ရိုးမဘဏ် စစ်တွေ ဘဏ်ခွဲ ရှိ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ရိုးမဘဏ်မှ အတည်ပြုပြောကြား

New & Activities > သတင်းများ

ရိုးမဘဏ် စစ်တွေ ဘဏ်ခွဲ ရှိ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ရိုးမဘဏ်မှ အတည်ပြုပြောကြား

New & Activities > သတင်းများ

ရိုးမဘဏ် စစ်တွေ ဘဏ်ခွဲ ရှိ ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း ရိုးမဘဏ်မှ အတည်ပြုပြောကြား

22 August 2020သတင်းများ

1 Min Read

ရန်ကုန်၊ မြန်မာ။    ။ ၂၀၂၀ ခုနှစ်၊ သြဂုတ် လ၊ ၂၂ ရက် –  စစ်တွေ မြို့၊ မြောက်ရူပါ ရပ်ကွက် ရှိ    ရိုးမဘဏ်ခွဲ တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတစ်ဦးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း  ရိုးမဘဏ်က ယနေ့တွင် သတင်းထုတ်ပြန်လိုက်ပါသည်။ မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ၂၁ ရက် ည ၈ နာရီတွင် ထုတ်ပြန်သော COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးမှုအဖြေအရ အဆိုပါ ရိုးမဘဏ်ဝန်ထမ်းသည်  လူနာအမှတ်စဉ် (၄၁၁) အဖြစ် ရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုသတ်မှတ်ခဲ့ပြီး  လက်ရှိတွင်  ဆေးကုသမှုခံယူ လျက်ရှိပါသည်။

ရိုးးမဘဏ် စစ်တွေဘဏ်ခွဲအား သေချာစွာ ပိုးသတ် သန့်စင်မှုများ ပြုလုပ်ရန်  ယာယီ ပိတ်ထားပါသည်။ စစ်တွေဘဏ်ခွဲရှိ ဝန်ထမ်း ၂၈ ယောက် ကိုလည်း  အသွားအလာ ကန့်သတ်နေထိုင်လျက် ရှိပါသည်။

“ ရိုးမဘဏ်ရဲ့ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ လူမှုအသိုက်အဝန်းကို အကာအကွယ်ပေးဖို့က ကျွန်တော်တို့ရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။ စစ်တွေ ဘဏ်ခွဲကို ပိတ်ထားစဉ်မှာ  Customers တွေကို အကောင်းဆုံးဝန်ဆောင်ပေးသွားနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာပါ။ Customers များနှင့် ရိုးမဘဏ်ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးရှိစေဖို့ ရိုးမဘဏ်အနေနဲ့ လုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်တွေနဲ့အညီ ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ ” ဟု ရိုးမဘဏ်၏ CEO ဖြစ်သူ Mr. Dean Cleland မှ ပြောကြားခဲ့ပါသည်။

စစ်တွေ ဘဏ်ခွဲမှအပ ကျန် ရိုးမဘဏ် ဘဏ်ခွဲအားလုံးအား ပုံမှန် ဘဏ်ဖွင့်ချိန်အတိုင်း ဆက်လက် ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။ Customers များ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များ၏ လုံခြုံရေးကို သေချာစေရန်  ရိုးမဘဏ်အနေဖြင့် လက်ရှိအခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။ COVID-19 နှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက မြန်မာနိုင်ငံ၊ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။