Yoma Bank Townhall ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့
၂၀၂၅ ခုနှစ်၊ ဧပြီလ၊ ၈ ရက်နေ့တွင် ရိုးမဘဏ်ရုံးချုပ်၌ Yoma Bank Townhall ကို ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရိုးမဘဏ် ဥက္ကဋ္ဌအပါအဝင် ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်နှင့် အခြားအမှုဆောင်အရာရှိများ၊ ရုံးချုပ်နှင့် ဘဏ်ခွဲများမှ တာဝန်ရှိသူများအားလုံး တက်ရောက်ခဲ့ကြပါသည်။
Yoma Bank Townhall အခမ်းအနားတွင် —
- ရိုးမဘဏ်၏ ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ် (FY 2024-25) ၏ နှစ်ချုပ်စာရင်းအခြေအနေများ၊
- မြေငလျင်ဒဏ်သင့်ဒေသရှိ ဝန်ထမ်းများ၊ Customer များနှင့် အများပြည်သူများအတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် လက်ရှိပံ့ပိုးဆောင်ရွက်ပေးနေသောအစီအစဉ်များ (Emergency Relief Activities for Earthquake) နှင့်
- အမှုဆောင်အရာရှိချုပ်မှ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးပြောကြားခြင်း အစီအစဉ် (CEO’s Message) စသည်တို့ ပါဝင်ခဲ့ပါသည်။
ရိုးမဘဏ်အနေဖြင့် “ပြည်သူများအတွက် ပိုမိုကောင်းမွန်သော မြန်မာနိုင်ငံတော်တည်ဆောက်ရန်” ဆိုသည့် ရည်မှန်းချက်အတိုင်း Customerများကို အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အစဉ်တစိုက် လုပ်ဆောင်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ရိုးမဘဏ်၏ ဝန်ထမ်းများအနေဖြင့် အထက်ပါရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရာတွင် အားသွန်ခွန်စိုက်ဖြင့် တစ်ညီတစ်ညွတ်တည်း ဆက်လက်ကြိုးပမ်းကြရန်နှင့် ယခုကဲ့သို့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို အကောင်းဆုံးပေးအပ်နိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းနေမှုများအတွက်လည်း အထူးကျေးဇူးတင်ရှိကြောင်း အမှုဆောင်အရာရှိချုပ်မှ ပြောကြားခဲ့ပါသည်။
Explore our gallery
Other Related News

မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း တွေ့ဆုံဆွေးနွေးပွဲတွင် ရိုးမဘဏ်မှ Main Sponsor အနေဖြင့် ပါဝင်ခဲ့

စိတ်ကူးထဲက ကားလည်းရ၊ ချေးငွေအတွက်လည်း စိတ်အေးရ” အစီအစဉ်ကို မန္တလေးမြို့တွင် ကျင်းပပြုလုပ်

BizSpace Portal
Payroll Portal
Supply Chain Financing





