ရိုးမဘဏ်က ဘဏ္ဍာရေးအရာရှိချုပ်အသစ် ခန့်အပ်လိုက်ခြင်

New & Activities > သတင်းများ

ရိုးမဘဏ်က ဘဏ္ဍာရေးအရာရှိချုပ်အသစ် ခန့်အပ်လိုက်ခြင်

New & Activities > သတင်းများ

ရိုးမဘဏ်က ဘဏ္ဍာရေးအရာရှိချုပ်အသစ် ခန့်အပ်လိုက်ခြင်း

26 September 2016သတင်းများ

1 Min Read

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၆ရက်၊ ရန်ကုန်မြို့ ။     ။ ရိုးမဘဏ်ကဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်အဖြစ်  Mr  Vijay  Maheshwari ကိုစက်တင်ဘာ၁ရက်မှစတင်ခန့်အပ်လိုက်ပြီဖြစ်သည်။ Mr  Vijay  သည်လူသိများ   ထင်ရှားသည့် Standard Chartered  Bank နှင့် အိန္ဒိယ၊ဟောင်ကောင်၊စင်ကာပူ၊ကိုရီးယား၊အင်ဒိုနီးရှား၊ဗီယက်နမ်၊အင်္ဂလန်စသည်နိုင်ငံများရှိ ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းများတွင်ဘဏ္ဍာရေးအရာရှိချုပ်  (Chief  Financial  Officer)  အဖြစ်၁၀နှစ်ကျော်တာ ဝန်ထမ်းဆောင်ခဲ့သည့်အတွေ့   အကြုံရှိသူတစ်ယောက်ဖြစ်သည်။

ဘဏ္ဍာရေး၊လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း၊ကော်ပိုရိတ်အုပ်ချုပ်ရေး၊စီးပွားရေးဦးဆောင်မှုစသည့်နယ်ပယ်များတွင်အတွေ့အကြုံကောင်းများစွာရရှိထားသည့် Mr  Vijay  နှင့်လက်တွဲလုပ်ကိုင်ခွင့်ရသည့်အတွက်ရိုးမဘဏ်အနေဖြင့်အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။

“Mr  Vijay နဲ့ အခုလိုလက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာမိပါတယ်။ဗီယက်နမ်၊အင်ဒိုနီးရှားနဲ့တခြားအရှေ့တောင်အာရှနိုင်ငံတွေအပြင်စင်ကာပူရှိ  Standard  Chartered  Bank  မှာသူ့ရဲ့နှစ်ပေါင်းများစွာသောအတွေ့အကြုံတွေ  ဟာရိုးမဘဏ်ကိုအခုထက်ပိုပြီးတိုးတက်အောင်မြင်မှုတွေထပ်မံရရှိလာအောင်ပံ့ ပိုးပေးနိုင်မှာဖြစ်ပါတယ်” ဟုရိုးမဘဏ်၏ Special Advisor to the Chairman and CEOဖြစ်သူ Mr Hal Bosher ကပြောကြားခဲ့သည်။

“အခုလိုပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာရိုးမဘဏ်နဲ့အတူလက်တွဲအလုပ်လုပ်ရတာစိတ်လှုပ်ရှားမိပါတယ်။ ရိုးမဘဏ်ဟာအနာဂတ်မှာအောင်မြင်မှုတွေပိုမိုရရှိအောင်အများကြီးလုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါ တယ်” ဟု  Mr  Vijay  ကပြောကြားခဲ့သည်။

Mr  Vijay  သည် Oxford  Business ကျောင်းတွင်တက်ရောက်ခဲ့ဖူးပြီး Institute of Chartered Accountants of India တွင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။