မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နှင့် Start-up လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေမည့် ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဉ် စတင်မိတ်ဆက်

News & Activities > သတင်းများ

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နှင့် Start-up လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေမည့် ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဉ် စတင်မိတ်ဆက်

News & Activities > သတင်းများ

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) နှင့် Start-up လုပ်ငန်းများအတွက် အခွင့်အလမ်းကောင်းများ ရရှိစေမည့် ရိုးမဘဏ်၏ “Grow Together BizPitch” အစီအစဉ် စတင်မိတ်ဆက်

3 October 2023သတင်းများ

နိုင်ငံတွင်းရှိ MSME များနှင့် Start-up လုပ်ငန်းများ တိုးတက်အောင်မြင်စေရန် ကူညီပံ့ပိုးပေးခြင်းသာမက စီပွားရေးအကြံဉာဏ်များနှင့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။

အောက်တိုဘာ ၃၊ ၂၀၂၃၊ ရန်ကုန်။ ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေဖြင့် MSME နှင့် Start-up လုပ်ငန်းများအတွက် “Grow Together BizPitch” အစီအစဥ်ကို စတင်ဆောင်ရွက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပါသည်။ အဆိုပါ အစီအစဉ်သည် ပြည်တွင်းရှိ MSME နှင့် Start-up လုပ်ငန်းများကို လက်တွဲမြှင့်တင်ရန်၊ ထောက်ပံ့ကူညီပေးရန်နှင့် စီးပွားရေးအခန်းကဏ္ဍကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုဖို့အတွက် ရည်ရွယ်သည့် ရိုးမဘဏ်၏ ကြိုးပမ်းဆောင်ရွက်မှုတစ်ခုဖြစ်ပါသည်။

ရိုးမဘဏ်၏ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  “Grow Together BizPitch” အစီအစဥ်တွင် စွန့်ဦးတီထွင်ကဏ္ဍနှင့် နယ်ပယ်အသီးသီးတွင် အောင်မြင်နေသော ပညာရှင်များမှ ပါဝင်ထားပြီး အစီအစဉ်တစ်လျှောက်တွင် လိုအပ်သော ပညာရပ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို သင်တန်းများ ပို့ချပေးမည်ဖြစ်သည်။ ရိုးမဘဏ်၏ သက်မှတ်ချက်နှင့် ပြည့်မီသော MSME များနှင့် Start-up လုပ်ငန်းများအနေဖြင့် အခမဲ့ ပါဝင်လျှောက်ထားနိုင်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၅) ရက်နေ့မှ နိုဝင်ဘာလ (၁၈) ရက်အတွင်း လျှောက်ထားနိုင်ပါသည်။ လိုအပ်သော အထောက်အထားများကို ဤလင့်ခ် https://yomabank.net/grow-together-bizpitch/ မှတစ်ဆင့် ပေးပို့လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

“ရိုးမဘဏ်ရဲ့ နှစ် (၃၀) ပြည့် ပုလဲရတု အထိမ်းအမှတ်အနေနဲ့ ဒီအစီအစဉ်ကို အကောင်အထည်ဖော် ဖြစ်ခဲ့တာအတွက် အထူးပဲဝမ်းမြောက်မိပါတယ်။ BizPitch အစီအစဉ်ကနေ တစ်ဆင့် အလားအလာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးပေးပြီး ခိုင်မာတဲ့ အခြေခံအုတ်မြစ်ကို အတူဖန်တီးပေးဖို့ရိုးမဘဏ်အနေနဲ့ စိတ်အားထက်သန်လျက်ရှိပါတယ်။ အနာဂတ်မှာလည်း ကျွန်မတို့ ရိုးမဘဏ်က MSME နဲ့ Start-up လုပ်ငန်းတွေ တိုးတက်လာမှုကနေ တစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်တဲ့ လူနေမှုဘဝနဲ့ အနာဂတ်တွေကို ပိုင်ဆိုင်စေဖို့ တစ်ဖက်တစ်လမ်းကနေ အစဉ်တစိုက် ကူညီထောက်ပံ့ပေးသွားမှာပါ” ဟု ရိုးမဘဏ်၏ Head of SME Banking ဖြစ်သူ မမေစန္ဒီသိန်းဇော် က ပြောကြားခဲ့ပါသည်။

