ရိုးမဘဏ်က ဘဏ္ဍာရေးအရာရှိချုပ်အသစ် ခန့်အပ်လိုက်ခြင်

New & Activities > သတင်းများ

ရိုးမဘဏ်က ဘဏ္ဍာရေးအရာရှိချုပ်အသစ် ခန့်အပ်လိုက်ခြင်

New & Activities > သတင်းများ

ရိုးမဘဏ်က ဘဏ္ဍာရေးအရာရှိချုပ်အသစ် ခန့်အပ်လိုက်ခြင်း

26 September 2016သတင်းများ

1 Min Read

၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၆ရက်၊ ရန်ကုန်မြို့ ။     ။ ရိုးမဘဏ်ကဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်အဖြစ်  Mr  Vijay  Maheshwari ကိုစက်တင်ဘာ၁ရက်မှစတင်ခန့်အပ်လိုက်ပြီဖြစ်သည်။ Mr  Vijay  သည်လူသိများ   ထင်ရှားသည့် Standard Chartered  Bank နှင့် အိန္ဒိယ၊ဟောင်ကောင်၊စင်ကာပူ၊ကိုရီးယား၊အင်ဒိုနီးရှား၊ဗီယက်နမ်၊အင်္ဂလန်စသည်နိုင်ငံများရှိ ကုမ္ပဏီလုပ်ငန်းအဖွဲ့အစည်းများတွင်ဘဏ္ဍာရေးအရာရှိချုပ်  (Chief  Financial  Officer)  အဖြစ်၁၀နှစ်ကျော်တာ ဝန်ထမ်းဆောင်ခဲ့သည့်အတွေ့   အကြုံရှိသူတစ်ယောက်ဖြစ်သည်။

ဘဏ္ဍာရေး၊လုပ်ငန်းစီမံကိန်းရေးဆွဲခြင်း၊ကော်ပိုရိတ်အုပ်ချုပ်ရေး၊စီးပွားရေးဦးဆောင်မှုစသည့်နယ်ပယ်များတွင်အတွေ့အကြုံကောင်းများစွာရရှိထားသည့် Mr  Vijay  နှင့်လက်တွဲလုပ်ကိုင်ခွင့်ရသည့်အတွက်ရိုးမဘဏ်အနေဖြင့်အထူးဝမ်းမြောက်ဂုဏ်ယူမိပါသည်။

“Mr  Vijay နဲ့ အခုလိုလက်တွဲအလုပ်လုပ်ခွင့်ရတဲ့အတွက်အများကြီးဝမ်းသာမိပါတယ်။ဗီယက်နမ်၊အင်ဒိုနီးရှားနဲ့တခြားအရှေ့တောင်အာရှနိုင်ငံတွေအပြင်စင်ကာပူရှိ  Standard  Chartered  Bank  မှာသူ့ရဲ့နှစ်ပေါင်းများစွာသောအတွေ့အကြုံတွေ  ဟာရိုးမဘဏ်ကိုအခုထက်ပိုပြီးတိုးတက်အောင်မြင်မှုတွေထပ်မံရရှိလာအောင်ပံ့ ပိုးပေးနိုင်မှာဖြစ်ပါတယ်” ဟုရိုးမဘဏ်၏ Special Advisor to the Chairman and CEOဖြစ်သူ Mr Hal Bosher ကပြောကြားခဲ့သည်။

“အခုလိုပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့အချိန်မှာရိုးမဘဏ်နဲ့အတူလက်တွဲအလုပ်လုပ်ရတာစိတ်လှုပ်ရှားမိပါတယ်။ ရိုးမဘဏ်ဟာအနာဂတ်မှာအောင်မြင်မှုတွေပိုမိုရရှိအောင်အများကြီးလုပ်ဆောင်နေတဲ့အချိန်ဖြစ်ပါ တယ်” ဟု  Mr  Vijay  ကပြောကြားခဲ့သည်။

Mr  Vijay  သည် Oxford  Business ကျောင်းတွင်တက်ရောက်ခဲ့ဖူးပြီး Institute of Chartered Accountants of India တွင်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။

Share this news on