သင်တို့အတွက် ရိုးမဘဏ်မှ အသင့်ရှိနေပါသည်

New & Activities > သတင်းများ

သင်တို့အတွက် ရိုးမဘဏ်မှ အသင့်ရှိနေပါသည်

New & Activities > သတင်းများ

သင်တို့အတွက် ရိုးမဘဏ်မှ အသင့်ရှိနေပါသည်

10 March 2020သတင်းများ

1 Min Read

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်သည့် Coronavirus (COVID-19) နှင့် ပတ်သက်၍ ရိုးမဘဏ်တွင် လုပ်ဆောင်နေမှုများအကြောင်းနှင့် သင်တို့အတွက် ရိုးမဘဏ်မှ အသင့်ရှိနေသည့်အကြောင်းကို အသိပေးလိုပါသည်။

လက်ရှိ ကြုံတွေ့နေရသော မသေချာမရေရာမှုများသည် တစ်ခါမျှ မတွေ့ကြုံဖူးသော အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ဖြစ်ပေါ်လာသော အခြေအနေများ ပေါ်မူတည်၍  ရိုးမဘဏ်သည် Customer များနှင့် ဝန်ထမ်းများကို ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန် အဓိကကျသော ဆောင်ရွက်ချက်များကို ပြီးခဲ့သည့် သီတင်းပတ်များမှ စတင်၍ အောက်ပါအတိုင်း အားသွန်ခွန်စိုက် လုပ်ဆောင်နေပါသည်။

ရိုးမဘဏ်၏ Customer များကို ပံ့ပိုးကူညီခြင်းသည် ရိုးမဘဏ်အတွက် အလွန်အ‌ရေးကြီးပါသည်။

Customer များအားလုံးအား ပံ့ပိုးကူညီခြင်းသည် ရိုးမဘဏ်၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခု ဖြစ်ပါသည်။

“ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် မြန်မာနိုင်ငံတော် တည်ဆောက်ရန်” ဆိုသော ရိုးမဘဏ်၏ ရည်ရွယ်ချက် နှင့် အညီ ရိုးမဘဏ်သည် သင်တို့နှင့်အတူ ကောင်းအတူဆိုးဖက် အသင့် ရှိနေမည် ဖြစ်ပါသည်။ အနာဂတ်၏ မသေချာမရေရာမှုများ ကိုအောင်မြင်စွာ ကျော်လွှားနိုင်ရေး အတွက် ရိုးမဘဏ်၏ အကြံဉာဏ်နှင့် အတွေးအမြင်များ ဖြင့် လမ်းညွှန်ကူညီပေးနိုင်ရန် ကြိုးစားအားထုတ်သွားပါမည်။