“Grow Together BizPitch” အစီအစဥ်၏ သတ်မှတ်ကာလပြည့်ပြီးနောက် လက်ခံရရှိသည့် လျှောက်လွှာများကို ပရိုဂရမ်ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက စိစစ်သုံးသပ်မည်ဖြစ်ပြီး အရည်အချင်းပြည့်မီသော လုပ်ငန်းစုစုပေါင်း (၂၀၀) ကို ရွေးချယ်သွားမည်ဖြစ်ပါသည်။ ယင်း လုပ်ငန်းစုစုပေါင်း (၂၀၀) ထဲမှ ပရိုဂရမ် ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးအဖွဲ့ဝင်များက ဆန်ခါတင် လုပ်ငန်း (၃၀) ကို ထပ်မံရွေးချယ်သွားမည်ဖြစ်ပါသည်။ ယင်းဆန်ခါတင် လုပ်ငန်း (၃၀) ၏ တင်ပြချက်များနှင့် လုပ်ငန်းအဆိုပြုချက်များအပေါ် အခြေခံ၍ ပရိုဂရမ် ဒါရိုက်တာနှင့် စိစစ်ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များက နောက်ဆုံးဆု‌ရရှိမည့် လုပ်ငန်း (၄) ခုကို ထပ်မံရွေးချယ် သွားမည်ဖြစ်ပါသည်။ နောက်ဆုံးရွေးချယ်ခံရသူ လုပ်ငန်း (၄) ခုကို ရိုးမဘဏ်က လုပ်ငန်းတစ်ခုစီအတွက် လုပ်ငန်းရင်းနှီးမြှပ်နှံရန် ဆုကြေးငွေ ကျပ် သိန်း (၅၀၀) စီ ပေးအပ်သွားမည်ဖြစ်ပါသည်။ ရိုးမဘဏ်က လုပ်ငန်းအမျိုးအစားပေါ်မှုတည်၍ ဆုကြေးငွေသုံးစွဲမှုကို သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများအတိုင်း ပေးအပ်သွားမည်ဖြစ်ပါသည်။

“Grow Together BizPitch” အစီအစဥ်၏ ပရိုဂရမ်ဒါရိုက်တာဖြစ်သူ ဦးစိုးဟိန်းက “MSME နဲ့ Start-up တွေဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ဆောင်ပေးတဲ့ အခုလိုမျိုး အစီအစဉ်မျိုးကို ကြိုဆိုပါတယ်။ ကျွန်တော့်အနေနဲ့လည်း အစီအစဉ်တစ်လျှောက်မှာ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို ပေးသွားမှာဖြစ်ပါတယ်။ ပါဝင်တဲ့ လုပ်ငန်းတွေအနေနဲ့လည်း ဆုမရရှိခဲ့ရင်တောင် ရရှိခဲ့တဲ့ ဗဟုသုတတွေအပေါ် မူတည်ပြီး မိမိတို့လုပ်ငန်းအတွက် အကျိုးရှိရှိအသုံးချကြဖို့ တိုက်တွန်းလိုပါတယ်” ဟု  ပြောကြားခဲ့ပါသည်။

