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ ပေးဖို့ စိတ်အားထက်သန်နေပြီး ကမ္ဘာတစ်ဝန်းက လယ်ယာစိုက်ပျိုးရေး တန်ဖိုးကွင်းဆက်အတွင်းရှိ တခြားလုပ်ငန်းတွေကို လည်း ထုတ်လုပ်မှုတိုးမြှင့်ရန်၊ အချိန်တိုအတွင်း အကျိုးရှိစေရန်၊ ပိုပြီး ခံနိုင်ရည်ရှိလာစေရန်အတွက် ကူညီပံ့ပိုးရန် ဆန္ဒရှိပါ တယ်” ဟု Schoemaker က ထုတ်ဖော်ပြောကြားခဲ့သည်။

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။