ရိုးမဘဏ်၌ လက်တွေ့ လုပ်ဆောင်လျက်ရှိသော ဆောင်ရွက်ချက်များမှာ

  • ရိုးမဘဏ် ဝန်ထမ်းများသည် ဘဏ်သို့ လာရောက်သော Customer များနှင့် ဝန်ထမ်းများ အားလုံးကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်းများ ဝတ်ဆင်ထားခြင်းဖြင့် သင်နှင့် ဝန်ထမ်းများအတွက် လုံခြုံဘေးကင်းသော ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ထားပါသည်။
  • ရိုးမဘဏ် ဘဏ်ခွဲများ၊ ATM များနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုများကို ဆက်လက် ဝန်ဆောင်မှုပေးသွားနိုင်ရန် ၊ပိုမိုပြင်းထန်လာသည့် အခြေအနေတွင်လည်း ဝန်ဆောင်မှုများ ဆက်လက်ပေးသွားနိုင်ရန် လုပ်ငန်းစဉ်ဆက်မပြတ် ဆောင်ရွက်နိုင်မည့် စီမံချက် (Business Continuity Plan) ကို ရေးဆွဲ အကောင်အထည်ဖော်‌ပြီး ဖြစ်ပါသည်။
  • Customer များအနေဖြင့် ငွေကြေးလည်ပတ်မှု လိုအပ်ချက်များ ရှိပါက သို့မဟုတ် အရေးပေါ်ငွေပေးချေမှုပြုလုပ်ရန် လိုအပ်ပါက ရိုးမဘဏ်ဝန်ထမ်းများက ကူညီရန် အသင့်ရှိနေပြီး customer များရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများ လျော့ပါးသက်သာစေရန် ချေးငွေပြန်ဆပ်မှု ဆိုင်းငံ့သည့် နည်းလမ်းများကို ကူညီရှာဖွေပေးနိုင်ပါသည်။
  • ရိုးမဘဏ်၏ Customer များအား ရောဂါကာကွယ်မှုဆိုင်ရာ ကျန်းမာရေးအသိပညာပေးမှုများကိုလည်း ဆက်လက်ပြုလုပ် သွားမည် ဖြစ်ပြီး သင်တို့အနေဖြင့်လည်း Social Distancing အလေ့အထကို ကျင့်သုံးကြရန် နှိုးဆော်လိုပါသည်။ မိမိကိုယ်ကို နေမကောင်းဖြစ်သည်ဟု ယူဆပါက ဒီဂျစ်တယ်ဘဏ်လုပ်ငန်းဝန်ဆောင်မှု ကို အသုံးပြုရန် တိုက်တွန်းလိုပါသည်။
  • ရိုးမဘဏ်အနေဖြင့် အသိပေးကြေညာချက်များနှင့် ထုတ်ပြန်ချက်များကို ဘဏ်၏ ဝက်ဘ်ဆိုက်ဖြစ်သည့် www.yomabank.com မှလည်းကောင်း၊ လူမှုကွန်ရက်မီဒီယာ (Yoma Bank Limited facebook page) မှလည်းကောင်း အချိန်နှင့်တပြေးညီ ထုတ်ပြန်အသိပေးသွားမည်ဖြစ်ပါသည်။

သင်တို့အား ကူညီပံ့ပိုးပေးနိုင်ရန် ရိုးမဘဏ်၏ ဝန်ထမ်းများကို ပံ့ပိုးကူညီလျက်ရှိပါသည်။

သင်တို့အား အချိန်မရွေး ကူညီပံ့ပိုးပေးနိုင်ရန်အတွက် ရိုးမဘဏ်ဝန်ထမ်းများမှ အသင့်ဖြစ်နေရန် အလွန်အ‌‌ရေးကြီးပါသည်။ သို့ဖြစ်၍ ရိုးမဘဏ်မှ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ် အားလုံး အနက် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးနှင့် လူနေမှုဘဝသာယာရေးသည် အရေးအကြီးဆုံး အခန်းကဏ္ဍ တစ်ရပ် ဖြစ်ပါသည်။ 