ယခု အစီအစဉ်တွင် MSME နှင့် Start-up လုပ်ငန်းများ ပိုမိုပါဝင်နိုင်ရန်၊ လုပ်ငန်းများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ စီးပွားရေး အခွင့်အလမ်းများ ပိုမိုအားကောင်းစေရန်၊ “Grow Together BizPitch” အစီအစဥ်အကြောင်း ပိုမိုသိရှိစေရန်၊ စီးပွားရေးအကြံဉာဏ်နှင့် အသိပညာပေးလုပ်ငန်းများ မျှဝေပေးရန်အတွက် ရိုးမဘဏ်နှင့် စီးပွားရေးအကြံပေးပညာရှင်များက ဤအစီအစဉ်တွင် ပါဝင်လျှောက်ထားနိုင်သော ကာလအတွင်း   ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် ပုသိမ်မြို့ကြီးများတွင် ဟောပြောပွဲများ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည့်အပြင် စိတ်ဝင်စားသူများပါ တက်ရောက်နိုင်ရန်အတွက် Online ဟောပြောပွဲများနှင့်ရေဒီယိုစကားဝိုင်းများကိုလည်းထည့်သွင်းပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

အဆိုပါ မြို့ကြီးများတွင် ဟောပြောပွဲများ ကျင်းပမည့် နေ့ရက်နှင့် အချိန်များကို Yoma Bank Limited ၏ တရားဝင် Facebook Page https://www.facebook.com/yomabank နှင့် Yoma Bank ၏ ဝက်ဘ်ဆိုက် https://yomabank.net/grow-together-bizpitch/  တို့တွင် ကြေညာသွားမည်ဖြစ်ပြီး “Grow Together BizPitch” အစီအစဥ်  အချက်အလက်တွေကိုလည်း ဖော်ပြပေးထားမည်ဖြစ်ပါသည်။

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ်ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်သော လူနေမှုဘဝနှင့် အနာဂတ်များကို ပိုင်ဆိုင်စေရန် တစ်ဖက်တစ်လမ်းမှ လူမှုအသိုင်းအဝိုင်းအကျိုးပြု လုပ်ငန်းအစီအစဉ်အမျိုးမျိုးကို အရှိန်အဟုန်မြှင့်တင် လုပ်ဆောင်ပေးလျက်ရှိသည်။ 

ရိုးမဘဏ်အကြောင်း

ရိုးမဘဏ်သည် နှစ်ပေါင်း (၃၀) ကြာ ကျင့်ဝတ်မှန်ကန်သော ဘဏ်တစ်ခုအဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံရှိ အတိုးတက်ဆုံး ပြည်တွင်း ပုဂ္ဂလိကဘဏ်များထဲမှ ဘဏ်တစ်ခုဖြစ်သည်။ ရိုးမဘဏ်၏ ဝန်ထမ်း၊ နည်းပညာနှင့် အုပ်ချုပ်မှုပုံစံများတွင် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများကြောင့် ရိုးမဘဏ်သည် ပြည်သူများအကြား ယုံကြည်စိတ်ချရသော နာမည်ဂုဏ်သတင်းကောင်း ရရှိလာပြီး ယင်းသည် လာမည့်အနာဂတ်တွင် ပြည်တွင်းပြည်ပ မိတ်ဖက်ပူးပေါင်းမှုများ လုပ်ဆောင်ရာတွင် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။ ရိုးမဘဏ်သည် ပြည်တွင်းဘဏ်များထဲတွင်  နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများဖြင့် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသော ပထမဦးဆုံး ပြည်တွင်းဘဏ် တစ်ခုဖြစ်သည်။ Greenwood Capital Private Limited, GIC  မိတ်ဖက် လုပ်ငန်းစုနှင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများအတွက် နော်ဝေနိုင်ငံ ရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့အစည်း ဖြစ်သည့် Norfund တို့သည် ရိုးမဘဏ်၏ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု အဖွဲ့အစည်းများအဖြစ် ပါဝင်ထားသည်။ အဆိုပါ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာ့ဘဏ္ဍာရေးကဏ္ဍတွင် ရိုးမဘဏ်၏ ရပ်တည်ချက် ခိုင်မာမှုနှင့် ရေရှည်တည်တံ့သော အရင်းအနှီးများ တိုးပွားလာစေရန် ကတိကဝတ်များကို သက်သေပြခဲ့သည်။

မီဒီယာများ ဆက်သွယ်ရန်

ရဲမင်းထွန်း

[email protected]

09 4250 27472

Share this news on