ရိုးမဘဏ် (၃၁) နှစ်ပြည့် အထိမ်းအမှတ် ‘ပိုတာတွေလှူမျှဝေကူ’ အစီအစဉ်
ရိုးမဘဏ် (၃၁) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ‘ပိုတာတွေလှူမျှဝေကူ’ အစီအစဉ်မှ အဝတ်အထည်များလှူဒါန်းခြင်း အခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့က Step-In Step-Up (SISU) Vocational Training Center မှာ ကျင်းပပြုလုပ်ကာ Step-In Step-Up (SISU) Vocational Training Center မှ ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်လှူဒါန်းခဲ့ပါတယ်။
အဆိုပါလှူဒါန်းပွဲအခမ်းအနားတွင် ရိုးမဘဏ်က Step-In Step-Up (SISU) Vocational Training Center ရှိ ကျောင်းသား၊ ကျောင်းသူ အယောက် (၂၀၀) အတွက် နေ့လည်စာကိုလည်း ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ ‘ပိုတာတွေလှူ မျှဝေကူ’ အစီအစဉ်သည် ရိုးမဘဏ်ဝန်ထမ်းများထံမှ လက်ခံရရှိခဲ့သော အဝတ်အထည်များကို လိုအပ်သည့်နေရာများသို့ ပေးပို့လှူဒါန်းသော လူမှုအကျိုးပြု အစီအစဉ်တစ်ခုဖြစ်ပါတယ်။
ယခုအစီအစဉ် ဖြစ်မြောက်အောင်ပါဝင်အားဖြည့် လှူဒါန်းကြသော ရိုးမဘဏ်ဝန်ထမ်းများကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ရိုးမဘဏ်သည်လည်း (၃၁) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် လူမှုအကျိုးပြုလုပ်ငန်းများကို ရိုးမဘဏ်ဝန်ထမ်းများ၊ Customer များနဲ့အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့သန္နိဋ္ဌာန်ချထားပါတယ်။
ကြည့်ရှုဝမ်းမြောက်နိုင်ရန်လည်း ‘ပိုတာတွေလှူမျှဝေကူ’အစီအစဉ်မှ အဝတ်အထည်များလှူဒါန်းခြင်း အခမ်းအနားမှ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။
BizSpace Portal
SMART Credit Business Portal
Payroll Portal
Supply Chain Financing
HP Dealer Portal