ရိုးမဘဏ် ဝန်ထမ်းများကို  ကူညီပံ့ပိုးမှုများမှာ

  • ဝန်ထမ်းများအားလုံးအား မကြာခဏ လက်ဆေးရန်၊ မျက်နှာအား လက်ဖြင့် ထိတွေ့ကိုင်တွယ်မှုကို ရှောင်ကြဉ်ရန်၊ လူစုလူဝေးများကို ရှောင်ကြဉ်ရန်၊ Social Distancing  အလေ့အထကို ကျင့်သုံးရန်၊ နေမကောင်းပါက နေအိမ်တွင်သာ နေရန် စသည့် အချက်များကို ထိရောက်စွာ လိုက်နာကျင့်သုံးရန် ညွှန်ကြားထားပါသည်။
  • နာမကျန်းဖြစ်သော မည်သည့်ဝန်ထမ်းကိုမဆို လစာပြည့်ဖြင့် နာမကျန်းခွင့် ယူစေပြီး လိုအပ်ပါက ဆေးကုသစရိတ်များကို ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
  • သင်နှင့် ရိုးမဘဏ်ဝန်ထမ်းများ နှစ်ဦီးနှစ်ဘက် ဘေးကင်းလုံခြုံမှုရှိစေရန် ရိုးမဘဏ်၌ လူစုလူဝေးဖြင့် ပြုလုပ်သော အခမ်းအနားများကို ယာယီရပ်ဆိုင်းထား၍ လူတွေ့အစည်းအဝေးများကို အနည်းဆုံး လျှော့ချထားပြီး ဗီဒီယို၊ဖုန်း စသည်တို့ဖြင့် အစည်းအဝေးပြုလုပ်သည့် နည်းပညာများကို ပံ့ပိုးပေးထားပါသည်။
  • ဘဏ်ခွဲပရဝဏ်အတွင်းရှိ လူအများထိတွေ့သော နေရာများကိုလည်း မကြာခဏ ပိုးသတ်ကာ သန့်ရှင်းရေး ပြုလုပ်ပေးလျက်ရှိပါသည်။
  • ကိုယ်ခံအားနည်း၍ လတ်တလော ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်နေသော ဝန်ထမ်းများကိုလည်း နေအိမ်မှသာ အလုပ်လုပ်စေပါသည်။
  • အရေးပေါ် ငွေကြေးလိုအပ်သော ဝန်ထမ်းများအတွက်လည်း ပံ့ပိုးမှုများ ပေးဆောင်ပါမည်။

အားလုံး အတူတကွ လက်တွဲ၍ ဤစိန်ခေါ်မှုများကို ကျော်လွှားကြမည်ဖြစ်ပါသည်။

ရိုးမ ဆိုသည်မှာ တောင်တန်းသဖွယ် အင်အားတောင့်တင်းမှု၊ အခြေခိုင်မြဲမှု နှင့် တည်ငြိမ်မှုတို့ ၏ သင်္ကေတ ဖြစ်သည်။ စိန်ခေါ်မှုများရှိနေသည့် ဤအချိန်ကာလအတွင်း ရိုးမဘဏ်သည် သင်တို့အား ကူညီပံ့ပိုးရန် အသင့်ရှိနေပါသည်။ ကျင့်ဝတ်မှန်ကန်ရိုးမဘဏ်ဟူသော ဆောင်ပုဒ်နှင့်အညီ သင်တို့နှင့်အတူ ရပ်တည်သွားမည် ဖြစ်ပြီး အနာဂတ်၏ မသေချာမရေရာသော အခြေအနေများတွင်လည်း သင်တို့ကို လက်တွဲကူညီဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါသည်။ ရိုးမဘဏ်သည် ပြောင်းလဲလာမည့် အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ပြီး အားလုံးနှင့် အတူ လက်တွဲဆောင်ရွက်ရန် အလေးထားပါသည်။ သင်တို့၏ ဘဏ္ဍာရေးဆိုင်ရာလိုအပ်ချက်များကို ရိုးမဘဏ်နှင့် အချိန်မရွေး ဆက်သွယ်ဆွေးနွေးနိုင်ပါသည်။ 

လေးစားစွာဖြင့်

ရိုးမဘဏ် စီမံခန့်ခွဲမှုအဖွဲ့

Share this news on

Other Related News

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်မှ SISU အစီအစဉ်၏ Supporting Partner အဖြစ် ပါဝင်၍ လူငယ်များ၏ လုပ်ငန်းခွင်အတွက် လိုအပ်သည့် အသိပညာနှင့် ကျွမ်းကျင်မှုများ ဖွံ့ဖြိုးစေရန် Vocational Training Program ကို ပို့ချပေးခဲ့

ရိုးမဘဏ်အနေဖြင့် မြန်မာနိုင်ငံရှိ လူငယ်များ၏ အရည်အချင်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လုပ်ငန်းခွင်တွင် လိုအပ်သည့် အသိပညာ နှင့် ကျွမ်းကျင်မှုများ ရရှိစေရန် ပံ့ပိုးပေးလျက်ရှိသည့် Step-in Step-up (SISU) အစီအစဉ်၏ Supporting Partner တစ်ဦးအဖြစ် ပါဝင်ခဲ့ပါသည်။